Jump to ratings and reviews
Rate this book

နွမ်းလျအိမ်ပြန်

Rate this book
ဤစာအုပ်သည် ဆရာမကြီး ကြည်အေး၏ ထင်ရှားသော ဝတ္ထုဖြစ်သည်။ ဝတ္ထုရေးသည့် ခေတ်ပြိုင် ပတ်ဝန်းကျင်ကို ဂရုမမူဘဲ ပုဂ္ဂလိက ခံစားမှုတွင် အာရုံပြု ရေးဖွဲ့သောကြောင့် မြန်မာစာပေတွင် အစောဆုံးနှင့် အထင်ရှားဆုံး အိတ်ဇစ်စတင်ရှယ်လစ် တစ်ဦးဟု မလိခက ဝိသေသပြု၏။
ချမ်းမြေ့သာယာမှု ကင်းမဲ့နေသော အိမ်ထောင်စုအတွင်း ကြီးပြင်းခဲ့ရသူ မိန်းကလေးတစ်ယောက်၏ မေတ္တာ ငတ်၍ မေတ္တာကို အာသာငမ်းငမ်း ဖြစ်ပုံ၊ မိခင်၊ ဖခင်နှင့် အဒေါ်တို့၏ ရန်ဖြစ်သံ၊ ဆူပူသံများမှ လွတ်မြောက်ရာ ရှာဖွေပုံ၊ နောက်ဆုံး ထွက်ပေါက်ရှာမတွေ့ဘဲ တဝဲလည်လည် ဖြစ်ပုံတို့ကို `တင်မေ´ အမည်ရှိ အမျိုးသမီးအား ဇာတ်ဆောင်ထားကာ ရေးဖွဲ့ထားသည်။
၁၉၅၃ ခု၊ ဇန်န၀ါရီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် ပထမဆုံးပုံနှိပ်ဖော်ပြခံခဲ့ရပြီး ၁၉၆၄ ခုနှစ်တွင် 'ဖုန်းသက်တိုင်' နှင့်တွဲ၍ ငြိမ်းစာစဥ်မှ ပထမအကြိမ် ထုတ်၀ေခဲ့သည်။

73 pages, Paperback

First published January 1, 1964

10 people are currently reading
86 people want to read

About the author

ကြည်အေး

28 books101 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
54 (48%)
4 stars
36 (32%)
3 stars
20 (17%)
2 stars
2 (1%)
1 star
0 (0%)
Displaying 1 - 19 of 19 reviews
Profile Image for Thida.
264 reviews35 followers
January 9, 2018
This is a quick read but it's a bit suffocating for me. I can't believe the author wrote this when she was 15.
Profile Image for Poe.
2 reviews1 follower
November 17, 2016
My personal favorite from Kyi Aye. The idea and plot of the author is surprisingly differ from her time, when realism flourished. Among her books, this is the first, written at a tender age of 15 ,and yet most abstract and thought-provoking one of all.
27 reviews1 follower
December 12, 2020
ဒါကတော့ ကျွန်တော်ဖတ်ဖူးတဲ့ ဒုတိယမြောက် ကြည်အေး​ရဲ့ စာအုပ်။ ပထမဆုံးဖတ်ဖူးတဲ့ စာအုပ်ကတော့ ဖုန်းသက်တိုင်။ အခုစာအုပ်က စာမျက်နှာဘယ်လောက်မှတော့မများပေမဲ့ တော်တော်ကြာကြာဖတ်လိုက်ရတယ်။ လူကအစထဲက သိပ်ပြီးအခြေနေကောင်းနေတာမဟုတ်ဘူး။ သူ့စာအုပ်တွေဖတ်လိုက်တိုင်း၊ မပြီးခင်မှာတင် စိတ်လေထွက်သွားတယ်။ ဖတ်ရတာ စိတ်ပင်ပန်းလွန်းအားကြီးတယ်။ စိတ်အေးသွားမှ အဆုံးထိဖတ်လိုက်တော့လည်း အော်ဒါကလူ့ဘဝပါပဲဆိုပြီး စိတ်ပြန်လျှော့လိုက်ရတယ်။ သူ့စာအုပ်တွေထဲကလို အပြင်မှာတကယ်ဖြစ်ရင်တောင်အဲဒီလောက်ဆိုးချင်မှဆိုးမှာ။ စာအုပ်ထဲမှာ ရေးပြထားတာက ပြင်းထန်လွန်းပါတယ်။

