Jump to ratings and reviews
Rate this book
ကေဖွဲ့ဆိုသီ
Rate this book
[Unicode] ရန်ကုန်တက္ကသိုလ်ကို နောက်ခံထားကာ သစ်ရွက် လှုပ်သည်ကိုပင် ရယ်တတ်၊ ငိုတတ်သော ‘မြကေခိုင်’ အပါအဝင် ဆယ်ကျော်သက် လူငယ်များ၏ လွတ်လပ် ပွင့်လင်း ရဲတင်းသွက်လက်သည့် စရိုက်များကို အနုပညာ ရသဖြင့် အနက်ရှိုင်းဆုံး၊ အလတ်ဆတ်ဆုံး၊ ဆွဲငင်အား အပြင်းထန်ဆုံး ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ ဆရာမကြီး ကြည်အေး၏ လုံးချင်းဝတ္ထုအဖြစ် ပထမဆုံး ထုတ်ဝေသော ဝတ္ထုလည်း ဖြစ်သည်။ ဝတ္ထုတွင် ထိုခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတို့၏ စရိုက်သဘာဝ၊ ပျော်ရွှင်ကြည်နူးဖွယ်ရာများကို မီးမောင်းထိုးပြထားပြီး အချစ်၏ သိမ်မွေ့နက်နဲသော သဘော သဘာဝနှင့် ခံစားမှု ဝေဒနာကို နက်ရှိုင်းစွာ ဖွင့်လှစ်ပြထားသည်။
269 pages, Paperback
First published January 1, 1963
2 people are currently reading
22 people want to read
About the author
ကြည်အေး
28 books100 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။
တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။
Ratings & Reviews
What do you think?
Rate this book
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
5 stars
2 (16%)
4 stars
4 (33%)
3 stars
3 (25%)
2 stars
3 (25%)
1 star
0 (0%)
Displaying 1 - 3 of 3 reviews
Profile Image for Thida.
264 reviews34 followers
June 11, 2017
I'm glad that I'm read a collection of this novel and its sequel. I would have been disappointed if I only read the first book because the ending is just so vague. I might even thought that some pages had gone missing.
Profile Image for Bu Sawoo.
30 reviews31 followers
April 19, 2018
Good. Author describes different characters.
Displaying 1 - 3 of 3 reviews
Can't find what you're looking for?
Get help and learn more about the design.