Jump to ratings and reviews
Rate this book

သျှောင်ပေစူး ဝတ္ထုတိုများ

Rate this book

Paperback

First published October 1, 2012

3 people are currently reading
48 people want to read

About the author

ခင်ခင်ထူး

19 books60 followers
၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
10 (50%)
4 stars
4 (20%)
3 stars
5 (25%)
2 stars
0 (0%)
1 star
1 (5%)
Displaying 1 - 3 of 3 reviews
Profile Image for Thinn.
158 reviews12 followers
April 11, 2023
အန်တီခင်ခင်ထူး ဝတ္ထုတိုတွေဖတ်ရတာ ပထမဦးဆုံး ဘာခံစားရလဲဆိုတော့ ချစ်ခြင်းမေတ္တာပဲ။ အန်တီခင်ခင်ထူးက သူ့နားမှာ ကြားရ၊ မြင်ရသမျှကို ချစ်ခင်နှစ်လိုဖွယ်ကောင်းအောင် ရေးတတ်လိုက်တာလို့တွေးမိတယ်။

‘ကိုသော်တာနှင့် သူ၏သစ်ပင်များ’ ထဲက ကိုသော်တာကိုဆို ဒီလောက်သစ်ပင်အမှားတွေ ပေးနေတာကို အပြစ်မတင်ဘဲ ချစ်စရာကောင်းနေအောင် ရေးထားလိုက်တာ ကိုသော်တာကို ကိုယ်ပါလိုက်ချစ်ရတယ်။ ‘ခုံတော်မောင်ဂျိုက်သိုး’ ထဲက ကိုဂျိုက်သိုးကြီး အမှုစီရင်ပေးတာ ပေါင်ချိန်ထက်တောင်သာပါ့။ သူအမှုစစ်တာတွေကို ဖတ်ရတာ ကိုယ်ကတော့ ရယ်နေရပေမဲ့ သူ့ရဲ့အိမ်သူမမဆွမ်းအုပ်ကိုတော့ သနားမိတယ်။

‘မေတ္တာ …. စာ’၊’ဆန်’၊’မီးသွေးလုံးများ’ ဖတ်တုန်းကတော့ ကိုယ့်မှာ လိုက်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ‘နတ်ကယ်ပေါက်’ နဲ့ ‘လက်ဆေးမိုး’ ဖတ်ရတုန်းကတော့ ကိုယ့်မှာ သနားရမလိုလို၊ ရယ်ရမလိုလိုနဲ့။

‘ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ’ နဲ့ ‘လူဝင်စား’ ကတော့ အန်တီခင်ခင်ထူးနဲ့ သူ့အမေကြားက ချစ်ခြင်းမေတ္တာကို ဖတ်ရတော့ ကြည်နူးရတယ်။

ဒီစာအုပ်ဖတ်တော့ ‘သာလီဖောင်း’ ဆိုတာ ‘တယ်လီဖုန်း’ ကိုခေါ်တာဖြစ်ပြီး ‘လောက်ကျား’ ဆိုတာ ‘မော်တော်ဆိုင်ကယ်’ ကို ခေါ်တာဖြစ်ကြောင်း ဖတ်ရတော့ ပြုံးရတယ်။ ဒါမျိုးတွေက အန်တီခင်ခင်ထူးက လွဲရင် တခြားဘယ်သူမှ မရေးနိုင်လောက်ဘူးထင်တာပဲ။ အညာအခေါ်အဝေါ်၊ အသုံးအနှုန်းတွေကို ရေးပြထားတော့ သင်ယူရတာပေါ့။

“ဟိုတုန်းကတော့ ငှက်သိုက်ကြီးလိုပါအေ … ကျီကျီကျာကျာနဲ့ ပိစိ ပိစိနဲ့ … ငှက်ကလေးတွေ သားကျလို့ …. နောက်တော့ အပျံသင်လို့ လေဟုန်စီးနိုင်ကြရော … ငှက်ကလေးတွေလည်း အသိုက်ကြီးက ခွါကြရော … အသိုက်ဟောင်းလောင်း ငှက်ဟောင်းလောင်း ကျန်ခဲ့သာပါပဲ”
This entire review has been hidden because of spoilers.
Profile Image for May.
25 reviews
March 8, 2022
Lovely story of how the young Burmese girls in the past changed their hairstyles as their ages change
Displaying 1 - 3 of 3 reviews

Can't find what you're looking for?

Get help and learn more about the design.