Jump to ratings and reviews
Rate this book

မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ

Rate this book
ဘဝရှင်သန် ရပ်တည်နိုင်ရေး၊ ပညာသင်ရာ မှတ်ဉာဏ်ထက်သန်နည်း၊ ကြီးပွားချမ်းသာအောင် စီးပွားရှာနည်း၊ စိတ်တန်ခိုးစွမ်းအင်များ လေ့ကျင့်ရယူနည်းများ၊ အဓိဋ္ဌာန်ကျင့်စဉ်များဖြင့် ရေးဖွဲ့ထားသော ဝတ္ထုရှည်ဖြစ်သည်။ စိတ်တန်ခိုးအားလေ့ကျင့်ပြီး အသုံးချနည်း၊ စကြဝဠာအတွင်းရှိ စွမ်းအားများ ရရှိအောင် ဆောင်ရွက်နည်းများကိုပါ ဝတ္ထုတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။

338 pages, Hardcover

Published February 1, 2023

1 person is currently reading

About the author

မင်းသိင်္ခ

21 books13 followers
မင်းသိင်္ခသည် မြန်မာအမျိုးသားစာရေးဆရာတစ်ဦး ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ကျောင်းသားဘဝကပင် စာပေများကို စတင်ရေးသားခဲ့ပါသည်။ ၁၉၆၉ တွင် မင်းသိင်္ခဟူသော အမည်ကိုခံယူပြီးနောက် ဆားပုလင်းနှင်းမောင်ဟူသော ဇာတ်ကောင်ကို ဇာတ်လိုက်ထား၍ စုံထောက်ဝတ္ထုများ ရေးသားခဲ့ရာ မင်းသိင်္ခဟူသော အမည်ကို ပရိသတ် တဖြည်းဖြည်း သိလာခဲ့သည်။

၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတောမင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
1 (50%)
3 stars
0 (0%)
2 stars
1 (50%)
1 star
0 (0%)
No one has reviewed this book yet.

Can't find what you're looking for?

Get help and learn more about the design.