ဒီနွမ်းလျအိမ်ပြန်စာအုပ်က အရင်နှစ်လလောက်ကတည်း ရေးချင်နေခဲ့တဲ့ ကျွန်တော်နှင့်အိမ် ဆိုတဲ့ဆောင်းပါးထဲမှာ တိုက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို နည်းနည်းပြန်ပြီးကောက်နုတ်ချက်ထုတ်ပြီး ဖော်ပြလို့ရတယ်။

ကလေးတစ်ယောက်ရဲ့ဘဝမှာ မိသားစု၊ အိမ်ဆိုတဲ့အရာက အရေးကြီးတယ်။ ကျောင်းမှာ၊ အဆောင်မှာ ဘယ်လောက်ပဲ ကောင်းမွန်ပြည့်စုံတဲ့ ဘဝကိုရနေပါစေ၊ အိမ်၊ မိသားစုဆိုတဲ့ အရိပ်အောက်ကရုန်းထွက်ဖို့မလွယ်ပြန်ဘူး။

ကျွန်တော့်ရဲ့ ဆရာသမား (mentor) တစ်ယောက်ဖြစ်တဲ့ တောင်ကလေးဆရာတော်ထံကနေ ကလေးတွေနဲ့ပတ်သက်ပြီး တော်တော်များများကြားနာဖြစ်တယ်။ တောင်ကလေးဘုန်းတော်ကြီးကျောင်းမှာ ကလေးတွေကို ထိန်းကျောင်းတဲ့ပုံစံတွေ၊ သူတို့ကိုပြည့်စုံအောင်ထားရှိတဲ့ အနေအထားတွေစတာတွေကိုလည်း ၂၀၁၉ ပဇင်းတက်တုန်းက မြင်တွေ့ခဲ့ရတယ်။ ကိုယ်ကိုယ်တိုင်လည်းအိမ်နဲ့အဝေးမှာသွားပြီးပညာသင်ဖူးတော့ ဆက်စပ်ခံစားလို့ရတယ်။ ဆရာတော်ပြောပြတာကတော့ ကျောင်းသားလေးတွေက ချို့တဲ့တဲ့အရပ်ဒေသတွေ၊ မိသားစုတွေကနေလာရတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဘက်ကရောအားနည်းတာတွေရှိနိုင်တယ်။ ဒါပေမဲ့ ဒီကျောင်းကနေပြီးလို့ သူတို့အိမ်၊ ရပ်ရွာဒေသကိုပြန်ရောက်သွားတဲ့အချိန်ကျရင် သူတို့ရဲ့ နေပုံထိုင်ပုံ၊ စဥ်းစားတွေးခေါ်ပုံတွေက အနည်းအများတော့မိသားစုရပ်ရွာဒေသအတွက် ပြန်ပြီး လမ်းပြပေးတာတွေဖြစ်စေတယ်။ စိတ်မကောင်းစွာနဲ့ဘဲ တစ်ချို့တွေကလည်း ပတ်ဝန်းကျင်က ဓလေ့စရိုက်တွေအတိုင်းနဲ့ပဲပြန်ပြီးနေထိုင်သွားကြရတာတွေလည်းရှိတယ်။

