Jump to ratings and reviews
Rate this book

တမ်းတတတ်သည်

Rate this book

109 pages, Unknown Binding

First published January 1, 1961

3 people are currently reading
72 people want to read

About the author

ကြည်အေး

28 books101 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
15 (27%)
4 stars
19 (34%)
3 stars
17 (30%)
2 stars
3 (5%)
1 star
1 (1%)
Displaying 1 - 7 of 7 reviews
Profile Image for Thinn.
158 reviews12 followers
September 10, 2020
တမ်းတတတ်သည် (ကြည်အေး)

ဆရာမကြည်အေးရဲ့ စာတွေကို မောင်၊ကိုကို၊မြနန္ဒာကနေ စပြီးရင်းနှီးခဲ့ရတယ်။ ဆရာမစာတွေက တခြားစာတွေလို မဟုတ်ဘူး။ ဘယ်အချိန်ပြန်ဖတ်ဖတ် စဉ်းစားစရာ၊ ငေးမောစရာ၊ တွေးတောစရာတွေ အမြဲပေးတယ်။

တမ်းတတတ်သည်ကို ငယ်ငယ်တုန်းကတခါ ဖတ်ဖူးတယ်။ သူငယ်ချင်းတယောက်က ‘ခင်ဗျားဗျာ ဆရာမကြည်အေးက ဘယ်လောက်ခေတ်မှီလဲဆို ကောင်လေးကိုဆင်နဲ့တင်ပြီး ခိုးပြေးတာဗျ’ တဲ့။ ဟုတ်လည်း ဟုတ်တယ်။ ဒီစာအုပ်ထဲမှာ ကောင်မလေး (အထွေး) က ကောင်လေး (အပါ) ကို ခိုးပြေးတာ။ အလိုမတူ ခိုးတာမဟုတ်ဘူး။ မိဘသဘောမတူရှာလို့။

ကိုယ့်စိတ်ထဲမှာ အပါက နုလိုက်တာ။ အထွေးထက်ငယ်မှန်းသိပါတယ် ဒါပေမဲ့ အထွေးကပဲ လုပ်ပေးနေရတာ။ အထွေးခေါ်တော့ ကောက်ကောက်ပါအောင် လိုက်ရှာရဲ့။ ဒါပေမဲ့ အထွေးလောက် တောဒဏ် မခံနိုင်လို့ဖျားရ ရှာတယ်။ အပါက လောကကြီးအကြောင်းကိုလည်း အထွေးလောက် မကြေရှာဘူး။ သူများပြောသမျှ ယုံရှာတယ်။ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် အနေအထား မတူတာလဲ ပါပါလိမ့်မယ်။ စိတ်ထဲမှာ အထွေးဘက်ကနေ ပိုရေးစေချင်တယ်။ အထွေး ဘာတွေများ စဉ်းစားနေပါလိမ့်။

အပါဟာ ကိုယ့်အတွက်တော့ ချစ်ရုံပဲ ချစ်တတ်ပြီး ဘာမှမလုပ်တတ်တဲ့ မောင်ကလေးပဲ။ အပါက အထွေးကို
‘ချစ်ခြင်းမေတ္တာဆိုသည်မှာ အဆုံးအစရယ်လို့ မပြနိုင်ဘူး အထွေး။’
‘ချစ်ခြင်းမေတ္တာဆိုသည်မှာက သံသရာထက် ဇွဲကောင်းသည်။ စိတ်ရှည်သည်။ ကြာရှည်ခံသည်။’
‘ကိုယ်ကတော့ အထွေးအပေါ် မိုးသီး၊ မိုးပေါက်လို သွန်းဖျန်းသော်လည်း အထွေးမှာ မစိုစွတ်သည့် ကိုယ်၏ ချစ်ခြင်းမေတ္တာအကြောင်းကိုပင် စဉ်းစားအံ့ဩကာ တစ်ဘဝကုန်ဆုံးမည်ထင်သည်။’
လို့ တွင်တွင်ပြောပြီး ချစ်ရှာတယ်။ အပါ့အကြောင်းဖတ်ရင်းနဲ့ စိတ်ထဲမှာ Catcher in the Rye ထဲက Holden ကို သွားသွားသတိရမိတယ်။ တခါတခါမှာတော့ အပါဟာ Call Me by Your Name ထဲက Elio လေးလိုပဲ။ အလိုမကျတာတွေ များရှာတယ်။

