What do you think?

သပိတ်မှောက်ကျောင်းသား
557 pages, Paperback
Published January 1, 2014
About the author
သိန်းဖေမြင့်
9 books9 followersသိန်းဖေမြင့် (ငယ်အမည် သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသား သည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ပေါင်းထည့်ခဲ့ သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မှ BA (ဘီအေ) ဘွဲ့ ရရှိခဲ့ သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင်ကျကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ သည်။ သိန်းဖေမြင့် (သခင် သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာ တစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေး စာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသော ဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ် နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
သိန်းဖေမြင့် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အတွင်း စာပေစတင်ရေးသားခဲ့သည်။D E ၁၉၃၇တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် တက်ဘုန်းကြီးF မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်း လင်း ဖော်ပြထားသောစာပေဖြစ်သည်။ သူ၏ မိတ်ဆွေဖြစ်သော တို့ဗမာ အစည်းအရုံးဝင် သခင်နု က ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ယင်း ကြိုတင်တုံ့ပြန်သည့် စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာ လူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ကြီး တစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက် မှုများခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ-
တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး)
တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး)
သပိတ်မှောက် ကျောင်းသား
သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ )
အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ
ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ
What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ခ်ျ) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။
၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ [၃] ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ စာပေစိစစ်ရေးဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။

