၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်တွင် အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ဇနီး- စာရေးဆရာမ ခင်ခင်ထူးနှင့်အတူ မန္တလေးမြို့တွင်နေထိုင်ရင်း စာပေများ ရေးသားပြုစုနေသည်။ ကလောင်အမည်ကွဲများမှာ ဝင်းဖွေး၊ အောင်မောင်း စသည်တို့ ဖြစ်သည်။