Jump to ratings and reviews
Rate this book

ပျောက်သောလမ်းမှာစမ်းတဝါးဝါး

Rate this book

Unknown Binding

Loading...
Loading...

About the author

စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလတွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ဖွားမြင်သည်။ ၁၉၅၂ ခုနှစ်တွင် ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားသည်။ သတ္တမတန်းကျောင်းသူဘဝတွင် ကဗျာများ စတင်ရေးသားသည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင်ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်သင်ကြားသည်။ နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ၁၉၆၅ ခုနှစ်၊ မတ်လတွင် တိုင်းရင်းမေဂျာနယ်၌ 'ရွက်လှပန်းလေးကိုယ့်ဘဝ' ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်သည်။

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၆၉ နိုဝင်ဘာလ ၆ ရက်တွင် မျိုးညွန့် (စာပေလောက) နှင့် လက်ထပ်သည်။

၁၉၇၀ ခုနှစ်၊ မေလတွင် တိုင်းရင်းမေဂျာနယ်၌ ပြင်ဆင်ခြယ်သမျက်လုံးအလှ ဆောင်းပါးကို ရေးသားသည်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် အိမ်နီးချင်း ဝတ္ထုကို ဖော်ပြခြင်း ခံခဲ့ရသည်။

၁၉၇၂ မှ ၁၉၇၈ ခုနှစ်တွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီသုတေသနဌာနခွဲတွင် သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်၊ အောက်တိုဘာတွင် 'ပျောက်သောလမ်းမှာစမ်းတဝါး'အမည်ရှိ ပထမဆုံးလုံးချင်းဝတ္ထုကို ရေးသားသည်။

ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ကွယ်လွန်ချိန်အထိ အဆက်မပြတ် ရေးသားခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်းဝတ္ထု ၁ဝ၁ ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ ပုဒ်နှင့် ဆောင်းပါး ၅၅ ပုဒ်ခန့် ရှိသည်။

ပျောက်သောလမ်းမှာစမ်းတဝါး လုံးချင်း ဝတ္ထုရှည်ဖြင့် ၁၉၇၄ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုရှည်ဆုကိုလည်းကောင်း၊ မဂ္ဂဇင်းဝတ္ထုရှည်များဖြင့် ၁၉၈ဝ ပြည့်နှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၁) ဖြင့် ၁၉၈၂ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို လည်းကောင်း၊ ဝတ္ထုတိုများ (၂) ဖြင့် ၁၉၈၆ ခုနှစ်၊ အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကိုလည်းကောင်း အမျိုးသား စာပေဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည်။

'ပျောက်သောလမ်းမှာစမ်းတဝါး' ဝတ္ထုကို ရုရှား၊ ဂျပန်ဘာသာများသို့ လည်းကောင်း၊ 'ဘယ်သူလာကူပါ့မယ်' ဝတ္ထုကို ရုရှားဘာသာဖြင့် လည်းကောင်း၊ 'မှတပါးအခြားမရှိပြီး' ဝတ္ထုကို ဂျပန်ဘာသာဖြင့် လည်းကောင်း ပြန်ဆိုထုတ်ဝေခဲ့ပြီး ဝတ္ထုတိုအများအပြားကို အင်္ဂလိပ်၊ ဂျပန်ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။