အထွေးကတော့ ကိုယ့်အတွက်လေပွေပဲ။ တနေရာထဲမှာ မနေချင်ရှာဘူး။ နေလို့မရအောင် လုပ်နေတဲ့ အမှောက်ပရောဂတွေလဲ ပါတော့ပါရှာပါတယ်။ အထွေးဟာ ဘဝမှာ ဘယ်လောက် ဒဏ်ခံရပြီး ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရရှာတယ်မသိဘူး။ ကိုယ်ကတော့ အထွေးကို အားကျတယ်။ အထွေးလောက် သတ္တိတွေရှိချင်ပါရဲ့။
This entire review has been hidden because of spoilers.
Profile Image for Zawhtut.
56 reviews18 followers
August 14, 2016
လွတ်လပ်စွာနေတတ်သော ရှမ်းစော်ဘွားမြေး အထွေး။
အငိုလွယ်သော လူငယ်လေး က အထွေးကို စွဲစွဲလမ်းလမ်း ချစ်မိရာမှ ဖြစ်ပေါ်လာသောအချစ်ဇာတ်လမ်းနှင့်
အတူစွန့် စားချိန်လေးတစ်ခဏတာ။ လွတ်လပ်သောစိတ်သည် ရိုင်းသောစိတ် ဟုဆိုမည်လော ဟု မေးခွန်းထုတ်ချင်
စဖွယ်ပင်။ အထွေးကို လူရိုင်းမလေး ဟု သမုတ်မည်လော။ လူရိုင်းဆိုသည်မှာ လူ့ ပါတ်ဝန်းကျင်က ကျင်သော သူတို့ ကို
လူရိုင်းဟုခေါ်မည်လော။ ကချင်ပြည်နယ်တွင် ယခုအချိန်အထိ တောထဲတောင်ထဲတွင် အထွေးပမာ ကလေးမများ
အဘယ်မျှရှိနေသေးသနည်း။ လူယဉ်ကျေးဖြစ်လာအောင် ပြုစုပျိုးထောင်မှုသည် လွတ်လပ်ခွင့်ကိုပိတ်ပင်ခြင်း ရုံသာမက
လူယဉ်ကျေးမဟုတ်ပါက ပြစ်ဒဏ်ပေးခြင်းထိ ကျယ်ပြန့် လာနိုင်ကြောင်းကို အထွေးလေး ဖြင့် ဖေါ်ပြထားသော
ဝတ္တုတစ်ပုဒ်ဖြစ်သည်။
Profile Image for Thida.
264 reviews35 followers
December 6, 2019
Not my cup of tea. I cringed whenever I read about the teenage boy crying. I have no patience for such kind of weak characters.
1 review
January 17, 2025
Having a weak character doesn't define a book's quality. You need to go way down deeper when reading this book and you also shouldn't believe what the first person narrator says. I can say for sure that this book is one of the best art works of Kyi Aye.
Profile Image for Aye Aye.
54 reviews1 follower
December 29, 2016
အဝေးသို့ပျံပါချေ။ တွယ်ငြိချင်လျှင် နာကျင်တတ်သော ရုပ်ကိုမရှာလေနှင့်။ အာရုံကိုနားမလည်သည့် စိမ်းမြသော အကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။
RIP ဆရာမကြည်အေး

Can't find what you're looking for?

Get help and learn more about the design.