Jump to ratings and reviews
Rate this book

မီ

Rate this book
မီ ဝတ္ထုမှာ မြန်မာစာရေးဆရာမ ကြည်အေး ရေးသားသည့် မဂ္ဂဇင်းဝတ္ထုရှည် တစ်ပုဒ်ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လထုတ် ရှုမဝ မဂ္ဂဇင်း တွင် ဖော်ပြပါရှိသည်။ ကိုလိုနီခေတ် ရှေးရိုးစွဲဗမာ့လူ့အသိုက်အ၀န်းကြားတွင် ရဲတင်းသော၊ အများအမြင်ကို ထီမထင်တတ်သော၊ လှပချောမွေ့သော 'မီ' ဟူသည့် အမျိုးသမီးတစ်ဦး၏အကြောင်းကို မီကဲ့သို့ပင် တစ်ချိန်တည်းတွင် နူးညံ့၍ မာလည်းမာကျောသော ရေးဖွဲ့ဟန်ဖြင့် စာရေးသူက ဖော်ကျူးထားသည်။

၁၉၄၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် အဆုံးသတ်သွားသည့် တွက်ဆချက် (Dead Reckoning) အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မှီးရေးကြောင်း အမှာစာရေးသူ ဒဂုန်တာရာ က ဆိုသည်။ အမှန်စင်စစ် ဇာတ်ကားအား မှီးခြင်းထက် ဇာတ်ကောင် လိဇဘတ် စကော့ (Lizabeth Scott) ၏ စရိုက်ကို မှီးသည်ဟု ဆိုနိုင်သည်။ ထူးခြားချက်အနေဖြင့် မဂ္ဂဇင်းဝတ္ထုများတွင် အမှာစာရေးသည့်ကိစ္စမှာ ဤဝတ္ထုက ပထမဆုံးဖြစ်သည်။

70 pages, Paperback

First published June 1, 1948

24 people are currently reading
268 people want to read

About the author

ကြည်အေး

28 books97 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
43 (25%)
4 stars
58 (34%)
3 stars
49 (29%)
2 stars
11 (6%)
1 star
7 (4%)
Displaying 1 - 11 of 11 reviews
Profile Image for Koont.
26 reviews6 followers
March 29, 2015
I could see the Kyi Aye's style very clearly and vividly in the book. I think the character of Mi is really complicated and surrealistic. Compared with the other works of hers such as " Soe and Khine" , " Maw Hlya Eain Pyan" and " Maung, Ko Ko and Mya Nandar" , this is my least favourite. I didn't like the plot, to be honest. I would love to talk with a friend. May be I missed what she was trying to deliver.
Profile Image for Su Mon  Myo.
54 reviews8 followers
July 6, 2020
This is my first book from this author and I am intrigued by her writing. It was a short novel that you can finish in one sitting. The plot line was a touch & go and written from a guy’s perspective. I would like to see more from the main character Mi’s perspective as well. Why she did, what she did, and her history. The author left us hanging there and we ourselves are to interpret as we want.
Profile Image for Hope.
28 reviews3 followers
November 14, 2018
It’s an easy and short read, almost like an essay. I’ve finished this book in less than 2 hours.
Kyi Aye, being one of my favourites, has no doubt created a character and plots in a way that pulled me in.

Partly, it made me see the world in the eyes of Mi, and partly, I could feel the pain in Thaw Swe.

Overall, it was a nice read.
Yes, I am now ready to watch the movie!
Profile Image for Thinn.
158 reviews12 followers
November 24, 2023
မီ _ ကြည်အေး

အဖိုးဒဂုန်တာရာရဲ့ အမှာစာအရှည်ကြီး ဖတ်ရတယ်။ သူမီ့ကိုအတော်ကြိုက်ပုံရတယ်။ မီဝတ္ထုကိုရော၊ ဆရာမကြည်အေးကိုရော ချီးကျူးထားတယ်။ သူ ‘မေ’ရေးပြီးတဲ့နောက် သူ့လိုလိုက်ရေးပြီး ကိုယ်ပိုင်ဟန်တွေကို မတွေ့ရလို့ စိတ်ညစ်နေရတဲ့အချိန် ‘မီ’က သူ့အတွက် အသက်ကယ်ဆေးလို ဖြစ်သွားပုံပေါ်တယ်။ အမှာစာထဲမှာ အရောင်တွေကို အမြဲအဆန်းရေးတတ်တဲ့ အဖိုးတစ်ယောက် ‘ဝတ်ဒစ္စနေ၏ အပြာ’ လို့ရေးလိုက်မိလို့ သူ့ခမျာ ရှင်းရပုံ၊ ကလိခံရပုံကိုလည်း ရေးထားတယ်။ အဲ့ခေတ်အခါက google အလွယ်တကူခေါက်လို့ မရလို့လည်းပါပါတယ် 😄 ‘မီ’ က (Dead Reckoning) ဆိုတဲ့ရုပ်ရှင်ကို မှီငြမ်းထားတာတဲ့။

