Jump to ratings and reviews
Rate this book

ဂျီဟောသူ

Rate this book

Paperback

Loading...
Loading...

About the author

မစန္ဒာ

31 books63 followers
အမည်ရင်း ဒေါ်ချိုချိုတင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ ဦးထွန်းတင် (မန်းတင်)၊ အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားသည်။

ရန်ကုန်မြို့ မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။

၁၉၆၅ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ 'ကျွန်မ ဆရာမ' ဝတ္ထုသည် ပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရသော ဝတ္ထုဖြစ်သည်။

၁၉၆၅ ခုနှစ်မှစ၍ ပထမဆုံးလုံးချင်းဝတ္ထု 'ငယ်သူမို့မသိပါ'ကို ရေးသား ထုတ်ဝေသည်။ စာရေးသက် အနှစ် ၄၀ ခန့်အတွင်း ဝတ္ထုတိုနှင့် မဂ္ဂဇင်းဝတ္ထုရှည် ၁၀၀ ကျော်၊ ဝတ္ထုလတ် ၂ ပုဒ်နှင့် လုံးချင်းဝတ္ထုရှည် ၁၃ အုပ်တို့ကို ရေးသားခဲ့သည်။

ထုတ်ဝေခဲ့သောစာအုပ်များအနက် 'ဘဝအိပ်မက် ပန်းအိပ်မက်' သည် ၁၉၉၄ အမျိုးသားစာပေ(ဝတ္ထုရှည်)ဆု၊ 'ဝတ္ထုတိုများ-၃'သည် ၁၉၉၉ ခုနှစ် အမျိုးသားစာပေ(ဝတ္ထုတိုပေါင်းချုပ်)ဆု၊ 'ဆဌဂံ'သည် ၂၀၀၂ ခုနှစ် အမျိုးသားစာပေ(ဝတ္ထုရှည်)ဆုတို့ကို ရရှိခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
24 (36%)
4 stars
20 (30%)
3 stars
17 (26%)
2 stars
1 (1%)
1 star
3 (4%)
Displaying 1 - 2 of 2 reviews
Profile Image for Thin San.
93 reviews59 followers
June 8, 2022
ဂျီဟောသူ ဆိုတဲ့ စာအုပ်နာမည် လေးနဲ့ ငယ်စဥ်ကတည်းရင်းနှီးနေခဲ့တာ အခုမှပဲ ဖတ်ဖြစ်ပါတယ်။ စာအုပ်ကို ကောက်ကိုင်ပြီဆိုကတည်းကလက်ကမချချင်လောက်အောင် ရသအမျိုးမျိုးခံစားရစေတယ်။ အထူးသဖြင့် တက္ကသိုလ်ဘဝကို မခံစားဖူးခဲ့တဲ့ ကိုယ့်အတွက်တော့ အားကျစရာကောင်း၊ ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူဘဝလေးကို ကိုယ်တိုင်ခံစားရသလိုပဲ။ ရယ်လိုက်ရ၊ စိတ်မကောင်းဖြစ်လိုက်ရ... တက္ကသိုလ်အလှကို မိန်းမောလိုက်ရနဲ့ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်တစ်ဦးဖြစ်သွားသလိုလို... အင်မတန် ချစ်စရာကောင်းတဲ့ ဝတ္ထုလေး တစ်ပုဒ်ဆိုတာကတော့ တကယ်ကိုမလွဲနိုင်ပါ။ နောက်များတော့ အင်းစိန် ကြို့ကုန်းနားရောက်ရင် RIT ချယ်ရီ၊ ငုစပ်ချယ်ရီ၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ အနီရောင်မြက်ရိုင်း၊ ပုဏ္ဏရိပ်ပန်း တို့နဲ့တူတူ ဂျီဟောသူတို့အကြောင်း စိတ်ကူးယဥ်မိဦးမယ်ထင်ပါတယ်။
Profile Image for Su Mon  Myo.
55 reviews8 followers
July 6, 2020
It is a story about the lifestyle of a bunch of female university students who are living in a dorm in the 80’s. Every day lives of young, fun and stress-free university students. The lead female character, Nyo Htwe, made a bet with her friends to make a fellow student named, Ko Yin Maung to fall in love with her. It was very breezy light, which would be a perfect weekend read.
This entire review has been hidden because of spoilers.
Displaying 1 - 2 of 2 reviews