Caesar Min101 reviews55 followersFollowFollowDecember 31, 2022ငယ်စဥ်ကျောင်းသားဘဝကတည်းက ရင်းနှီးနေသောစာအုပ်ဖြစ်သော်လည်း မေ့တေ့တေ့ဖြစ်နေ၍ တဖတ်ပြန်ဖတ်ကြည့်မိရာ ဂျပန်ခေတ်က မြန်မာပြည်လယ်သမားတဦး၏အကြောင်းမှာ ကနေ့ခေတ်ထိတိုင်အောင်ဆီလျော်နေဆဲဖြစ်သည်ကို အံ့သြစွာတွေ့ရှိရသည်။ ယခုအချိန်ထိတိုင်အောင် ခေတ်အဆက်နိုင်ငံရေးအပြောင်းအလဲ၊ တော်လှန်ရေးအမျိုးမျိုးကြားတွင် တောင်သူလယ်သမားတို့၏ပိုင်ဆိုင်မှု အသက်အိုးအိမ်၊ စည်းစိမ်များမှာ (ပုံစံသာမတူကွဲပြားနိုင်သော်လည်း) ပျက်စီးဆုံးရှုံးပုံများမှာ တပုံစံတည်းတူနေဆဲပင်ရှိသည်။ ယခု ငဘစာအုပ်ကိုဖတ်မိပြီး (ကနေ့ ၂၀၂၁-၂၀၂၂ မြန်မာပြည်အဖြစ်အပျက်များကိုလည်း ခံစားသိနေသည်ဆိုလျင်) သင်သည် မြန်မာပြည်တွင် တောသူတောင်သားလယ်သမားဖြစ်ရသည်မှာ ခေတ်အဆက်ဆက် ဘယ်တုန်းကမှမကောင်းခဲ့သည်ကိုသိရပေမည်။ ဇတ်လမ်းထဲတွင် လူငယ်တော်လှန်ရေးသမားက 'ကျုပ်လိုလူမျိုးကို ဘယ်နှယ့်ကြောင့်ယုံသလဲ'ဟု မေးသောအခါ ငဘပြောသောအောက်ပါစကားလုံးလေးကိုတော့ အတော်နှစ်ခြိုက်မိသည်:"ကျုပ်တော့ မောင့်လိုအကျိုးရယ် အကြောင်းရယ် ဖွဲ့နွဲ့မပြောတတ်ဘူး၊ ကျုပ်တို့တောသားအမြင်နဲ့ပြောရရင် လူငယ်ဆိုတာ အတွယ်အတာ သံယောဇဥ်မငြိသေးတဲ့ လူတစ်မျိုးပဲ၊ ဒီတော့ သံယောဇဥ်ခင်တွယ်ပြီး တစ်ကိုယ်ကောင်းကြံတဲ့သဘောနဲ့ လူကြီးများလို မညစ်ပတ်တတ်သေးဘူး၊ မှန်တာဖြောင့်တာလောက်ပဲ လုပ်တတ်သေးတယ်။ ဒါကြောင့် ယုံကြည်တာပဲ"