စာဖတ်တော့ ကိုယ့်စိတ်ထဲမှာ မီက စိတ်ဝေဒနာတစ်ခုခုဖြစ်နေတဲ့လူလို့ ခံစားရတယ်။ Multiple personalities disorder များ ဖြစ်နေတာလားလို့ အောက်မေ့တာပဲ။ ဒါမှမဟုတ် သူ့ဟာသူ နေချင်သလိုနေတာကို ယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ကိုနားလည်အောင် ကြိုးစားနေတာလားမှ မသိတာ။ စာအုပ်ထဲမှာက မီ့ အနေနဲ့ မဟုတ်ဘဲ မောင်ကိုလေးဘက်ကပဲဖြစ်ဖြစ်၊ ဦးသော်ဆွေဘက်ကဲဖြစ်ဖြစ်၊ ရွှေဓားမြောင်ဘက်ကပဲဖြစ်ဖြစ် ရေးထားလို့လေ။ ဦးသော်ဆွေအမြင်နဲ့ ရေးထားတာ ပိုများပါတယ်။

သူ့ဘဝသူ စိတ်ကြိုက်နေနေတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝကို အချစ်နဲ့ ပြုပြင်ဖန်တီးမယ်ဆိုပြီး သူတို့ဖာသာစိတ်ကူးယဉ်ပြီး လုပ်ချင်ရာလုပ်တဲ့ ယောက်ျားတွေကို သရော်ထားတာနဲ့တောင်တူတယ်။ မီက သေတဲ့အထိ ဦးသော်ဆွေကိုရော၊ စာဖတ်သူကိုပါ မေးခွန်းပေါင်း တစ်သိန်းလောက်နဲ့ထားခဲ့တယ်။ မကြိုက်တာ တစ်ခုက ဇာတ်သိမ်းခါနီးမှာ မီ့ကို redemption ပေးလိုက်တာ မကြိုက်ဘူး။ ဘဝကို လေလွင့်ပေတေနေတဲ့လူက ဒီလောက်လွယ်လွယ်နဲ့ လိမ္မာပြီး ‘ဟုတ်ကဲ့ ကိုကို’ ဆိုပြီး ဖြစ်မသွားဘူးထင်တာပဲ။ ပြီးတော့ ဦးသော်ဆွေက မီ့ကို လက်ထပ်လိုက်ရင် လူတွေဘာပြောမယ်ဆိုတာ သိရဲ့သားနဲ့ ယူပြီးမှ လူတွေက ဘာဖြစ်၊ ညာဖြစ်နဲ့ ရန်လိုလိုက်တာ 😐

“‘မီ’ ကိုဖတ်လျှင် စေ့စေ့စပ်စပ် ဖတ်စေချင်၏။ ဒါမှ ကြည်အေး၏ အလှ၊ အနုကို အရသာတွေ့နိုင်၏။
ဖတ်ရင်း စာကို စွဲလာသလား၊ ပုံပန်းသဏ္ဌာန်ကို မြင်လာသလား၊ ရင်ထဲက လှုပ်ရှားလာမလား။ ‘မီ’ ၏ ရုပ်ပုံလွှာကို တွေ့ရမလား၊ အသံကို ကြားလာရမလား၊ မီ၏ဘဝကို တွေးပြီး နေရစ်မလား ကြည်အေးဖန်ဆင်းကာ ခေါ်ဆောင်လိုက်သော ‘မီ’ တိုင်းပြည်ကို သင်ရောက်သွားလေသလား။ (ဒဂုန်တာရာ)”

