Jump to ratings and reviews
Rate this book

ဖုန်းသက်တိုင်

Rate this book

Paperback

First published January 1, 1955

2 people are currently reading
35 people want to read

About the author

ကြည်အေး

28 books100 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
7 (29%)
4 stars
9 (37%)
3 stars
7 (29%)
2 stars
1 (4%)
1 star
0 (0%)
Displaying 1 - 6 of 6 reviews
Profile Image for Aozora.
30 reviews
December 3, 2018
When you love someone who never loves you & always sees you as a good friend that she can talk & open her heart and you’re there for her all the time, you suffer but can’t tell your hurt feelings coz you think it’ll harm her & relationship... and you never get to tell her how much you love her.
Profile Image for Kyaw Zayar Lwin.
120 reviews12 followers
October 31, 2018
ကြည်အေးရဲ့ အခုလို စာအုပ်တွေကို ဖတ်ရတော့ Malleတို့ Rohmer တို့ကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းစေချင်တယ်။ဒိုင်ယာလော့တွေ အရှည်ကြီးတွေ ပြောနေစရာမလို။တိုတိုတုတ်တုတ်ကိုမှ နောက်ဆက်အသံများလှိုင်နေစေတာမျိုး။ဇာတ်အကူးကလည်း အဖြတ်အတောက်ပြတ်ရမယ်။လွမ်းစေ ကျွမ်းစေ အောင် လှပနေအောင် ရိုက်ပြခံရမှာကို ကြောက်မိတယ်။အနုပညာဉာဏ်မရှိဘဲ လှအောင်သာရိုက်ချင်တဲ့ ရုပ်ရှင်ဓာတ်ပုံဆရာတွေလက်ဆီက လွတ်စေချင်တယ်။ဇာတ်ကို တနင့်တပိုးသယ်ပြမထားမှ၊အဖြတ်အတောက်ရဲမှ အပြီးမှာနင့်သွားစေမှာမျိုး မဟုတ်လား။
Profile Image for Thinn.
158 reviews12 followers
May 6, 2023
ဒီစာအုပ်ဖတ်ရတာ အီလည်လည်ကြီးလို့ ခံစားရတယ်။ ဆရာမက အမှာစာထဲမှာတော့ “လူငယ်တစ်ယောက် ဘဝရင်ဆိုင်ရာမှာ အဆင်မပြေတော့ လက်တစ်ဖက်က သေရည်တစ်ခွက်ကိုင်ပြီး ချစ်သူကိုလည်း အားမကိုးနိုင်၊ ကိုယ့်ကိုကိုယ်လည်ရ အားမကိုးနိုင် အခက်တွေ့နေတာက ကျန်လက်တစ်ဖက်မှာ ကိုင်ထားရဟန် တူပါရဲ့။” လို့ ပြောထားပေမဲ့ ဒီထဲက ဇာတ်ကောင် ကိုဖုန်းခင်ကို နားမလည်နိုင်ဘူးရယ်။
အမှာစာထဲမှာ သူ့ကဗျာတွေကို မှားယွင်းသုံးစွဲပုံအကြောင်းတွေပါ ပြန်ဖြေရှင်းထားတာ ပါတယ်။

တကယ်တော့ကိုဖုန်းခင်က ဘဝကိုရင်မဆိုင်တတ်တာလို့ပဲတွေးနေမိတယ်။ ကိုဖုန်းခင်ကို ရန်ထောင်ချင်တဲ့စကားတော်တော်များများကိုတော့ ဝတ္ထုထဲမှာ မေမေစိန်ကပြောသွားပါတယ် 😅 ကိုဖုန်းခင်က အိမ်ကလည်းချောင်ချောင်လည်လည်ရှိရဲ့သားနဲ့ ထောက်ပံ့နေရဲ့သားနဲ့ လေလွင့်နေတာရယ် 🙄 မေမေစိန်လည်း လေလွင့်တာပဲ ဒါပေမဲ့ နောက်ဆုံးမှာ သူ့လမ်းကြောင်းသူရှာတွေ့သွားတယ်။