ပတ်ဝန်းကျင်တစ်ခုကနေရုန်းထွက်ပြီး ကိုယ့်ဘာကိုယ်ရပ်တည်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး။ ငွေကြေးအရအမှီအခိုမလုပ်ဘဲ ရပ်တည်နိုင်ဖို့လွယ်ကောင်းလွယ်မယ်၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူနေမှုပုံစံ ဆိုးမွေ၊ ကောင်းမွေတွေကိုတော့ ကျွန်တော်တို့ ခါချကျောခိုင်းပြီး၊ ကျော်လွှားနိုင်ဖို့ဆိုတာတော့ တော်တော်တော့မလွယ်ကူဘူး။

တက္ကသိုလ်အတန်းပညာသင်ချိန် အိမ်နဲ့ဝေးနေခဲ့တုန်းက ဆရာကိုအောင်မင်းလို ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်။ စာသင်ပေးတဲ့ဆရာတော့မဟုတ်ဘူး၊ ကော့လိပ်က mentor/mantee program ကချိတ်ဆက်ပေးထားတဲ့ဆရာပေါ့။ သူကတစ်ခြားအတန်းမှာပထဝီသင်တာ။ သူရဲ့နွေးထွေးပျူငှာမှုကဘယ်လောက်ထိပြည့်စုံလဲဆိုရင် သူ့အိမ်ရောက်သွားရင် အမိမြေမှာရှိခဲ့တဲ့ အိမ်ပြန်ရောက်သွားသလိုပဲ စိတ်ချမ်းသာမှုကိုရစေတယ်။ ဘာကြောင့်လဲလို့ပြောရရင် သူတို့တွေပြောဆိုနေထိုင်တာတွေက အရမ်းသိမ်မွေ့ပြီး၊ မေတ္တာတရားကိုခံစားလို့ရတယ်။ သူကိုယ်တိုင်ကလည်း တစ်ချိန်က ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ကနေ ပညာလာသင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာဆိုတော့ အိမ်နဲ့ဝေးရတဲ့ခံစားချက်ကိုကောင်းကောင်းနားလည်ပေးနိုင်တယ်။ ဆရာ့ရဲ့မိသားစုအကြောင်းကိုတော့ နောက်ကျမှ blog မှာ စာအရှည်ကြီးရေးပြီးရင်ဖွင့်တော့မယ်။

တင်မေရဲ့အမေကိုလည်းသနားတယ်။ စာအုပ်ထဲမှာဘာမှတော့များများစားစားမရေးထားပေမဲ့ လင်သားကိုမှီခိုအားကိုးရတဲ့ အိမ်ရှင်မတစ်ယောက်နဲ့တူတယ်။ သူ့ယောက်ျားကိုတော်တော်ချစ်လို့ သူ့ရဲ့ယောကျ်ားကိုရော၊ သူ့ရဲ့ညီမတစ်ဝမ်းကွဲ ဖြစ်တဲ့ဒေါ်ဒေါ်ကိုရော သဘောထားကြီးပေးနိုင်တာလားမသိဘူး။ အဲဒီ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ တစ်ချို့အကြောင်းအရာတွေဆိုရင် အခုထိနားမလည်နိုင်ဘူး။ လူတွေဘာကြောင့် တစ်ချို့အရာတွေကိုလုပ်လဲဆိုတာနားလည်နိုင်အောင်ကြိုးစားနေဆဲ။ Relationship တစ်ခုမှာရှိတုန်းကလည်း ကိုယ့်ဘာသာကိုယ်တောင် နားမလည်နိုင်တာတွေဖြစ်ခဲ့ဖူးတယ်။ တင်မေရဲ့ကောင်လေး ကိုကျော်နေရာကလည်း ဝင်စဥ်းစားကြည့်ရင် ဒီလိုကောင်မလေးမျိုးနဲ့ တွဲနိုင်တာတော်ယုံ ပါရမီနဲ့တော့မရဘူး။

"တင်မေ့လက်ကို ဆုပ်ဖမ်းကြိုယူသည့် လက်ကဖြင့် အေးစက်လှပါကလား" ဆိုတာကြီးက ဘယ်လိုမျိုး အဆုံးသတ် ကြီးလဲမသိဘူး။

