၁၉၄၉ ခုနှစ် တောင်ကြီးမြို့တွင် အဖ ဦးတင်ဝင်းညို နှင့် အမိဒေါ်ခင်ဌေးဖြူတို့မှ မွေးဖွားခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ် (၂) မှဆရာဝန်ဘွဲ့ရရှိခဲ့သည်။
၁၉၇၉ ခုနှစ် ငွေတာရီမဂ္ဂဇင်းတွင် "ချစ်ကြိုးနှစ်စ" ဝတ္ထုတိုဖြင့်စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ပထမဆုံးဝတ္ထုရှည်မှာ "အသည်းပန်းမှာ ဆူးတွေနဲ့ရယ်"ဖြစ်ပြီး ဝတ္ထုတို ၄၀၀ ကျော်၊ အတွေးအမြင်နှင့် ကျန်းမာရေးဆောင်းပါး ၁၅၀ ကျော်နှင့် ဝတ္ထုရှည် ၂၆ အုပ်ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။