Jump to ratings and reviews
Rate this book

ကျွန်မပညာသည်

Rate this book
စာရေးဆရာမကြီး ကြည်အေး၏ စာပေအနုပညာလက်ရာများထဲတွင် တသီးတခြားဖြစ်နေသော လုံးချင်းဝတ္ထုတစ်ပုဒ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်သဘင် အငြိမ့်လောကရပ်ဝန်းမှ လှုပ်ရှားကပြ ဖြစ်ပျက်သွားကြသော မင်းသမီး၊ လူပြက်၊ တီးဝိုင်းဆရာ၊ ဇာတ်ပိုင်ရှင်တို့၏ ရုပ်ပုံလွှာ ကားချပ်ဖြစ်နေသောကြောင့်ဖြစ်သည်။

138 pages, Unknown Binding

Published August 1, 2003

4 people are currently reading
50 people want to read

About the author

ကြည်အေး

28 books101 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
21 (35%)
4 stars
22 (36%)
3 stars
14 (23%)
2 stars
2 (3%)
1 star
1 (1%)
Displaying 1 - 2 of 2 reviews
Profile Image for suu.
76 reviews10 followers
September 29, 2021
I'm literally sobbing rn

update: somebody please help me stop thinking about it
Profile Image for Thinn.
158 reviews12 followers
April 21, 2023
ဝတ္ထုတပုဒ်လုံး မြကြိုင်ခေါ်ရာနောက် လိုက်ရတာ ဖတ်ပြီးတော့ မောပြီး ကျန်ခဲ့တယ်။ မြကြိုင်က ကိုနန္ဒကိုချစ်ရင် ကိုယ့်မှာ လိုက်ချစ်ရ၊ မြကြိုင်က ကိုလှဘော်ကို ‘ကိုကို’ လို့ခေါ်တော့လည်း ကိုယ့်မှာ သူ့အတွက် ဝမ်းသာရ နဲ့။ မြကြိုင်ရဲ့ မှော်ပဲ။ သူ ‘က’ ရာကို လိုက်ပြီး လက်ခုပ်တီးရတာ။

မြကြိုင်ရဲ့အဖေ ကိုခန့်ကိုတော့ အသနားရဆုံးပဲ။ သူ့မှာ မိန်းမနဲ့တုန်းကလည်း မိန်းမနဲ့မို့၊ သမီးကျပြန်တော့လည်း သူ့အငြိမ့်မှာ အောင်မြင်တဲ့လူတွေချည်း ထားမယ်ဆိုပြီး အဖေကို ချစ်ပေမဲ့ အရာမသွင်းဘူးရယ်။ မိန်းမ မစိန်အောင်နဲ့တုန်းကလည်း လှည်းကျိုးထမ်းရတယ်မထင်ဘူး သူ့ကိုယ်သူ ပန့်သကူကောက်ရတယ်လို့ပဲ စိတ်ထဲမှတ်ထားပြီး ပျော်အောင်နေရရှာတယ်။ မစိန်အောင်က ကိုခန့်နဲ့ ယူပြီးတာတောင် တခြားလူတွေနဲ့ မကင်းဘူးရယ် 🫤 ကိုခန့်က တသက်လုံး မဒ္ဒီကိုင် ဘဝနဲ့အရိုးထုတ်သွားရမယ် ထင်ပါရဲ့။

မြကြိုင်ရဲ့ အနုပညာပိုးကလည်း မသေးဘူး။ အရမ်းချစ်ပါတယ်ဆိုတဲ့ ကိုနန္ဒနဲ့ သူ့အငြိမ့်နဲ့ကို လဲပလိုက်တာပဲ။ သူ့ကိုယ်ပိုင်အငြိမ့်ရဖို့အတွက် သူမုန်းလှပါချည်ရဲ့ဆိုတဲ့ သူ့အမေလို၊ မတင်လှိုင်လို ဘဝမျိုးရောက်သွားရတာပါပဲ။ အသက် ၂၆ နှစ်မှာ ကိုယ်ပိုင်အငြိမ့်ထောင်နိုင်အောင် ရင်းသင့်တယ် ထင်တဲ့ဟာတွေအကုန်ရင်း ပလိုက်တယ် ဆိုတဲ့သဘောပဲ။ သူတွက်ထားသလို ၂ နှစ်အတွင်းမဟုတ်ပေမဲ့ ၅ နှစ်အတွင်းတော့ ကိုယ်ပိုင်အငြိမ့်ထောင်နိုင်ခဲ့တာပါပဲ။

ဒီထဲမှာ အမြင်အကပ်ဆုံးကတော့ ကိုပွေလီပဲ။ နာမည်နဲ့လိုက်အောင် ပွေလီပါ့။ သူနဲ့မစိန်အောင်လည်း မကင်းခဲ့ဘဲနဲ့ကို မြကြိုင်က သူ့သမီးလေးများ ဖြစ်နေမလားလို့ တခါမှမတွေးမိဘူးလား မသိဘူး 😒 ဒီထဲမှာ အငြိမ့်လောကအကြောင်း တစေ့တစောင်း သိရတာပေါ့။

“သူမသည် စာချုပ် ချုပ်လိုက်ခြင်းအားဖြင့် အငြိမ့်ခုံပေါ် စွဲမြဲသော ခြေတစ်လှမ်း တက်လိုက်ခြင်းမှာ …. လောကအတွင်းသို့ ခြေတစ်လှမ်း နင်းလိုက်ခြင်း ဖြစ်သည်ဟု သတိရမိ၏။ အငြိမ့်ခုံဟာ …. လောကဇာတ်ခုံပဲ၊ ဘာထူးသေးလဲ၊ လောက၏ တန်ပြန်ရိပ်များ အငြိမ့်ခုံပေါ် လာဟပ်သည်ကို မိမိတို့ တကယ့် သဏ္ဌာန် ယူရခြင်းပင်။”


ဒီ application ထဲမှာ ပြန်ကြည့်တော့ ဒီစာအုပ်ကို ကိုယ်လွန်ခဲ့တဲ့ ၇ နှစ်က ဖတ်ခဲ့ဖူးတယ်ဆိုပဲ။ 😅
This entire review has been hidden because of spoilers.
Displaying 1 - 2 of 2 reviews

Can't find what you're looking for?

Get help and learn more about the design.