စာအုပ်ရဲ့နောက်ဆုံး၊ ဝတ္ထုရေးသူအကြောင်းမှာ ဆရာမကြီးကြည်အေးက existentialist ကြီးတဲ့... ထင်တော့ထင်လိုက်တယ်။ သူ့စာအုပ်တွေဖတ်ပြီးတိုင်းလူက ကြောင်တောင်တောင်တွေဖြစ်သွားတယ်။ လူက အစကတည်းက သုံးလေးလနေတစ်ခါလောက် existential crisis ဖြစ်ပါတယ်ဆိုနေမှ အဲမှာလာတွေ့တာပဲ။ အဲဒီလိုဆိုတော့လဲ ဆရာမကြီးကြည်အေးစာအုပ်တွေကို အစဖော်မိတ်ဆက်ပေးသွားခဲ့တဲ့သူကိုပဲ မေတ္တာပို့ပေးရတော့မှာပေါ့။
This entire review has been hidden because of spoilers.
Profile Image for Ye Pyae.
45 reviews2 followers
September 23, 2022
Strangely, most of the things in the book are relatable and gave me many thoughts and introspections.

Indeed, it's a great novel in which the author, Kyi Aye, explored 'existentialism' on the border.
In so doing, she invented a character 'Tin May' who encountered lots of psychological scars in her life since young. All she ever wanted was simply a hint of warmth and yet her wish seemed impossibly out of her reach.

Here, I wonder if it is human nature or it's just how people try to cope with various hardship in life.
In the case of the main character (Tin May) in the novel, she became hardened along with her mind, never being able to smile again though.

There is a glimpse of paradox I could feel here. I think, the novel is showing us a fragility of the mind, that is, when the mind reaches to the point of “beyond fragility”, it completely becomes the total opposite of all the values a person may have hold. In the novel, Tin May just became a very difficult person to live with.

The author introduced a smart, caring and understanding guy 'the teacher' and a momentary lover 'Ko Kyaw'. I pictured myself in the shoes of Ko Kyaw or the teacher and thought how I could have acted differently (or perhaps I would exactly act like them in the novel)

The author also explored on another great idea, that is, about 'home'. The literal meaning of 'home' gives us the sense of warmth and a place to return to. When 'home' is devoid of its meaning (in other words, when it doesn't provide warmth anymore), one might then feel like he/she has no place to go back to and would just feel lost.

Overall, it’s a great novel that definitely touched my heart !
Profile Image for Zawhtut.
56 reviews18 followers
August 4, 2016
လွတ်လပ်စွာ တွေးခေါ်မှု လွတ်လပ်စွာရွေးချယ်မှုတို့  ကိုအခြေခံကာ
မိမိဘ၀ကို မိမိသမိုင်း ကို မိမိကြိုက်သလို ရေးခဲ့သော မိန်းမပျိုလေး
"တင်မေ"။ အစပိုင်းတွင် ဇာတ်ကွက်စိတ်ပြီး အလယ်တွင် ဒဿနဆန်သည်။
ဤအယူအဆမျိုးကို ကျွန်တော် အဲလ်ဘတ်ကမူး ၏ Outsider တွင်လည်း
ဖတ်ခဲ့ဖူးသည်။ မြန်��ာနိုင်ငံသို့  ထိုဝါဒ ကို သယ်ဆောင်လာသည် ကို
စာအုပ်ဖတ်ပြီးမှ စာညွှန်းတွင် သိရသည်။ ထိုအခါမှ ဤ၀တ္တုကို ကျွန်တော် ပို၍
ခံစားတတ်လာသည်။
Profile Image for Thin San.
93 reviews57 followers
April 15, 2016
How can one supposed to console Tin May? Parents, relationships, Love, death and books.
Worth Reading!
Profile Image for Clyde.
6 reviews1 follower
September 22, 2024
ကြည်အေးလက်ရာကို ပထမဦးဆုံး ဖတ်ဖူးခြင်းပါပဲ။ မြန်မာစာပေနဲ့ အချိန်အတော်ကြာ ဝေးနေရပြီးမှ ပထမဆုံးပြန်ကိုင်တာဆိုလည်း ဟုတ်ပါတယ်။

