Jump to ratings and reviews
Rate this book

လွမ်းပါလေရစ် သည်သောင်ငွေဦး

Rate this book

324 pages, Unknown Binding

1 person is currently reading
24 people want to read

About the author

ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။

မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။

မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။

စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
4 (50%)
4 stars
2 (25%)
3 stars
0 (0%)
2 stars
2 (25%)
1 star
0 (0%)
Displaying 1 - 2 of 2 reviews
Profile Image for Htet Aung.
59 reviews3 followers
June 18, 2025
💔ခုနောက်ပိုင်း စိတ်နှလုံးထိခိုက်စရာ suicide သတင်းတွေ ခဏခဏကြားရတိုင်း ကိုယ်တော့ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ 'လွမ်းပါလေရစ် သည်သောင်ငွေဦး ' စာအုပ်လေး သွားသွားသတိရတယ် ...❤️‍🔥❤️‍🔥❤️‍🔥

စာအုပ်အမည် : လွမ်းပါလေရစ် သည်သောင်ငွေဦး (တက္ကသိုလ် ဘုန်းနိုင်)

ဆရာက ကဗျာ-စာ နှံ့စပ်တာကော စိတ်ပညာပါမောက္ခဖြစ်နေတာကောက သူ့စာအုပ်တွေမှာ ထင်ဟပ်ပြနေခဲ့တာ
ကိုယ်သူ့စာအုပ်တွေကို စ ဖတ်မိတဲ့အချိန်မှာ
ရသစာပေရဲ့ feeling စစ်စစ် ရယ် Psychology ကို ထဲထဲဝင်ဝင် လေ့လာချင်စိတ်ရယ် ဖြစ်ခဲ့ရတယ်
ဒီစာအုပ်ကလည်း လက်က မချနိုင်အောင် နှစ်သက်သွားမိမယ့် စာအုပ်လေးပါဘဲနော်

စိတ်ပညာ ကို အဓိက ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေး🥰ကဗျာတွေ စာတွေ ပတ်ဝန်းကျင် တောတောင်ရေမြေအလှတွေဖတ်လိုက်ရတော့ သဘာဝပတ်ဝန်းကျင်/ကမ္ဘာမြေကြီးကို ပိုမိုချစ်စိတ်တွေ တိုးပွားလာတာပါဘဲ

ဇာတ်လိုက်ရဲ့ဆရာ ပါမောက္ခဦးသောင်းထိုက် ရဲ့စကားလေးလဲမှတ်သားမိပါရဲ့
"ဘေးလူ ဘေးပယောဂ ဘေးအခြေအနေတွေ ကြောင့် လူတွေက ကိုယ့်ကိုကိုယ်သတ်သေတာ မဟုတ်ဘူး။ နာဇီစစ်အကျဉ်းစခန်းမှာ လို နှိပ်စက်မှုမျိုးစုံထဲက လူဟာ ...လူကောင်းဟာ ..ကိုယ့်အသက်ကိုယ် အစွမ်းကုန် စောင့်ရှောက်ထားတယ်။ လူပြိန်းတွေ အနေနဲ့ကတော့ မဆိုင်တာကို တရားခံထင်တတ်ကြတယ်။
ဥပမာ - စာမေးပွဲမအောင်လို့ ရေထဲဆင်းသေတယ်။ စာမေးပွဲကို တရားခံထင်တယ်။ အမှန်က သူဟာ အဲ့ဒါနဲ့ သတ်မသေလည်း နောင်မှာ တကြောင်းကြောင်းပြပြီး သတ်သေဦးမှာပဲ။ ချစ်သူနဲ့ လွဲလို့ သတ်သေတယ်။ ချစ်သူဟာ တရားခံလို ဖြစ်နေတယ်။ အမှန်က ချစ်သူနဲ့ ရလည်း တခြား အကြောင်းပြပြီး သတ်သေဦးမှာပဲ။ ဘာလို့လဲ ဆိုတော့ ရောဂါက ဖြစ်နေပြီကိုး ။ ရောဂါ ရဲ့ လက္ခဏာအတိုင်း အဆုံးထိ ခရီးသွားနေပြီကိုး ။
အတိုချုပ် ပြောရရင် ကိုယ့်ကိုယ်ကို သတ်သေခြင်းဟာ ရောဂါတစ်ခု ၊ စိတ္တဇရောဂါ တစ်ခု ..."

စိတ်ပညာဟာ သိပ်ကိုနက်နဲတာကို မြင်လိုက်ရတယ်
ကိုယ့်စိတ်အကြောင်း ကို ကိုယ်အလုံးစုံ နားလည်ဖို့ ကြိုးစားရမယ် Mindfulness /Awareness ကို လေ့ကျင်ရမယ် လို့ခံစားရပီး မြတ်စွာဘုရားရဲ့ သတိပဌာန်ကို ရင်ထဲကနေ ဦးညွတ်ကန်တော့မိတယ်

ဇာတ်လိုက် ကိုစောထွေး ကို သူ့ဆရာက ဗုဒ္ဓ ရဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ ကမ္မဋ္ဌာန်း တရားထိုင်ခိုင်းပြီး စိတ်ကို ပြန်တည်ဆောက်ခိုင်းတာလဲ တွေ့ရတယ်🙏

ဒီစာအုပ်ကနေ တဆင့် စိတ်အကြောင်း များကြီးသိနားလည်လာမှာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်
Displaying 1 - 2 of 2 reviews

Can't find what you're looking for?

Get help and learn more about the design.