Ratings & Reviews
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
Displaying 1 - 1 of 1 review
March 23, 2022
ဒီစာအုပ်ကို ဝယ်တုန်းကခေတ်ကောင်းတုန်းကပေါ့။ စာအုပ်ဝယ်ရင် ဘယ်နေ့ကဝယ်တယ်ဆိုတာ ရေးမှတ်လေ့ရှိတော့ စာအုပ်ဝယ်ထားတာ ၂၀၁၅ ကတည်းက။ အခုမှဖတ်ဖြစ်သွားတာ။
သပိတ်မှောက်ကျောင်းသားရဲ့ပထမပိုင်းက စကားချီးများတယ်။ ကျောင်းသားတွေရဲ့ နေရပ်ကနေကျောင်းကို လာချိန်မိဘတွေနဲ့ခွဲရလို့ ဝမ်းနည်းရတာတွေ၊ ကျောင်းရောက်တော့လည်း ပုံမှန်နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကျောင်းသားနဲ့ဆရာကြားပြဿနာတွေကို ရေးထားတာတွေ့ရတယ်။ မျိုးချစ်စိတ်ပြင်းထန်တဲ့ကျောင်းသားတွေကတော့ ကျောင်းပြင်ပချိန်တွေမှာ တတ်စွမ်းသမျှ ပတ်ဝန်းကျင်ကို ပြန်အကျိုးပြုနေတာတွေကိုပါ မှတ်သားရတယ်။ ပထမပိုင်းမှာ စိတ်အထိခိုက်ရဆုံးကတော့ ကျောင်းသူကိုအရက်မူးအောင်တိုက်ပြီး အဓမ္မကျင့်တာပဲ။ အဲ့အကြောင်းဖတ်ပြီးတော့ ၂ ရက်လောက် စာအုပ်ကို ဆက်မဖတ်နိုင်အောင် ဖြစ်မိတယ်။ ဆရာဖြစ်တိုင်း နိုင့်ထက်စီးနင်းဆန်တာတွေဖတ်ရတော့ ရွံတယ်။
ဒုတိယပိုင်းမှာ ဖတ်ရတာပိုသွက်လာတယ်။ ကိုနုကျောင်းထုတ်ခံရတာနဲ့ ပတ်သတ်ပြီး သပိတ်မှောက်ဖို့အကြောင်းဖန်လာတယ်။ ကိုနုအရင်ကထုတ်ခံရတဲ့ကျောင်းသားတွေလည်းရှိပါတယ်။ ဘာလို့ကျောင်းထုတ်လိုက်တာလဲဆိုတော့ Roll call ခေါ်တာကို ပြန်ဖြေတော့ Sir ထည့်မဖြေလို့တဲ့။ ဘယ်လောက်တောင် နိုင့်ထက်စီးနင်းဖြစ်တဲ့ အုပ်ချုပ်ရေးယန္တယားဆိုတာ တွေ့ရတယ်။ သပိတ်မှောက်တာတွေကို ဖတ်ရတော့ အားရလိုက်တာ။ အဲ့ဒီခေတ်က မိန်းမတွေကလည်း စွမ်းစွမ်းတမံပါဝင်တယ်။ ရွှေတဂုံရင်ပြင်မှာ ဖြစ်သလိုအိပ်၊ ဖြစ်သလိုစားပြီး လိုချင်တာကို ရအောင်ယူမဲ့ စိတ်နဲ့နေကြတာကို ဖတ်ပြီး ဝမ်းနည်း၊ဝမ်းသာဖြစ်မိတယ်။ ကျောင်းသား၊ ကျောင်းသူအချင်းချင်းကြားထဲမှာလည်း မောင်နှမလိုဆက်ဆံဖို့ ကတိထားကြတယ်။
အဓိကဇာတ်ကောင်တွေအကြောင်းဖတ်ရင်း သူတို့လှုပ်ရှားမှုတွေနဲ့ ကိုယ်တွေပါမျောမျောပါသွားရတယ်။
ကိုသောင်းဖေအကြောင်းဖတ်ရတော့ သနားပိုမိတယ်။ သူ့ခမျာ သပိတ်ကိုလာပေါင်းပေမဲ့ သူ့လိပ်ပြာသူမလုံတာနဲ့ပဲ စိတ်ဒုက္ခပင်လယ်ဝေရရှာတယ်။ သူ့ညီမသောင်းရီလေးလည်း သူ့အကိုကြောင့် သပိတ်မှာ ပြည့်ပြည့်ဝတ မပါဝင်နိုင်ခဲ့ရှာဘူး။
ထားမြင့်ကိုတော့ အရမ်းထက်တဲ့မိန်းကလေးလို့ ပထမပိုင်းကမထင်ရပေမဲ့ သူ့ဇာတ်ကောင်ကနောက်ပိုင်းပိုကြွလာတယ်။ ကိုညိုထွန်းကို မေတ္တာသက်ဝင်ပေမဲ့ သပိတ်အတွင်းသူ့ခံစားချက်က်ို မြိုသိပ်နေနိုင်တယ်။
ဘနားဂျီနဲ့ကိုမြနဲ့ကိုတော့ အမြင်ကပ်တယ်။ သူတို့ကြောင့် သပိတ်လှန်လိုက်ရတာ။ အထူးသဖြင့် ဘနားဂျီကို အမြင်ကပ်တယ်။ သပိတ်အစပိုင်းမှာ ရှေ့ထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အစိုးရမင်းများနဲ့ပေါင်းပြီး ရိုက်စားလုပ်ချင်တယ်။
ဒီထဲမှာ အသနားဆုံးကတော့ ကိုညိုထွန်းပဲ။ စာအုပ်ဖတ်ပြီး ကိုညိုထွန်းအကြောင်းစဉ်းစားရတာ အိပ်တောင်မပျော်ဘူး။ ဇာတ်ကို တခြားဘယ်လို သိမ်းလို့ရမလဲတောင် ထိုင်စဉ်းစားနေမိတဲ့အထိပဲ။ တကယ်တော့ ဆရာသိန်းဖေမြင့်က သူ့ကိုယ်သူ ကိုညိုထွန်းနေရာမှာထားရေးတာလားမသိဘူးရယ်။
ဒီစာအုပ်ကို ဖတ်ရချိန်မှာ ဪ ငါတို့တော်လှန်ရေးနဲ့ဒီနေရာမှာလည်းတူရဲ့၊ ဟိုနေရာမှာလည်း တူရဲ့နဲ့ စဉ်းစားနေမိတယ်။ အထူးသဖြင့်ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အထက်တန်းကျောင်းသားကို စက်ဘီးနဲ့တက်နင်းတဲ့အခန်းရယ်၊ ဖမ်းပြီး ခန်ဝံထိုးပြီး ပြန်လွှတ်တဲ့အခန်းရယ်ပေါ့။ ပြီးတော့ သပိတ်စုရုံးတာတွေရောပေါ့။
ဒီစာအုပ်ရေးတုန်းက မြန်မာတွေက ရုရှားကိုအတော်သဘောကျပုံပေါ်တယ်။ ပေးတဲ့ဥပမာတော်တော်များများက ရုရှားနဲ့ယှဉ်ယှဉ်ပြီးရေးတယ်။ ကွန်မြူနစ်တွေလားမသိဘူးလို့တောင် စဉ်းစားမိတယ်။
သပိတ်လှန်တဲ့အခန်းရောက်တော့ ကိုယ့်မှာ သူတို့နဲ့ရောယောင်ပြီး အသက်ရှူတွေပါကြပ်ရတယ်။ စာအုပ်ထဲမှာလည်း ကြိတ်မနိုင်ခဲမရဖြစ်လို့ ငိုသူငို၊ မူးလဲသူမူးလဲနဲ့။ သပိတ်က စုစုပေါင်း ၃ လနီးပါးတော့ကြာလိုက်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့အမှာစာထဲမှာပါတာတော့ သခင်အောင်ဆန်းလည်း သပိတ်လှန်တဲ့အထဲမှာ ပါတယ်မောင်ရေ။
ဖတ်ရတာတော့ တ’ဝ’ကြီးပဲ။ ဖတ်ရင်းနဲ့ကျောင်းသားနဲ့အလုပ်သမားတွေဟာ ခေတ်အဆက်ဆက်သမိုင်းမရိုင်းခဲ့ဘူးဆိုတာတွေ့ရတယ်။ ၁၉၃၇ ကရေးထားတဲ့စာအုပ်ဆိုတော့ တချို့အမြင်မတူတာတွေရှိပေမဲ့ ခေတ်မှမတူတာဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။
အောက်ကတော့ ထုံးစံအတိုင်း ကိုယ်ကြိုက်လို့မှတ်ထားတဲ့ စာအုပ်ထဲက စာသားတချို့ပါ။
‘ကျုပ်တို့တိုင်းပြည်မှာ လူတယောက်ရဲ့ပညာသင်ကြားရေးအတွက် တစ်နှစ်ကို အစိုးရက တစ်ကျပ်သာသုံးတယ်။ ဘိလပ်မှာ ၂၃ ကျပ်၊ ဂျပန်မှာ ၁၁ ကျပ်၊ ကနေဒါမှာ ၄၈ ကျပ်၊ အမေရိကန်မှာ ၆၃ ကျပ်၊ ရုရှားမှာ ၁၅၈ ကျပ်သုံးတယ်။’
‘လူကြီးတိုင်းဟာ လူရှော်ချည်းပဲ။ တိုင်းပြည်အတွက် ဘယ်သူမှမစွန့်စားကြပါဘူး’
‘သပိတ်မှောက်ရတာဟာ တိုးတက်ရေးလမ်းကို တန်းဝင်မိတာပဲလို့ ယူဆရမယ်။ သပိတ်မှောက်တာဟာ နိုးကြားတာကိုလည်း ပြတယ်။ နိုးကြားလေ သပိတ်မှောက်လေပဲ။’

This entire review has been hidden because of spoilers.
Displaying 1 - 1 of 1 review