ဒီထဲမှာ သဘောမကျတာ တချို့ရှိတယ်။ ပထမဦးဆုံးက ကိုဖုန်းခင်က ကိုထွန်းမြင့်နဲ့ပေါင်းပြီး ကမာရွတ်မှာ သွားကဲခဲ့တာကို အပြစ်ကြီးလို့ ဖြစ်အောင်ရေးထားတာကို မကြိုက်ဘူးရယ်။ သူ အသင်းနဲ့ မှောက်မှားမဲ့အစား သူ့ဟာသူပိုက်ဆံပေးပြီး ကြူးနေတာ သဘာဝပိုမကျဘူးလား။ ပြီးတော့ အသင်းကို ကိုဖုန်းခင်ရော၊ ကိုအောင်တင်ရောက အရမ်းကြီးနှိမ့်ချပြီး ပြောနေတာကြီးကို မဖီးလ်ဘူးရယ်။ ဘယ့်နှယ် သူ့ဟာသူနန့်ချင်လည်း နန့်မှာပေါ့။ သူတို့လည်း အလိုတူအလိုပါ ကမြင်းပြီးမှ ကလေးကို နင်ပဲ ငါဆ ပြောတာကြီးကတော့ မမိုက်ဘူး။

တကယ်တော့ မေမေစိန်လည်း လွတ်လွတ်လပ်လပ်နဲ့ ထင်ရာစိုင်းတဲ့သူပဲ။ သူ့ခဲအိုနဲ့တောင် ဘာလိုလိုဖြစ်သေးတယ်။ အဲ့တာကျတော့ သေမလိုလိုချင်နေကြပြီး အသင်းကိုတော့ တဖက်စောင်းနင်းကြီး ပြောနေလိုက်ကြတာ။ ပြီးတော့ ကရင်သူပုန်တွေအကြောင်းရေးထားတာလည်း သဘောမကျဘူး။

၁၉၅၀-၆၀ ဝန်းကျင်ကစာတွေဖတ်ရရင်တွေ့ရတာ တစ်ခုက ကွန်မြူနစ်အကြောင်းထည့်ထည့်ရေးကြတယ်။ အဲ့ခေတ်က ကွန်မြူနစ်လို့ တံဆိပ်တပ်ခံရမှာ သိပ်ကြောက်ပုံပဲ။ အဲ့တာနဲ့ပတ်သတ်ပြီး ရှာဖတ်ဦးမယ်။ ကွန်မြူနစ်ဖြစ်တော့ရော ဘာဖြစ်လဲ 😒

ဇာတ်သိမ်းကလည်း အီလည်လည်ကြီးပဲ။ ကိုဖုန်းခင်က မေမေစိန့်ဘဝထဲ သူဝင်လို့မရမှန်း နောက်ဆုံးသေချာသိသွာရတာမို့လို့ သေသွားတာလား? 🧐

“ကိုဖုန်းခင် …. ကျွန်မကတော့ ကိုယ့်ကိုယ်ကို ယုံတာတစ်ခုက ကောင်းကောင်းချစ်တတ်တဲ့ နှလုံးသားရှိတယ်လို့ပဲ။ ချစ်စရာရှိရင် ကျွန်မကပဲ ချစ်ချင်တယ်။ အချစ်ခံရတာကို ကျေနပ်ပြီးနေနိုင်သူ မဟုတ်ဘူးလို့လည်း ကျွန်မလိုချင်တဲ့ အချစ်မေတ္တာမျိုးနဲ့ တုံ့ပြန်နိုင်သူလည်းရှားမယ်။ ကျွန်မက မချစ်နိုင်သူ ရှိနေတယ်ဆိုရင်တော့ သိပ်နှမြောဖို့ကောင်းတာပဲ။”
This entire review has been hidden because of spoilers.
27 reviews1 follower
July 31, 2020
[Original review, July 25 2020]
"ဒီစာအုပ်ကိုတော့အခုထိသိပ်မကျေနပ်ဘူး။ နောင်လည်းကျေနပ်နိုင်ချင်မှနိုင်မှာ။ အခုတော့အဲဒီစာအုပ်အကြောင်းသိပ်မတွေးချင်ဘူး။ တွေးကိုမတွေးချင်တာ။ တွေးလည်းတွေးမိနေတယ်။ နောက်တစ်ခါလောက်ပြန်ဖတ်ကြည့်ပြီးဇာတ်ကောင်တွေရဲ့အကျင့်စရိုက်၊ ခံယူချက်တွေကိုသေချာလေ့လာပြီး သူတို့နေရာကနေ ပိုပြီးတော့နားလည်နိုင်အောင်ကြိုးစားကြည့်ချင်မိတယ်။ ဒါပေမဲ့ ဇာတ်လမ်းအဆုံးကိုမကြိုက်တော့ ဘယ်တော့မှကို ထပ်မဖတ်ချင်လောက်အောင်ကို ဖြစ်နေတယ်။ နောက်အသက်တွေကြီးလာရင်တော့လက်ခံနိုင်လောက်မှာပါ။ နောက်ဆုံးအဲဒီအသုဘမှာ မေမေစိန်ဘာမှကို တကယ်ကို တကယ်ကြီးကို မခံစားရဘူးလားဆိုတာကိုတော်တော်သိချင်မိနေတယ်။ ကျနော်သာသူ့နေရာမှာဆိုရင်လူးလိမ့်နေမိမှာ။ ကိုယ်ကဘယ်လောက်ပဲခံစားချက်မရှိပါစေ၊ သံယောဇဥ်ကတော့ရှိမှာပဲလေ၊ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ဒီလောကကြီးကနေထွက်ခွာသွားရရင်တော့အနည်းအများတော့ခံစားကြရမှာပဲမဟုတ်ဘူးလား။ နောက်ကျမှ အိမ်မှာပဲ ခိုးခိုးပြီးငိုမယ်၊ သူ့ယောက်ျားကိုရင်ဖွင့်မယ်လို့ပဲဖြည့်တွေးပေးလိုက်မယ်။ ထားပါတော့။ ကျနော်ကဘာပဲဖတ်ဖတ် ဘယ်တော့မှဇာတ်ကောင်နာမည်တွေသေချာမမှတ်မိဘူး။ အင်္ဂလိပ်ရောမြန်မာရောပဲ။ လူဆန်ဆန်​ဖြစ်အောင်တော့ ရသစာပေတွေကိုအနည်းအများတော့ခံစားတတ်အောင်လေ့ကျင့်ရမှာပဲလေနော်။ ဒီလိုပဲ စိတ်ရှည်ရတာပေါ့ တဖြည်းဖြည်းနဲ့။ ဘယ်အရာမှ နေ့ချင်းညချင်းတော့ မရနိုင်ဘူးလေနော်။" ~ excerpt from Messenger text messages.

