suu76 reviews10 followersFollowFollowSeptember 29, 2021I'm literally sobbing rnupdate: somebody please help me stop thinking about it
Runa4 reviewsFollowFollowJune 30, 2026မြကြိုင်ရဲ့မာနက သူ့ဘ၀အတွက်အရေးအကြီးဆုံးဖြစ်တာကိုကာကွယ်ချင်တာတစ်ခုပဲ၊ ကိုနန္ဒရဲ့မာန ကတော့ ဒီနေရာမှာတကိုယ်ကောင်းဆန်တယ်လို့မြင်မိတယ် ကခြင်းကို မသတီ၊ ကိုယ့်ချစ်သူကိုလည်း ကိုပွေလီဆီကမကာကွယ်တဲ့အပြင် မြကြိုင်ကိုတောင် အပြစ်ဖို့တည်းကမကြိုက်၊ ရှေးကျတဲ့အမြင်ရှိတယ်လို့ပဲမြင်တယ်။ဒီဇာတ်လမ်းမှာတော့ အဖေကိုသနားဆုံးပဲ၊သူ့ရဲ့ မလျော့သော ဇွဲကိုလည်းလေးစားမိတယ်။မြကြိုင်အတွေးတွေကဖတ်လို့ကောင်းတယ်၊ သဘောကျတယ်။ ကိုယ်သာ မြကြိုင်နေရာမှာဆို ဒီလမ်းပဲ လျှောက်မိမှာပဲ။This entire review has been hidden because of spoilers.
Thinn158 reviews12 followersFollowFollowApril 21, 2023ဝတ္ထုတပုဒ်လုံး မြကြိုင်ခေါ်ရာနောက် လိုက်ရတာ ဖတ်ပြီးတော့ မောပြီး ကျန်ခဲ့တယ်။ မြကြိုင်က ကိုနန္ဒကိုချစ်ရင် ကိုယ့်မှာ လိုက်ချစ်ရ၊ မြကြိုင်က ကိုလှဘော်ကို ‘ကိုကို’ လို့ခေါ်တော့လည်း ကိုယ့်မှာ သူ့အတွက် ဝမ်းသာရ နဲ့။ မြကြိုင်ရဲ့ မှော်ပဲ။ သူ ‘က’ ရာကို လိုက်ပြီး လက်ခုပ်တီးရတာ။ မြကြိုင်ရဲ့အဖေ ကိုခန့်ကိုတော့ အသနားရဆုံးပဲ။ သူ့မှာ မိန်းမနဲ့တုန်းကလည်း မိန်းမနဲ့မို့၊ သမီးကျပြန်တော့လည်း သူ့အငြိမ့်မှာ အောင်မြင်တဲ့လူတွေချည်း ထားမယ်ဆိုပြီး အဖေကို ချစ်ပေမဲ့ အရာမသွင်းဘူးရယ်။ မိန်းမ မစိန်အောင်နဲ့တုန်းကလည်း လှည်းကျိုးထမ်းရတယ်မထင်ဘူး သူ့ကိုယ်သူ ပန့်သကူကောက်ရတယ်လို့ပဲ စိတ်ထဲမှတ်ထားပြီး ပျော်အောင်နေရရှာတယ်။ မစိန်အောင်က ကိုခန့်နဲ့ ယူပြီးတာတောင် တခြားလူတွေနဲ့ မကင်းဘူးရယ် 🫤 ကိုခန့်က တသက်လုံး မဒ္ဒီကိုင် ဘဝနဲ့အရိုးထုတ်သွားရမယ် ထင်ပါရဲ့။ မြကြိုင်ရဲ့ အနုပညာပိုးကလည်း မသေးဘူး။ အရမ်းချစ်ပါတယ်ဆိုတဲ့ ကိုနန္ဒနဲ့ သူ့အငြိမ့်နဲ့ကို လဲပလိုက်တာပဲ။ သူ့ကိုယ်ပိုင်အငြိမ့်ရဖို့အတွက် သူမုန်းလှပါချည်ရဲ့ဆိုတဲ့ သူ့အမေလို၊ မတင်လှိုင်လို ဘဝမျိုးရောက်သွားရတာပါပဲ။ အသက် ၂၆ နှစ်မှာ ကိုယ်ပိုင်အငြိမ့်ထောင်နိုင်အောင် ရင်းသင့်တယ် ထင်တဲ့ဟာတွေအကုန်ရင်း ပလိုက်တယ် ဆိုတဲ့သဘောပဲ။ သူတွက်ထားသလို ၂ နှစ်အတွင်းမဟုတ်ပေမဲ့ ၅ နှစ်အတွင်းတော့ ကိုယ်ပိုင်အငြိမ့်ထောင်နိုင်ခဲ့တာပါပဲ။ ဒီထဲမှာ အမြင်အကပ်ဆုံးကတော့ ကိုပွေလီပဲ။ နာမည်နဲ့လိုက်အောင် ပွေလီပါ့။ သူနဲ့မစိန်အောင်လည်း မကင်းခဲ့ဘဲနဲ့ကို မြကြိုင်က သူ့သမီးလေးများ ဖြစ်နေမလားလို့ တခါမှမတွေးမိဘူးလား မသိဘူး 😒 ဒီထဲမှာ အငြိမ့်လောကအကြောင်း တစေ့တစောင်း သိရတာပေါ့။ “သူမသည် စာချုပ် ချုပ်လိုက်ခြင်းအားဖြင့် အငြိမ့်ခုံပေါ် စွဲမြဲသော ခြေတစ်လှမ်း တက်လိုက်ခြင်းမှာ …. လောကအတွင်းသို့ ခြေတစ်လှမ်း နင်းလိုက်ခြင်း ဖြစ်သည်ဟု သတိရမိ၏။ အငြိမ့်ခုံဟာ …. လောကဇာတ်ခုံပဲ၊ ဘာထူးသေးလဲ၊ လောက၏ တန်ပြန်ရိပ်များ အငြိမ့်ခုံပေါ် လာဟပ်သည်ကို မိမိတို့ တကယ့် သဏ္ဌာန် ယူရခြင်းပင်။” ဒီ application ထဲမှာ ပြန်ကြည့်တော့ ဒီစာအုပ်ကို ကိုယ်လွန်ခဲ့တဲ့ ၇ နှစ်က ဖတ်ခဲ့ဖူးတယ်ဆိုပဲ။ 😅This entire review has been hidden because of spoilers.