ပထမဦးဆုံး ဒီစာအုပ်နဲ့ ပတ်သက်ပြီး အအံ့ဩဆုံး ဖြစ်ရတာက ကြည်အေးဟာ ဒီဝတ္ထုကို သူ့အသက်၁၅နှစ်မှာ ရေးခဲ့တယ် ဆိုတာကိုပါ။ ဝတ္ထုဆိုပေမဲ့ စာမျက်နှာ ၇၃မျက်နှာ ပဲရှိတဲ့ ဝတ္ထုပါ။

ဇာတ်လမ်းက ရှင်းပါတယ်၊ ပြဿနာတွေပေါင်းများစွာရှိတဲ့ အိမ်/လူ့အသိုင်းအဝိုင်းနဲ့ အဆင်မပြေတဲ့ ‘တင်မေ’ ဆိုတဲ့ မိန်းကလေးတယောက်အကြောင်းပါ။ နွမ်းလျအိမ်ပြန်ကို အဖွဲ့အနွှဲ့ဝေဝေဆာဆာရှိတဲ့ဝတ္ထုတပုဒ်အနေနဲ့ ခံစားမယ်ဆိုရင်တော့ အရသာသိပ်ရှိလှမယ်မထင်ဘူး။ သို့ပေမဲ့ အဲဒီဝတ္ထုထဲက တွေးပုံခေါ်ပုံတွေ၊ အမြင်တွေဟာ စာရေးဆရာရဲ့ အသက်နဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် အတော်လေးကို အံ့အားသင့်ရသလို၊ "ဒီအသက်အရွယ်နဲ့ ဒီလောက်တောင် တွေးနိုင်/ရေးနိုင် ပါလား" ဆိုပြီး ဝတ္ထုဖတ်နေတဲ့ တလျှောက်လုံး အထင်ကြီးစွာ တွေးနေမိတယ်။

ဒီဝတ္ထုထဲမှာ ကျနော်သတိထားမိသလောက်ကတော့ suicide လုပ်ခြင်း၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးအကြောင်းရေးထားတာတွေ အပြင် ‘ဘာမှမသိတတ်သေးတဲ့ အဖြူရောင် တင်မေ’ ကနေ ‘လောကကြီးအကြောင်းတဖြည်းဖြည်းနားလည်လာတဲ့ အရောင်အသွေးစုံတင်မေ’ ကို အရွယ်အလိုက် အဆင့်ဆင့်ရေးသားထားတာမျိုးပါ။

Suicide လုပ်တဲ့ကိစ္စမှာဆို
"သေခြင်းနှင့်ရှင်ခြင်း ကြားထဲက အလွန်တရာ သေးငယ်လှသည့် အချိန်ကလေးမှာ နောင်တ တရား ဖြစ်ပေါ်ပြီး ကြောက်ရွံ့ရုန်းကန်မှု ရှိချငိ ရှိလာမည်။" ဆိုတဲ့ အရေးအသားမျိုးကို အသက်၁၅နှစ်အရွယ် ကောင်မလေးတယောက်က ရေးခဲ့တဲ့အတွက် ပိုလို့တောင် အံ့ဩမိပါတယ်။
ပြီး၊ "အမြန်ဆုံး သေဆုံးသွားခြင်းသာ အမြန်ဆုံး ရောဂါပျောက်ခြင်း ဖြစ်သည်။ အခုလို အခြေအနေမျိုးမှာ ဘာကြောင့်ကပ်သီးကပ်သတ် အသက်ခဏရှင်တော့မလဲ။" ဆိုတဲ့ ဝေဒနာခံစားရခြင်းနဲ့ ဝေဒနာကနေ လွန်မြောက်သွားခြင်းကို ချိန်ထိုးပြထားတွေဟာ ၁၅နှစ်အရွယ် ကြည်အေးဟာ အတွေးတွေဘယ်လောက် လက်စောင်းထက်လဲ ဆိုတာပြနေတယ်လို့ မြင်မိတယ်။

