Thinn158 reviews12 followersFollowFollowOctober 14, 2023စာအုပ်က အရမ်း dreamy ဖြစ်တယ်လို့ ခံစားရတယ်။ အဘိုးဒဂုန်တာရာက ဒီစာအုပ်ရေးတုန်းက အသက် ၂၈ ပဲရှိသေးတယ်။ စာအုပ်ထဲမှာ ဇာတ်ကောင် ၄ ယောက်ပါတယ်။ မြိုင်ရယ်။ မြိုင့်သူငယ်ချင်း အေမီရယ်။ မြိုင့်ယောက်ျား မေဂျာထွန်းအောင်ရယ်။ မေဂျာထွန်းအောင်ရဲ့ သူငယ်ချင်း ကိုနန်းနွယ်ရယ်။ စာအုပ်ကို စ ပြီးဖတ်ကတည်းက မြိုင်က ကိုနန်းနွယ်ကို စိတ်ညွှတ်နေတာကို သိတယ်။ သူတို့ ၂ ယောက် ဘယ်အချိန်မှာများ မှောက်မှားကြမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ဖတ်နေချိန်မှာ အေမီပေါ်လာရော။ အေမီနဲ့ကိုနန်းနွယ်နဲ့ကို ပေးညားမယ်ထင်လိုက်သေးတယ်။ ဒါပေမဲ့ အဲ့ဒီခေတ်ကစာအုပ်တွေရဲ့ ထုံးစံအတိုင်း စစ်ဖြစ်တယ်။ စစ်ဖြစ်တော့ လူတွေရဲ့ဘဝတွေကမောက်ကမဖြစ်ကုန်ရောပဲ။ ကိုနန်းနွယ်လည်း တို့ဗမာအစည်းအရုံးဝင်ဆိုတော့ ဂျပန်မှာ စစ်ပညာသင်ပြီး နိုင်ငံရေးထဲခုန်ချသွားတယ်။ အေမီကသူနာပြုဆိုတော့ ကိုနန်းနွယ်နဲ့ ဆေးရုံမှာပြန်တွေ့ကြတယ်။ မြိုင်လည်း သူ့ယောက်ျားမဟာမိတ်တပ်ထဲ ဝင်သွားတော့ ရန်ကုန်ရောက်လာတယ်။ ၃ ယောက်လုံး ရန်ကုန်မှာဆုံပြီးကာမှ ပြန်ကွဲသွားကြတယ်။ နောက်ဆုံး မြိုင့်ယောက်ျားဆုံးတယ်ဆိုတဲ့ သတင်းကို ရေဒီယိုက တဆင့်ကြေငြာလို့ သိရတယ်။ ဒါပေမဲ့ မေဂျာထွန်းအောင် တကယ်ဆုံးမဆုံးကို စာအုပ်အဆုံးအထိ သဲကွဲအောင်ရေးမထားဘူး။ ဇာတ်သိမ်းက လုံးဝကို ထင်မထားတဲ့ ဇာတ်သိမ်းပဲ။ စိတ်ထဲမှာ ‘အင်’ ကနဲဖြစ်ပြီး ဘယ်လို ခံစားရမယ်မှန်းမသိတဲ့ ဇာတ်သိမ်းမျိုး။ အဘိုးဒဂုန်တာရာက သူ့ထုံးစံအတိုင်း အရောင်တွေကို မျိုးစုံပုံဖော်တယ်။ စန္ဒယားအကြောင်း၊ ကဗျာအကြောင်းတွေလည်း အများကြီးပါတယ်။ သူ့စကားအသုံးအနှုန်းတွေကလည်း ပဥ္စလက်ဆန်တယ်။ (ဥပမာ- ‘လေမှာရှန်ပိန်အရက်ကဲ့သို့’၊’အပြင်ဘက်၌ကား ငွေလရောင်ဖြင့်ရေချိုးထားသည့် လားရှိူးလမ်းမကြီးသည် ဝတ်လစ်စလစ်နှင့်’) “ကိုနန်းနွယ်ကဗျာရေးယင် ကိုယ်ရေးတာကိုယ်ယုံသလား …. ဟင် … မလွမ်းချင်ဘဲနဲ့ လွမ်းလိုက်တာတွေ၊ မိုးတွင်းပေမဲ့ နွေ ကောင်းကင်အပြာတွေကို ဇွတ်ရေးလိုက်တာတွေ ရှိသလား။”#မြိုင် #ဒဂုန်တာရာ
Kyaw Lwin1 reviewFollowFollowSeptember 12, 2024ဆရာ ဒဂုန်တာရာ အသက် ၂၈ နှစ်အရွယ်မှာ ရေးတဲ့ လက်ရာ မို့လို့ နေမယ် စကားလုံးအသစ်အဆန်းတွေ အများကြီးသုံးပြီး ရေးထားတာတွေ့ရတယ်။ အကြိုက်ဆုံးကတော့ ရှမ်းပြည်ရဲ့အလှကို ရေးဖွဲ့ထားတာပါပဲ။ဇာတ်လမ်းအနေနဲ့ မထူးခြားဘူးလို့ ပြောလို့ရပေမဲ့ဆရာသမားက ငယ်နုတုန်းအချိန်မို့ အဲဒီလို စိတ်ကူးမျိုးရေးနိုင်တာဖြစ်ပါလိမ့်မယ်။အချစ်ဝတ္ထုတစ်ပုဒ် အနေနဲ့ လှပလွန်းပါတယ်။
Yamin112 reviews18 followersFollowFollowApril 19, 2021An unconventional love story based in revolutionary time.Dagon Tar Yar didn't disappoint with his original story and lovely poems.burmese-books proud-burmese-reads