#မီ #ကြည်အေး #20BOOKSBYBURMESEWOMEN #boringnovember #burmesebookreview
Profile Image for Thida.
264 reviews34 followers
May 27, 2017
I want to know more about about Mi. I was confused most of the times when I was reading the book because I don't know whether she was lying or telling the truth.
Profile Image for Clyde.
6 reviews1 follower
December 31, 2024
မီ ကိုဖတ်ပြီးတော့ Albert Camus ရဲ့ The Outsider ထဲက ဇာတ်ကောင်ကို သွားသတိရမိတယ်။ (Midlife crisis ဘာညာဆိုပြီးတော့တော့ label မတပ်ချင်ဘူး) ကျနော်စိတ်ထဲခံစားမိတာက မီဝတ္ထုထဲက မီရော၊ The Outsider ထဲက ဇာတ်ကောင် Meursault ရောဟာ ဘဝကို ဘာအဓိပ္ပာယ်မှမရှိတော့သယောင်နေထိုင်ကြတယ်။ ဖြစ်သလိုနေထိုင်ကြတယ်။ နေချင်သလိုနေလိုက်ကြတယ်။ နောက်ပြီး လူတယောက်ကိုလဲ သက်သက်သာသာနဲ့ သတ်နိုင်ကြတယ်။ ပြီးတဲ့အခါမှာ ဘာမှမခံစားရသလိုနေနိုင်ကြတယ်။ ဒါတွေဟာ သူတို့ဇာတ်ကောင်နှစ်ခုရဲ့ တူညီတဲ့အချက်တွေပဲ။ အဲ့ထက်ပိုသွားတာက မီဝတ္ထုရဲ့ မီဟာ သူနေချင်သလိုနေ၊ ဆိုးချင်သလိုဆိုးလာခဲ့ပေမဲ့ တချိန်ချိန်ကျတော့ သူ့အပေါ်ကျလာတဲ့ အလင်းရောင်လေးတခုကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ အဲ့အတွက်ကြောင့်ပဲ တချိန်ကသေရမှာမမှုခဲ့တဲ့ မီဟာ ဒီအချိန်မှာ တုန်လှုပ်သလိုရှိလာတယ်။
"နှမြောမယ်ဆိုရင်တော့ နှမြောစရာပေါ့ ကိုဆွေနော်။ ခုမီဟာ ပျော်နေတုန်းအချိန်ကိုး။ ဒါပေမဲ့ ပျော်တုန်းပဲ သေချင်ပါတယ်။ ပျော်တုန်း သေရတာဟာ အနိုင်နဲ့ပိုင်းလိုက်တာပေါ့နော်"
ဒီစာကြောင်းကိုကြည့်ရင် သိနိုင်ပါတယ်။
တချိန်တည်းမှာပဲ သူဖြစ်သလိုနေခဲ့တဲ့ ဘဝကိုနောင်တရတဲ့အငွေ့အသက်လဲ ပါလာတယ်။
"နောင်တဆိုတာဟာ လူမိုက်များရဲ့ နောက်ဆုံးခိုလှုံရာပဲ"
ကျနော့်အမြင်အရဆိုရင် မီဟာ သိပ်မကြာခင်သေရတော့မယ်ဆိုတဲ့အတွေးနဲ့ အရာအားလုံးကို ဖြစ်ချင်သလိုဖြစ်ဆိုပြီး နေသွားခဲ့တယ်။ အဲ့ထက်ပိုခံစားမိတာက အဲ့လိုမျိုး အချိန်သိပ်မရှိတော့ဘူးဆိုတာကို သိတဲ့မီဟာ အရာအားလုံးကို detached ဖြစ်သွားတာပါပဲ။ နောက်ပြီး "ငါသာ မီလိုမျိုး သေရတော့မှာသိနေတဲ့အခါ ကျန်သေးတဲ့အချိန်တွေကို ဘယ်လိုကုန်ဆုံးသွားမလဲ" ဆိုတဲ့အတွေးမျိုး ရစေတယ်။ ဘယ်လိုပဲပြောပြော မီဟာ သနားစရာမိန်းကလေးတယောက်ပါပဲ။
Profile Image for Caesar Min.
101 reviews55 followers
May 22, 2020
မီ မီ မီ...မီလိုမိန်းမမျိုး အပြင်လောကတွင်များစွာရှိနိုင်သည်။ ဘဝကိုကျားနာခဲ ခဲ၍၊ မြင်မြင်ရာကို သို့မဟုတ် လောကကြီးကို အရွဲ့တိုက်ချင်သောမိန်းမမျိုးသည် မီဖြစ်သည်။ ကြည်အေးသည် မီအကြောင်းကိုပြောရာတွင် မီနေရာမှနေ၍လုံးဝမပြောခိုင်း၊ ထိုအချက်က မီအကြောင်းကိုလေ့လာရာတွင် ပေါ့ပျက်ပျက်နိုင်စေသည်။ မီသည် မိန်းမကောင်းမဟုတ်သလို မိန်းမပျက်လည်းမဟုတ်။ မီတွင်သင်ယူစရာတွေများစွာရှိနိုင်သည် - တကယ်လို့မီရဲ့ကိုယ်ပိုင်အတွေးအခေါ်များကိုသာ (မီနေရာကနေမီကိုယ်တိုင်ကပြောတာကိုပါ) ကြည်အေးဖော်ပြခဲ့ရင်ပေါ့။ ယခုမူ မီကိုယောက်ျားတွေ၏ရှု့ထောင့်မှသာ သိခွင့်ရသည်။ အောက်ကစာသားအချို့ကိုကြည့်လျှင်သိနိုင်သည်။ အကယ်၍ မီကိုယ်တိုင်ကသာပြောပါက ဤဇတ်လမ်းသည်ပိုကြွတက်လာစရာရှိ၏။

