Jump to ratings and reviews
Rate this book

နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်

Rate this book

405 pages, Unknown Binding

Published September 1, 2012

Loading...
Loading...

About the author

မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ အမှတ် ၄ ပထမထပ်၊ အခန်း ၅ တက္ကသိုလ်ဆရာများ ရိပ်သာသစ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ပညာရေး

အင်းဝမြို့ ကျုံးထိပ်ရပ် အစိုးရမူလတန်းကျောင်းတွင် ပညာစတင် သင်ယူခဲ့ပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ မှ ၈၅ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

စာပေခရီး

၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ဆုများ

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံး ဆုချီးမြှင့်သည့် The Man Asia Literary Prize စာပေဆု ပထမဆင့် ဆန်ကာတင် ရွေးချယ်စာရင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာရာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်စသော အာရှနိုင်ငံများမှ စာရေးဆရာ ၂၃ ဦးအနက် မြန်မာစာရေးဆရာမ နုနုရည်အင်းဝ လည်းပါဝင်ခဲ့သည်။

စာပေလက်ရာများ

၁။ ကာလာရောင်စုံ အမြန် (၁၉၉၀)
၂။ ကြောင်ညိုပါးရယ် စားတတ်လှတယ်နှင့် အခြားဝတ္ထုတိုများ
၃။ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ (၁၉၈၈)
၄။ တချို့အဆင်းလှ၊ တချို့အဆင်းမလှ (၁၉၈၆)
၅။ ဒိုးကြေးနှင့် အခြားဝတ္ထုတိုများ (၁၉၉၁)
၆။ ၂၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမတယောက် (၁၉၉၀)
၇။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ (၁၉၉၄)
၈။ ဖိုးရွှေလ မဂ္ဂဇင်း ဝတ္ထုရှည်များ (၁၉၉၃)
၉။ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့ (၁၉၈၆)
၁၀။ မရဲတရဲ ဘာဝယ်မလဲရှင်
မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း လူကြမ်းတရာ (၁၉၉၂)
၁၁။ မြစိမ်းပြာ ကမာရွတ် (ပ၊ ဒု၊ တ) (၁၉၉၃)
၁၂။ လဝန်းစက်ဝိုင်း ထက်ပိုင်းဖြတ်ကြွေ (၁၉၉၁)
၁၃။ လက်ရွေးစင် မြန်မာဝတ္ထုတိုများ ပေါင်းချုပ် (၁၉၉၆)
၁၄။ သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား နေတော့ ချုံကြား (၂၀၀၀)
၁၅။ အနီလား အဝါလား အစိမ်းလား (၁၉၈၉)
၁၆။ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား (၁၉၈၈)
၁၇။ အိပ်နေရင်ည နိုးနေရင်နေ့ (၁၉၉ဝ)
၁၈။ အို ကိုဖိုးမြနှင့် မစ္စတာ စမစ် မင်္ဂလာပါရှင် (၂၀၀၁)

ကိုးကား။ ။
နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာရွှေတောင် စာအုပ်တိုက်

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
11 (34%)
4 stars
11 (34%)
3 stars
9 (28%)
2 stars
1 (3%)
1 star
0 (0%)
Displaying 1 - 4 of 4 reviews
Profile Image for May.
25 reviews
January 19, 2022
Read that just when I was at the age of 28. The very first book that reflects my childhood, life and behavior.

The presentation of the village lives and cultures is nicely done.
Profile Image for Norah Theint.
8 reviews
September 15, 2020
Quite boring for me as the one who aren't usually interested in others' biography or smth
2 reviews
January 10, 2026
She was so real, honest, cruel and brave for this!
Displaying 1 - 4 of 4 reviews