မိုးမိုး (အင်းလျား) သည် ကွယ်လွန်ချိန်အထိ စံပယ်ဖြူမဂ္ဂဇင်းတွင် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေတာဝန်ကို ထမ်းဆောင်ရင်း ၁၉၉ဝ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးမျိုးညွန့် (စာပေလောက) နှင့် သားနှစ်ယောက်၊ သမီး တစ်ယောက်တို့ ကျန်ရစ်သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
15 (31%)
4 stars
20 (41%)
3 stars
10 (20%)
2 stars
2 (4%)
1 star
1 (2%)
Displaying 1 - 7 of 7 reviews
Profile Image for Thida.
264 reviews34 followers
Read
July 15, 2021
No offense to her fans, but I'm not a fan of Burmese realist novels. I'm sure a lot of people like this book and can relate to the characters, but I can't relate to them as I'm single and I have no plan to get married.
Profile Image for sushi.
36 reviews4 followers
April 17, 2022
ဖတ်ရတာ တော်တော်ကို သွက်တယ်ဗျာ။
ပေးချင်တဲ့ မက်ဆေ့ကိုလည်း အတိတကျရရှိပါတယ်။
မလှိုင်နဲ့ မောင်သာကြည်အကြောင်းကို ခုခေတ်ကလေးတွေကို သိစေချင်တယ်။ ဒီစာအုပ်လေးကို ဖတ်စေချင်တယ်။
တကယ်ပါ။ မိဘအရိပ်အောက်မှာ ဇိပ်ရှိရှိနေရတာနဲ့ ကိုယ့်ဘ၀ကိုယ်ရပ်တည်ရတာ၊ အိမ်ထောင်တစ်ခု တည်ထောင်ရတာ လွယ်တာမဟုတ်။
စား၊ ၀တ်၊နေရေး စပူရတော့တာပါပဲ
နေထိုင်ဖို့ အိမ်ရှာရမယ်၊ အ၀တ်အစားတွေလည်း ထည်လဲ ၀တ်ချင်ကြသည်မလား၊ စားဖို့လည်း စီစဉ်ကြရပြန်ရော၊ မလွယ်တာ တကယ်ပါ။
ခု ကိုယ်တွေ မိဘအရိပ်အောက်မှာ နေပါတယ်။ ဒီဒုက္ခတွေကို မကြုံဖူးပါဘူး။ ခက်ခဲပါလိမ့်မယ်။
ကိုယ့်ကို ငယ်ငယ်က လူကြီးတစ်ယောက်ပြောဖူးတယ်။ 'လောကမှာ စာပေ ပညာ လေ့လာဆည်းပူးနေရတာ အလွယ်ဆုံးပဲ'တဲ့။ ခု ဒါဟာ မှန်ချင်နေသလိုလို...
Profile Image for Thinn.
158 reviews12 followers
April 29, 2023
ဇာတ်လမ်းက ‘စ’ ကတည်းက အမောနဲ့ စ ရတယ်။ မင်္ဂလာဆောင်ပြီး သူငယ်ချင်းတွေနဲ့ညပိုင်းအတူတူကဲဖို့ နာရီဝက်အလိုမှ သတို့သားက ပိုက်ဆံလိုက်ရှာရတယ်လို့။ 🫤 လှိုင် (နီနီလှိုင်) နဲ့ ကိုကို (ကိုကြည်သာ) နဲ့ လက်မထပ်ခင် သမီးရည်းစားဘဝ ကတည်းက တယောက်အကြောင်းတယောက် သေချာသိအောင် လုပ်ခဲ့သင့်တယ်လို့ ခံစားရတယ်။

စပြီးဖတ်တုန်းကတော့ လှိုင့်ဘက်ကတွေးတာတွေပဲ ဖတ်ရတော့ ကိုကို့ကိုအမြင်ကပ်တယ်။ သူ့အိမ်ကလူတွေကိုလည်း ကြည့်မရဘူး။ ရှေးခေတ်ကလူတွေရဲ့ ထုံးစံပေါ့။ အိမ်ကသဘောတူတာနဲ့မယူဘဲ တခြားတယောက်ကိုယူလိုက်လို့ ကန့်လန့်လိုက်တိုက်နေကြတာ။ သူတို့သားချစ်လို့ ရွေးချယ်လိုက်တဲ့သူကို သားနဲ့အတူထပ်တူမချစ်နိုင်ဘဲ စောင်းကြမြောင်းကြနဲ့။ ဘွားဘွားဆုံးသွားပြီးတာတောင် ဂယက်ကမပြီးနိုင် မစီးနိုင်နဲ့။ ကိုကိုကလည်း အစပိုင်းတော့ ဘော်ကြော့နေလိုက်တာလို့ တွေးပေမဲ့ နောက်ပိုင်းတတ်နိုင်သလောက် ကူရှာပါတယ်။

လှိုင့်ဘက်ကလည်း အမြဲမှန်နေတယ်လို့ရယ်တော့လည်း မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ဖူးဖူးမှုတ်ပြီး လိုလေသေးမရှိအောင်ထားတော့ ယောက်ျားယူပြီး မလုပ်တတ်မကိုင်တတ်ဖြစ်နေတာပါ။ သူလည်း သူ့ဘဝသူ မရောင့်ရဲနိုင်ဘူး။ သူ့ဘဝကို ကြည်မေဦး ဘဝနဲ့ လိုက်နှိုင်းယှဉ်တယ်။ လူ့သဘောသဘာဝကိုက သူများနဲ့လိုက်ယှဉ်တာ ပုံမှန်ပါပဲ။