[Updated review, August 1 2020]
ဒီစာအုပ်ကတော့တစ်ကယ့်ကိုအမှတ်တရ။ လေးနာရီလောက်နဲ့အပြီးတစ်ထိုင်တည်းဖတ်လိုက်ရတယ်။ စာအုပ်ပိုင်ရှင်ကအိမ်ပေးမယူသွားဘူးဆိုတော့မတတ်နိုင်ဘူးလေ။ တော်တော်လည်းဖတ်လိုက်ရတယ်။ ဒီလိုအရေးအသားတွေကဖတ်နေကြမဟုတ်တော့စကားလုံးတွေကအဆန်းကြီးတွေကိုဖြစ်နေတာ။ နေရာကတော့မန်းလေးက Little Mushroom Coffee & Juice ဆိုတဲ့ဆိုင်မှာ။ ည၆နာရီဆိုင်ကပိတ်တော့၊ စာအုပ်ပိုင်ရှင်ရဲ့ကားပေါ်မှာပဲပြီးတဲ့အထိထိုင်ဖတ်နေလိုက်တယ်။ သူလည်းစိတ်ရှည်ရှည်နဲ့ပြီးတဲ့အထိစောင့်ပေးရှာပါတယ်။ ဖတ်လည်းပြီးတော့ကျနော်လည်းရူးခါနီးပဲ ခေါင်းကိုမူးထွက်သွားတယ်။ သူပြောတာတော့ကြည်အေးရဲ့စာအုပ်တွေက ဒီလိုပဲစားတယ်တဲ့။ ဒီစာအုပ်ကလည်းသူ့ရဲ့အကြိုက်ဆုံးတဲ့။ အင်းပါ။ အင်းပါ။
This entire review has been hidden because of spoilers.
Profile Image for ရို့စ်မေရီ.
3 reviews
April 6, 2025
ကျွန်တော်ဖြင့် ဖတ်နေရင်း ဇာတ်သိမ်းနီးလေလေ ဘုရားတမိလေလေပဲ။ လူတွေဟာ အချိန်နဲ့အမျှပြောင်းလဲလွယ်ပါလားဆိုတာ နဂိုတည်းသိထားပေမဲ့ တကယ်ဒီလိုမျိုးဖတ်ရတော့ အတော်တုန်လှုပ်မိပါရဲ့။ ငယ်တုန်းအပြစ်ကင်းစင်ပုံနဲ့ လောကဓံဇာတ်ကြောင့်ရင့်ရတဲ့အပြစ်တွေကို နှိုင်းယှဉ်တွေးပြီး ကြောက်မိတယ်ဗျာ။
Displaying 1 - 6 of 6 reviews

Can't find what you're looking for?

Get help and learn more about the design.