မြန်မာစာနဲ့ ပတ်သက်တဲ့ ဗဟုသုတအတွက် အတော်ကို အထောက်အကူပြုပါတယ် ဖိုးသူတော်ဦးမင်းရဲ့ ဆယ်နှစ်လရာသီဘွဲ့တွေကို သုံးသပ်ရာမှာ စကားလုံးအသုံးအတွက် အခြားသော ကဗျာများနဲ့ နှိုင်းယှဉ်ပြတယ် ရာသီပန်းတွေနဲ့ ပတ်သက်လို့ အခြားစာဆိုတွေရဲ့ ကဗျာတွေစာတွေထဲက ရာသီပန်းနဲ့ မတူညီတာတွေရှိရင် ဘာတွေမတူလဲ ဘာကြောင့်ဖြစ်မလဲ သုံးသပ်တာတွေနဲ့ နက္ခတ်အမည်တွေ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် တချို့နက္ခတ်နာမည်တွေကို ပါဠိစာလုံးစစ်စစ်လို့ ထင်ခဲ့ဖူးပေမယ့် အခုမှပဲ မြန်မာမှုပြုထားတဲ့ မွေးစားစကားလုံးဖြစ်မှန်း နားလည်လိုက်တာတွေလည်းရှိတယ်။ အခြားသော စာတွေထဲမှာ သတ်ပုံအတွက် အဆုံးအဖြတ်တွေရယ် အခုခေတ်မှာ မသုံးတော့တဲ့ စကားလုံးတွေရယ် အဘိဓာန်ရှာပုံတော်ထဲက နေ့စဉ်သုံး စကားလုံး နမူနာတွေရယ်ကို အတော်လေး သဘောကျမိတယ်။