"မီသည် ဗုဒွဘာသာလိုလို၊ ခရစ်ယန်လိုလိုနှင့် ဘာကိုမှမကြည်ညိုဘဲ သူကိုယ်တိုင်သာ သူ၏ဘုရားဖြစ်ခဲ့ရာ ယခုမှာမူ ကျနော့်အလိုလိုက်ကာ ဘုရား၊တရားရှစ်ခိုးသည်။ သုတ်များ၊ ပရိတ်များ ကျက်သည်။"

"မီဟာ လှလွန်းတယ်။ ပြီးတော့ ရဲတယ်၊ ၊ ရက်ရောတယ်။ ဒီတော့ ကျုပ်ဟာ အနိုင်ခံရတာပေါ့။ ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို ပိုင်လိုက်ရရင် နိုင်လိုက်ပြီထင်ကြတာပဲ။ မီနဲ့ဆိုရင်တေ��့ မီ့ကို ပိုင်လိုက်ရင် မီ့အနိုင်သာ ခံပေတော့။"
Profile Image for May.
25 reviews
January 24, 2022
At the beginning until reaching half, I was thinking not very interesting, it's not kind of the story I like.

But left with many thoughts once finishing.. Why မီ is reacting like this.. what did she really go through in life?

Despite everything, he keeps supporting her until the last moment, having feelings for her and trusting her, being strong to go through the society and be there for each other....

မိုးစက် လေးတွေတောင် ထိုင်ကြည့်ပြီး ကြည်နူးကြရတယ်တဲ့.. what really matters in life? Following after the materials or appreciating the moments like this?

နေမကာင်းတဲ့ အချိန်မှာ ဘုရားစာ လေးရွတ် ပေးသွားတဲ့ image... my last breath မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လဲအဲလိုလေးဘေးမှာရှိခဲ့ရင်..
Profile Image for Wai Yan Tun.
39 reviews6 followers
February 3, 2021
မီ is a classic femme fatale story about the character မီ who utilizes her extraordinary beauty to lead men to ruin. Despite being told from the perspective of a former soldier, who had no relations whatsoever with မီ at the start of the story, the main character felt drawn to her from listening to all the tales of love, sexuality, defeat and despair, told by a buddy from the army, who himself is မီ's lover. This inexplicable connection forces the main character to seek out မီ after being discharged from the army and despite being confident and even downright haughty about his own prudence on her advances, the main character succeeds only in becoming another insect imprisoned by မီ's web of lies.

I'll be honest with you, I wasn't a fan of the story. Most readers have put Kyi Aye's name on a pedestal when it came to Burmese literature. Even the writer who wrote the foreword went so far as to say that if anyone has the in-born talent to write fiction, it's her. I found the characters except for မီ extremely one dimensional. The main character is your typical Burmese self-righteous soldier who has a tint of manliness and chivalry in him, that he would go through any death battle for မီ's sake, even though he explicitly knew from the fate of his friend, that he is doing nothing but jumping into the abyss all over again. မီ was a refreshingly, complex character with a mysterious past, similar to the protagonist of her previous work "နွမ်းလျအိမ်ပြန်", a nihilist, and a Nietzschean intellectual, with an axe to grind against the world because of the injustice that she had seen since her childhood. However as a result of her complexity, the rest of the cast falls flat as a character. The protagonist couldn't have been more one dimensional. Since we spend the bulk of our time in his shoes, his questionable decisions made it a drag to read through. I enjoyed "နွမ်းလျအိမ်ပြန်" a lot more as we as readers get to have the perspective of the infinitely cerebral and elaborate female characters that she's so good at writing.

It's safe to say that I will be taking a long break from her writing for a while. I can understand the appeal of other readers to her writing but it seems that it's just not for me.
Profile Image for riley ♡.
221 reviews13 followers
June 15, 2024
This is my second time reading this book. The first time was when I was in middle school, and I wasn't able to think far beyond the text then.

Sayama Kyi Aye's writing style wakens something inside my brain. She made me question morals in a twistedly immoral way. I felt like I understood the character Mi but not in the same way the narrator did for her. It was quite short, but I was absorbed by every word the author fed me. Can't wait to read more of her books!
Profile Image for Thin San.
93 reviews57 followers
April 19, 2016
Is Mee a heartless girl? Complicated daring soul! I would never understand someone like her. But she is pretty pitiful and lucky that there's always someone who takes care of her. The sad point is that they all ended in terrible and suicidal situations. Can one blame her? I am not sure. This book, somehow can draw the attentions of reader. Not so bad and not so good. :)
Displaying 1 - 11 of 11 reviews

Can't find what you're looking for?

Get help and learn more about the design.