မိဘနဲ့သားသမီးကိစ္စမှာဆိုရင်လည်း ‘မိဘဆိုတာ သားသမီးကို ငွေကြေးထောက်ပံ့ပေးရုံနဲ့ မပြီးဘဲ ဂရုတစိုက် ကြင်နာတဲ့ မေတ္တာ ဆိုတာကို ပိုလို့တောင် လိုအပ်သေးကြောင်း’ ထောက်ပြထားတာတွေဟာ တကယ့်အပြင်လောကမှာလဲ တင်မေလိုမိန်းကလေးမျိုး ဘယ်နှယောက်တောင် ရှိနေပြီလဲ/ရှိခဲ့လဲ လို့ တွေးနေမိစေပြန်တယ်။

အရွယ်နဲ့မလိုက်အောင် ကြုံတွေ့ခဲ့ရတဲ့ တင်မေရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေ အားလုံးကို ကိုယ်တိုင်စာအုပ်ဖတ်ရုံမှလွဲလို့ ကျနော်မဖော်ပြနိုင်တာတော့ ခွင့်လွှတ်ပါ။

ကြည်အေးကို မြန်မာနိုင်ငံရဲ့ အစောဆုံး existentialist စာရေးဆရာမ အဖြစ်သတ်မှတ်ထားပေမဲ့ ကြည်အေးရဲ့ ၇၃ မျက်နှာစာ ဝတ္ထုတပုဒ်ကို နင်းပြီး ချဲ့ကားမပြောချင်လို့ ဒဿနပိုင်းဆိုင်ရာသုံးသပ်ချက်ကိုတော့ ထည့်မရေးတော့ပါဘူး။
Profile Image for Caesar Min.
101 reviews55 followers
November 20, 2022
ကြည်အေး၏အရေးအသား အတွေးအခေါ်များမှာ မြန်မာလူမှုဝန်းကျင်အတွက် ယနေ့ထက်တိုင်ဆန်းနေဆဲဖြစ်သည်။ ယခုနွမ်းလျအိမ်ပြန်ကိုဖတ်နေရင်းခံစားရသည်မှာ ကမ္ဘာကျော်ဘောလုံးသမားတယောက် ဘောလုံးအားတို့ကာ၊ ထိကာဖြင့် လှလှပပကစားရင်း တချက်တချက် ဘောလုံးကိုလိုရာသို့ကန်သွင်းလိုက်သလိုမျိုး၊ နာမည်ကျော်လက်ဝှေ့ကျော်တယောက် ကြိုးဝိုင်းအတွင်း လှည့်ကာပါတ်ကာ သိမ်သိမ်မွေ့မွေ့ ရှောင်ရင်းတိမ်းရင်း တချက်တချက် ပြိုင်ဘက်ကိုလက်သီးထိုးသွင်းလိုက်သလိုမျိုး ခံစားချက်မျိုးကိုပေးသည်။ သူ၏အရေးအသား အတို့အထိသည် တကယ်ပင်ဆန်း၏။ ယခုစာအုပ်ကိုဖတ်နေရင်း ရင်ဘတ်ကိုဆုတ်ကိုင်ထားသလိုမျိုး မွန်းကျပ်မှုကိုဖတ်နေရင်းပင် ခံစားရစေသည်။ စာအုပ်လေးမှာပါးလျလွန်းသော်လည်း ဖတ်နေရသည်မှာကြာသည်ဟုခံစားမိစေသည်။
ကြည်အေး၏စာအုပ်များကို ကုန်စင်အောင်ဖတ်ဖူးရန်မှာ မြန်မာလူငယ်များ၏တာဝန်တရပ်ပင် ဖြစ်သင့်သည်ဟုထင်မိသည်။
Profile Image for Nate.
2 reviews
June 11, 2024
I cannot believe this came from a 15 year old mind. The story is timeless. The two poems the main character wrote in the story are a bit precarious and impressive. I will not comment on the relationship with the older man. I didn’t suggest anything and I hope the author didn’t too. Anyway, this was totally worth my time. Loved it.
11 reviews
December 25, 2025
ဆရာမ ကြည်​အေး အသက် ၁၅နှစ်ကတည်းက ​ရေးထားတဲ့ ဒီ နွမ်းလျအိမ်ပြန်ဆိုတဲ့စာအုပ်က​လေးက တိုတိုတုတ်တုတ်​လေးနဲ့ ဖတ်လို့​တော့ တကယ်ကို​ ​ကောင်းတာပါ။

