Jump to ratings and reviews
Rate this book

မိုးညအိပ်မက်မြူ

Rate this book

Paperback

5 people are currently reading
68 people want to read

About the author

ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။

မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။

မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။

စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
26 (37%)
4 stars
27 (38%)
3 stars
12 (17%)
2 stars
3 (4%)
1 star
2 (2%)
Displaying 1 - 6 of 6 reviews
Profile Image for sushi.
36 reviews3 followers
June 5, 2021
Well this is quite devasting novel and one of cliffhanger novels.
10 reviews
August 26, 2021
The classic Myanmar novel which serves both as educational and entertaining one. The characters there are very humans.
Profile Image for Thida.
264 reviews34 followers
June 30, 2022
This is one of my favorite books by Sayar Tekkato Phone Naing. I have been reading a couple of books by the author, but I didn't like any of them. As I haven't read Moe Nya Eainmet Phyu in many years. I thought I won't like it anymore but I still do. However, the book's poor printing quality got on my nerves so I won't be keeping the book.
Profile Image for Wai Zin.
178 reviews9 followers
December 7, 2022
I first read this book when I was about 12 years old.

I didn’t understand it very well then, besides I was distracted by the mystery part of the story. Actually I was scared shitless by that part 😁 and I read that part for many many times. As a boy I really liked scary stories. But the other parts bore me.

I read it again now and it’s very interesting and well written book. However I don’t like the ending though. This is a psychological thriller not a love story. You don’t always need a happy ending, well for me anyway. And dialogues were a little cringe 😬 .

3.5 stars ⭐️ .
1 review1 follower
Want to read
September 14, 2021
ok
This entire review has been hidden because of spoilers.
Profile Image for Htet Aung.
59 reviews3 followers
June 19, 2025
စာအုပ်အမည် : မိုးညအိပ်မက်မြူ(တက္ကသိုလ် ဘုန်းနိုင်)

ဆရာ့စာအုပ်တွေက စိတ်ပညာပတ်သတ်ပီး ပညာပေးလေးတွေ အမြဲပါတယ်
သာမန် မထင်ထားမိတဲ့ ကရုမပြုမိတဲ့ ကိစ္စလေးတွေ
ဒါပေမဲ့ သာမန်လူအတွက် ရိုးရိုး- ဘာမှ အဆန်းတကြယ်မဟုတ်တာလေးတွေကလေ
စိတ်ဒဏ်ရာ အခံရှိနေသူမှာကတော့ ကြီးမားတဲ့ ပြဿနာကြီးဘဲ - Right Medication, Right Care, Right Mindset, Right Person ရှိနေဖို့ သိပ် အရေးကြီးတယ်
မဟုတ်ရင် အသက်တောင် သေသွားနိုင်တယ်လေ ❤️‍🔥
အားလုံးကို နားလည်ပေးနိုင် . Healing လုပ်ပေးနိုင် . အမှောင်ထဲက ဆွဲထုပ်ပေးနိုင်တဲ့သူရဲ့ လက်ကိုဆွဲထားနိုင်ပီဆိုရင်တော့ - ဆွဲခွင့်ရပီဆိုရင်တော့ ဘဝကြီးက live Happily ever after ပါဘဲ 😘

#တက္ကသိုလ် ဘုန်းနိုင်
#Suu80
#suu80thbirthday
#booksbooksbooks
#reading
#HtetHtetAung
#မိုးညအိပ်မက်မြူ
Displaying 1 - 6 of 6 reviews

Can't find what you're looking for?

Get help and learn more about the design.