ဆရာမက အဲ့ခေတ်က အဆောင်နေကျောင်းသူတွေရဲ့ ဒုက္ခတွေ၊ အမောတွေ၊ အပျော်တွေကိုပါ ရေးထားတယ်။ အဆောင်နေရင်း ကိုယ့်အန္တရာယ်ကို မရှောင်နိုင်တဲ့ သူတွေအကြောင်းရောပေါ့။ အဆောင်မှ မဟုတ်ပါဘူး။ ရုံးမှာလည်း တိုးတိုးကိုဆို ဝိုင်းပြောကြတာပဲကို။ လူ့အဖွဲ့အစည်းကိုက မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သဘောကို ရေးထားတာ။ ကိုယ်ကတော့ ကြည်မေဦးပဲ ဖြစ်ချင်တယ်။ 😅

လှိုင်လည်း သနားတော့သနားပါတယ်။ သူပဲခူးပြန်သွားတာကိုတော့ ကိုယ်သဘောကျတယ်။ ကိုကိုကတော့ သူတသက်လုံးနေလာတဲ့ နေရာကိုစွန့်ပြီး နေရာအသစ်ကို ပြောင်းဖို့ အချိန်ယူရဦးမယ်ထင်ပါရဲ့။ ဆရာမ မိုးမိုး(အင်းလျား) က အိမ်ထောင်သည်ဆိုတော့ အိမ်ထောင်သည်ရဲ့ ဒုက္ခကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးနိုင်တယ်။ ဝတ္ထုက ဂျပန်လိုဘာသာပြန်ဖူးတယ်ဆိုပဲ။ ဖတ်ရတာ မောပြီး ကျန်ခဲ့တယ်။

“တကယ်တော့ ကျွန်မတို့အိမ်ထောင်ရေးကို အချစ်နှင့်ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။ အချစ်သာမပါလျှင် ကြာရှည်ပင် မြဲအံ့မထင်။ ချစ်တာတစ်ခုတည်းနှင့် မိုက်ရူးရဲအိမ်ထောင်ပြုခဲ့ကြခြင်းဟုလည်း မဆိုသာ။ ကျွန်မတို့သည် စဉ်းစားတွေးခေါ်တတ်သည့် အရွယ်တွင် အိမ်ထောင်ပြုခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော် ပစ္စည်းဥစ္စာ အလုပ်အကိုင် ပြည့်ပြည့်စုံစုံရှိမှ လက်ထပ်ကြရင်ကော။ သည်လိုသာဆိုရင်ဖြင့် လူတွေအသက်ကြီးပြီး ဘိုးဘွားရိပ်သာရောက်သွားမည်။ ချစ်ရသူနှင့် သည်တသက်ပေါင်းရဖို့ မမြင်ပါချေ။”
This entire review has been hidden because of spoilers.
1 review
September 27, 2024
I just love how Hlaing and Ko Kyi Thar understood each other and they sacrificed to make a marriage works but still in the end, the odds won and they had to face the music, which could have probably avoided, had they considered objectively before rushing to their marriage. The ending got me tears but I somehow expected this ending as the beginning gave away some hints of how this is going to be end.
Profile Image for Thar Htet Aung .
7 reviews
April 30, 2026
ဆရာမ မိုးမိုး ( အင်လျား )ရဲ့ စာအုပ်တွေထဲမှာ ဒီစာအုပ်ကို ပထမဆုံး ဖတ်ဖူးတာပါပဲ။ ဆရာမက စာဖတ်သူတွေ ကိုယ်တိုင် မဖြတ်သန်းဖူးတဲ့ ဘဝတွေကို မြင်အောင် / ခံစားနိုင်အောင် / ကိုယ်ချင်းစာနိုင်အောင် စာအုပ်ကနေ ပေးသိခဲ့တာ။ ဒီစာအုပ်ကြောင့် မြန်မာပြည်မှာ ရှိနေတဲ့ တချို့သော သူတွေအကြောင်း သိခဲ့ရပါတယ်။
Profile Image for Alma Say.
136 reviews3 followers
October 27, 2024
A solid piece of advice would be: Do not get married unless you are well-prepared emotionally, physically, and financially.
17 reviews
May 19, 2026
အရာရာမှာ အဆင်သင့်မဖြစ်​သေးဘဲ အိမ်​ထောင်ကျသွားတဲ့အခါ ဘယ်လိုမျိုးအခက်အခဲ​တွေရှိလာနိုင်လဲဆိုတာကို
ဒီစာအုပ်က ကွက်ကွက်ကွင်းကွင်းမြင်သွား​​စေတယ်..

ခု​ခေတ်လူငယ်​တွေ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ...
Displaying 1 - 7 of 7 reviews