ဖတ်ဖတ်ချင်းမှာတင် တင်​မေရဲ့ မိသားစုအ​ခြေအ​နေကိုကြည့်ပြီး စိတ်ပျက်မိတာ​တော့ အမှန်ပဲ။

ဒါ​ပေမယ့် ဇာတ်လမ်းထဲမှာ တင်​မေနဲ့ သူမရဲ့ဆရာ​ ကြားမှာ ​ပြောတဲ့စကား​တစ်ချို့က​တော့ တကယ်ကိုမှတ်သားလို့​ကောင်း​ပေတယ်။
Profile Image for Charlotte.
9 reviews2 followers
June 25, 2021
မတရားဘူးဆိုတဲ့စကားလုံးကို မသုံးတတ်ခင်မှာဘဲ မတရားခြင်းရဲ့အဓိပ္ပာယ်ကိုခံစားခဲ့ရတဲ့ ကောင်မလေးတယောက်ရဲ့ဘ၀နောက်ကြောင်း...

လိမ္မာတယ်ဆိုတာသတ္တိမရှိတာဘဲလို့ ယူဆတတ်တဲ့သူမ၊ အကြိမ်ကြိမ်ခါခါ သတ်သေဖို့ကြိုးစားတာ‌ နောက်ဆုံးတော့အောင်မြင်သွားမှာလား...

ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့ရတဲ့သူမတယောက် အရွယ်ရောက်လာတော့ရော သူတပါးကိုမေတ္တာတွေပြန်ပေးနိုင်ပါ့မလား...

စတာတွေကို

အသက် ၁၅ နှစ်အရွယ်ဆရာမကြီးကြည်အေးက ဘယ်လိုကလောင်စွမ်းပြထားလဲဆိုတာ "နွမ်းလျအိမ်ပြန်" မှာ ဖတ်ရှုခံစားကြရမှာပါ...
15 reviews
October 8, 2023
I was shocked when I found out that the author wrote this book when she was fourteen. What a Genius!!!

This book hits me so hard that I feel so relatable to Tin May but at the same time I have so much appreciation towards my mom and siblings.
Profile Image for Alma Say.
133 reviews2 followers
June 30, 2025
Even though this is a short novel by Kyi Aye and the first book of hers I've read, it feels quite revolutionary for the time it was published. In some ways, it reminds me of The Stranger by Albert Camus. 4 stars ⭐️⭐️⭐️⭐️
Profile Image for Yoonme.
69 reviews
July 4, 2025
လမ်းလျှောက် တစ်ယောက်တည်း၊ လျှောက်လျှောက် တင်မေ တစ်ယောက်တည်း။

မမြင်ရသော်လည်း ဟော ဟိုမှာ တင်မေ့ အိမ်။

ကြည့်ပါဦး၊ အိမ်ပြန်ရတာ နွမ်းလျလိုက်တာ ကွယ်။

I have been reading this quote repeatedly. What a book!! A complete package.
Profile Image for Thint Myat.
27 reviews2 followers
Read
October 9, 2020
The most honest and genuine piece of Kyi Aye. Hauntingly Beautiful.
Profile Image for sushi.
36 reviews3 followers
June 8, 2022
i liked how she questioned about our very existence n the meaning of life and stuffs..
Displaying 1 - 19 of 19 reviews

Can't find what you're looking for?

Get help and learn more about the design.