Jump to ratings and reviews
Rate this book

မိန်းမလှအမုန်း

Rate this book

509 pages, ebook

3 people are currently reading
13 people want to read

About the author

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
3 (37%)
4 stars
4 (50%)
3 stars
1 (12%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 - 2 of 2 reviews
Profile Image for Thinn.
158 reviews12 followers
March 13, 2024
မိန်းမလှအမုန်း _ ဝင်းဦး

ဝင်းဦးကွယ်လွန်ခြင်း အတွက်အမှတ်တရစာတွေကို ဖတ်ပြီးကတည်းက ဒီစာအုပ်ကို ဖတ်ဖို့ လျာ ထားတာ။ စစဖတ်ခြင်းတုန်းကတော့ တစ်နေ့ကို နည်းနည်းချင်းစီ ဖတ်ပေမဲ့ ဖတ်နေရင်း စိတ်မရှည်လို့ တထိုင်ထဲ အပြီးဖတ်ပလိုက်တယ်။ ဇာတ်လမ်းက ဝေ့နေတာ မပြီးတော့ဘူး။ 😵‍💫
၁၉၆၁ ကနေ ၁၉၇၀ အထိ စန္ဒာမဂ္ဂဇင်းမှာ လတိုင်း ဖော်ပြခဲ့တယ်လို့ စာအုပ်အဖွင့်မှာ ရေးထားတယ်။ အဲ့ခေတ်က လူတွေတော့ စိတ်ကို အတော်ဆွဲဆန့်ပြီး စောင့်ဖတ်ကြရပုံပဲ။

ဝင်းဦးက ပြီးတော့ အရမ်းထွင်တယ်။ သူ့ဇာတ်ကောင် ထွန်းနိုင်က မျက်လုံးအစိမ်းနဲ့။ ဇာတ်လမ်းလည်း ထွင်ထားလိုက်တာ တဆုံးပဲ။ ဝတ္ထုကိုဖတ်ရတာ Sherlock Holmes လိုလို၊ Indian Jones လိုလိုနဲ့။ ဇာတ်သိမ်းပိုင်း မဖတ်ခင်အထိတော့ မမနှင်း (မမမေဂျာ) က သူ့စိတ်အစွဲနဲ့ ထွန်းနိုင်အပေါ်ချုပ်ကိုင်နေတာ (ရိုင်းရိုင်းပြောရရင် လင်တရူးလိုက်တာ) လို့တောင် တွေးမိတယ်။ ဇာတ်သိမ်းဖတ်တော့လည်း အဲ့လိုနည်းနည်းခံစားရသေးတယ်။ ယောက်ျားတစ်ယောက်ကို ယူပြီး ပြုပြင်မယ်ဟဲ့ဆိုပြီး သူတော်ကောင်း ဘာလို့ လုပ်ချင်နေတာလဲ ဆိုတာ နားမလည်ဘူး။ မမနှင်းက ကယ်တင်ရှင်ရောဂါ ရနေတာလို့ပဲ ခံစားရတယ်။ ထွန်းနိုင်အပေါ် ချစ်တယ်လို့ မခံစားရဘူး။ ပိုင်စိုးပိုင်နင်းတွေလုပ်ပြီး ထွန်းနိုင်မိဘအပေါ်မှာပါ ချုပ်ကိုင်ထားတာ လို့ပဲ ခံစားရတယ်။ သနားစရာအကောင်းဆုံးကတော့ ‘ညို’ ပဲ။

ဝင်းဦးက သူ့ဇာတ်ကောင်ထွန်းနိုင်ကို ကောင်းပေ့၊ ညွန့်ပေ့ဖြစ်အောင် ဘယ်လောက်သရုပ်ဖော်ဖော် ဖတ်နေရင်းနဲ့ ထွန်းနိုင်နေရာမှာ ဝင်းဦးပဲ မြင်ယောင်မိတယ်။ ဇာတ်သိမ်းမှာ ထွန်းနိုင်ကို စိတ်ဝေဒနာသည်လုပ်ပြီး သိမ်းပလိုက်တာကြီးက တမျိုးပဲ။

ဇာတ်လမ်းက လူကိုဆွဲဆောင်မှုရှိပါတယ်။ ဘာဖြစ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရတာ။ ဒီဇာတ်လမ်းထဲမှာ ပါတာတွေက ဝင်းဦးက သူ့ဘဝတစိတ်တဒေသကို ဖဲ့ပြီး ရေးထားသလို ခံစားရတယ်။ ဇာတ်ကိုအထွေးတွေအများကြီး ထုံးပြီး ထည့်ထားပေမဲ့ အထုံးတိုင်းကို ဖြည်သွားပါတယ်။ ဝင်းဦးမို့လို့ ဒီလို ဇာတ်မျိုးရေးနိုင်တာလို့ တွေးမိတယ်။

“ကျွန်တော်ဟာ ဖြစ်ချင်တာလည်း မဖြစ်ရတဲ့ လောကတရားကို သိရှိ နားလည်သူတစ်ယောက်ဖြစ်ပါတယ်၊ ဖြစ်ပြီးတာတွေလည်း ပျက်ချင် ပျက်နိုင်တာကို နှလုံးအမြဲသွင်းခဲ့တဲ့သူတစ်ယောက်ပါ။ အဲဒါတောင်မှ လောကီထုပ္ပတ် ထွန်းနိုင်ဇာတ်မှာ အတိတ်နဲ့ပစ္စုပ္ပန်ဟာ ချိန်ခွင်လျှာ မှန်ကန်မှုမရှိဘဲ ဟိုယိမ်း သည်ပါ မရေမရာချည့် ဖြစ်ခဲ့တာကိုဖြင့် ယနေ့ထိ တနုံ့နုံ့ ဖြစ်နေမိပါတယ်။”

#မိန်းမလှအမုန်း #ဝတ္တုရှည် #ဝင်းဦး #မြန်မာစာအုပ် #readingwiththinn📚 #MiracleMarch
This entire review has been hidden because of spoilers.
Profile Image for Feenhafthanni.
23 reviews1 follower
December 6, 2022
'လူတွေမှာ ရေစက်ဆုံအောင် ဘယ်လိုပဲ လုပ်ကြ၊ လုပ်ကြ ဘဝက ကုသိုလ်ကံဆိုတာ ရှိပါသေးတယ်ဗျာ...'
.
စာအုပ်နာမည်ကအစ ဆွဲဆောင်မှုရှိပီး ဇာတ်အိမ်ကလည်း အတိတ်နဲ့ပစ္စုပ္ပန်ကို မြှုပ်ကွက်လေးတွေနဲ့ ပျိုးထားတာမလို့ ဖတ်ရင်းနဲ့ကို လက်ကမချချင်လောက်အောင်ပဲ.. ဖြစ်ရပ်မှန်လို့ဆိုထားပေမယ့်လည်း အဆုံးထိဖတ်ပီးတဲ့ခါ စိတ်ကူးယဥ်သာ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်..
သည်သံသရာ သည်ဘဝမှာပဲပြတ်ပါစေတော့..။
Displaying 1 - 2 of 2 reviews

Can't find what you're looking for?

Get help and learn more about the design.