What do you think?

မယ့်ကိုယ်စားမွှေးမြလေသလား
440 pages, Paperback
First published June 1, 1985
About the author
ငြိမ်းကျော်
15 books7 followersစာရေးဆရာငြိမ်းကျော်ကို ဖခင်ဦးအေးမောင်၊ မိခင် ဒေါ်အုန်း တို့က ပေါက်တောရပ်ကွက်၊ အင်းစိန်မြို့တွင် ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်ကြာသာပတေးနေ့တွင် မွေးဖွား ခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်၍ ငယ်မည် အပါ ဖြစ်ပြီး အမည်ရင်း ဦးမောင်မောင်ကြီး ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဆရာမကြီးဒေါ်ချစ်မေကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး အင်းစိန်မြို့ဆရာကြီး ဦးငွေထွန်း ကျောင်း၌ စတုတ္ထတန်းစကောလားရှစ် ပညာသင်ဆုရရှခဲ့သည်။ ငြိမ်းကျော်သည် ဟိုက်စကူးဖိုင် နယ်စာမေးပွဲအောင်မြင်ပြီးနောက် စတင်၍ကဗျာ၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။ မောင်ယမုန် အမည် ဖြင့်ရေးသားခဲ့သော ချစ်သည်သာဆိုရုံမျှနှင့် ဝတ္ထုတို ကို မြဝတီမဂ္ဂဇင်းတွင် စတင်ဖော်ပြခြင်းခံရသည်။ တစ်ချိန်တည်း ပင် ငြိမ်းကျော် ဟူသော ကလောင်အမည်ဖြင့် ပထမဦးဆုံး ရေးသားသော ကိုဘောဂ ဝတ္ထုတိုကိုလည်း မြဝတီမဂ္ဂဇင်း ၌ပင် စတင်ဖော်ပြခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၆၄ ခုနှစ်တွင် နည်းပြသိပ္ပံ အလွတ် ပညာသင်ကျောင်းမှ အောင်မြင်ခဲ့ပြီး ၁၉၆၅ ခုနှစ်၌ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ပညာ ဆက်လက် သင်ကြား ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ဒေါ်ခင်သန်းနှင့်လက်ထပ်သည်။ ပထမနှစ် မြန်မာစာကျောင်းသားဘဝတွင် ရေးသားခဲ့သော မြန်မာပြဇာတ် ရေစီးကြောင်း သုတေသနဆောင်းပါးကို တက္ကသိုလ်ပညာပဒေသာ စာစောင် တွင် ဖော်ပြခြင်းခံခဲ့ရသည်။ မြန်မာဂန္ထဝင်စာပေ၊ ရှေးဟောင်း မြန်မာနိုင်ငံသမိုင်း၊ အရှေ့တိုင်း ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများကို တက္ကသိုလ်ပညာပဒေသာစာစောင်နှင့် အခြားပြည်တွင်းပြည်ပ စာစောင်များတွင်တစ်ဆက်တည်း ရေးသားခဲ့သည်။ ရေးသားခဲ့သောစာပေများတွင် ရှေးဟောင်းသုဓနု မနော်ဟရီဇာတ်နှင့် သမိုင်းကြောင်း သုတေသန အမည်ရှိ သုတေသနစာအုပ်နှင့် ၈ဝ၂ ခုနှစ် သရေခေတ္တရာ တရုတ် နိုင်ငံရောက် ပျူဂီတအဖွဲ့၊ တူရိယာနှင့် စကေး စာတမ်းများမှာ ထင်ရှားခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ငွေတောင်၊ သုဓနု မနော်ဟရီဇာတ် နှင့် သမိုင်းကြောင်းသုတေသန စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ သုတပဒေသာ (ဝိဇ္ဇာပညာရပ်)ကို ရရှိခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းတွင် ၁၉၇၂ ခုနှစ်၌ အထွေထွေလက်ထောက်အတွင်းရေးမှူးတာဝန်ကို ထမ်းရွက်ခဲ့ သည်။ ၁၉၇၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (မြန်မာစာ) တန်းကို ဘာသာရပ်အားလုံး၌ စကားပြေအထူးဆုဖြင့် အောင်မြင်ပြီး မဟာဝိဇ္ဇာဝင်ခွင့် အဆင့်မီခဲ့သည်။
လုံးချင်းဝတ္ထုစာအုပ်ပေါင်း ၅၄ အုပ်၊ ဝတ္ထုလတ် ၄ဝ၊ ဝတ္ထုတိုအပုဒ် ၁ဝဝ ကျော်၊ ဆောင်းပါး ၁၄ ပုဒ်၊ သုတေသန စာတမ်းခုနှစ်စောင်၊ သုတေသနစာအုပ် တစ်အုပ်တို့ကိုရေးသား ထုတ်ဝေခဲ့ပြီး ယင်းတို့အနက်မှ ဝတ္တု ပေါင်းများစွာကို ရုပ်ရှင် ဇာတ်ကား နှင့် ဗီဒီယိုဇာတ်လမ်းများအဖြစ် ရိုက်ကူးထုတ်လုပ် ခဲ့ပြီး ဖြစ်သည်။ ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ထားခဲ့ပြီ ကိုယ်ပိုင်လုံးချင်းဝတ္ထုကို ဗီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူး ခဲ့သည်။
နောက်ဆုံးရေးသားခဲ့သော လုံးချင်းဝတ္ထုစာအုပ်မှာ အချစ်ရယ် တောင်စွယ်မှာ နေကွယ်မှဖြင့် ပထမ၊ ဒုတိယ နှစ်အုပ်တွဲဝတ္တုဖြစ်သည်။ စာရေးဆရာငြိမ်းကျော်သည် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက် အင်္ဂါနေ့တွင် ပေါက်တော ရပ်ကွက်၊ အင်းစိန်မြို့နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်သန်းနှင့် သားသမီး ခုနှစ်ယောက် ကျန်ရစ်ခဲ့သည်။[၁]

Ratings & Reviews
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
No one has reviewed this book yet.