Blue Five17 reviewsFollowFollowSeptember 30, 2026ဒီဝထ္တုလေးက ကလေးမ ရဲ့ ရည်ညွှန်းဖတ်ခိုင်းခဲ့တဲ့ စာအုပ်လေးဆိုလဲမမှားပါဘူး။ အိမ်ထောင်ရေး ဇာတ်လမ်းကိုအခြေခံပြီး၊ မတူညီတဲ့ ဇရိုက် နှစ်ခုပေါင်းစပ် မိကြရာဝယ် မွန်းကျပ်လှတဲ့ တစ်ဖက်ကသာ နားလည်အလျေ့ာပေးမျိုသိပ် ထားရတဲ့ ခံစားချက်တွေ၊ တစ်ဖက်သူအပေါ် ချစ်လွန်းလို့ သူ့ရဲ့ စိတ်ကိုအလိုလိုက်ထားရင်း ကိုယ်ကသာ ကျိတ်မိတ်ခံစား နေရတဲ့ အိမ်သူ "ဝေဝေ" ဆိုတဲ့ကောင်မလေးအကြောင်းကို ရင်နှင့်ဖွယ် ရေးသားထားတာဖြစ်မယ်ထင်ပါရဲ့...အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် အချစ်တစ်ခုတည်းနဲ့မပြည့်စုံနိုင်သလို မုန်းလဲမမုန်းနိုင်လျက်နဲ့ ဆက်ပြီးကာ အောင့်ပြီးတည်းခံ နေရတာကနေ တဆင့် ကြေကွဲဖွယ်ရာ အဖြစ်သို့ရောက်ရှိနေကြရတာပါပဲလား...
Feenhafthanni23 reviewsFollowFollowDecember 6, 2022'စိတ်အဆင်းရဲဆုံးနေ့...။ဖေဖေ့ မျက်နှာကလေး မြင်ချင်လိုက်တာ...။ရင်သွေးလောင်းလေးရယ် ဝဋ်ကျွတ်သွားပြီ...။သြော်...ငါ့ဘဝ။အချစ်သည် နာကျင်လှပါတကား...။မမထားနှင့် ပူးကပ်ပြီး အိပ်လိုက်ရသည်။'.ဝေဝေ့ရဲ့ မွန်းကြပ်မှုတွေ စိတ်ပင်ပန်းမှုတွေကိုပါ ခံစားရပီး ဖတ်နေရင်း အသက်ရှူကြပ်လာရတဲ့ထိ လက်ရာမြောက်လှတယ်.. အသွင်မတူပဲ အိမ်သူဖြစ်လာရပီး မချစ်တတ်လို့ ကိုယ့်အတ္တကြောင့် အချစ်ခံရသူရဲ့ ပူပန်မှု မွန်းကြပ်မှုကိုပါ မမြင်တော့ဘူးထင်ပါရဲ့..
sushi36 reviews4 followersFollowFollowApril 19, 2022ဝေဝေ့ကို သိပ်သနားတာပဲဗျာ။ နားလည် မလည်နိုင်ဘူး၊ ဘာဖြစ်လို့ အဲ့လောက်ခန္တီပါရမီနဲ့ ပြည့်စုံနိုင်တာလဲဗျာ၊ သိပ်ချစ်လို့လား။