Blue Five17 reviewsFollowFollowSeptember 12, 2026ဒီတခါလဲချစ်လျက်နဲ့ပင် ဝေးကြ ခွဲကြရပြန်ပြီပါ ကလား... လူငယ်ရေးရာ ပြဿနာ အခါခါဝယ် လူကြီး တို့စီမန်ပေးထားသော ပတ်ဝန်းကျင် သို့မဟုတ် အတိတ်က လူကြီးမိဘ တို့ရဲ့ဖြစ်ရပ်တွေက ပဲ ဘာမှမသိနားမလည် တဲ့ကလေး တွေကိုမှ ကြီးပြင်းလာတဲ့အခါမှာ ထိုကလေးတွေကို လဲ အတိတ်ထဲမှာ ပိတ်ထားမိကြရလေမလား မပြောတတ်။ ဆရာ့ရဲ့အရေးအသားတွေက အရမ်းကိုပြောင်မြှောက်လှပါတယ်။ ရှမ်းစော်ဘွား အနွယ်တွေနဲ့ ဖြစ်ပျက်တတ်တဲ့ နိုင်ငံရေး ပြသနာအနည်းငယ်ဝယ် နဲ့ ဇာတ်အိမ်တည်ထားပြီး နိုင်ငံခြားမှ ပြန်လာကြသော မြန်မာ လူမျိုး တို့ပြန်လည် ဆုံတွေ့ရာ Queen Maryသေဘ်ာ ပေါ်မှာ အချစ်ကစတင်ပေါ်ပေါက်လာခဲ့လေတယ်။ "ကိုစောနိုင်ပြောရမယ်ဆိုရင်တော့ အခုကြုံတွေ့နေရတဲ့ မျက်မှောက် ပာ္ဆန်ဟာ ကိုစောနိုင်ရဲ့ ဘဝမှာ အံ့သြဖွယ်အကောင်းဆုံး အသာယာဆုံး လှပဆုံး အချိန်ရယ်လို့ မှတ်ယူရမှာပဲ အစော””စောစန္ဒာနွယ်သည် ကိုစောနိုင်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီးနူးညံ့စွာမေးသည်။“ပြီးတော့ကော..””“ပြီးတော့ကော ဆိုရင်ဖြင့် ….မနက်ဖြန် ဆိုတာဟာ မရှိစေချင်ဘူး”ဒီလိုပဲအချစ် ကိုစတင်ပေါ်ပေါက်ရာမှာ ဖြစ်တတ်တဲ့ ခံစားချက်လေးတွေကို နစ်ဝင်လာအောင် ဖန်တီးထားနိုင်စွမ်းက လုံးဝကို ဆက်ဖက်ချင်လာအောင် ဆွဲဆောင်ထားလွန်းပါတယ်။ “အစောရယ်၊ အစောကို မြစိမ်း ပင်တိုင်နန်းသူလို့ ခေါ်လို့ ကိုစောနိုင်ကို ခွင့်လွှတ်ပါ၊ အမှန်က အစောကို မြစိမ်း ပင်တိုင်နန်းသူ အဖြစ်ပဲ စိတ်လှည့်စားပြီး ကိုစောနိုင် မှတ်ယူထားရတယ်၊ အစောကို စိမ်းသူအဖြစ် မမြင်ချင်ဘူး ချစ်သူ ရယ်လို့ တမ်းတနေရလေသမျှ ကိုစောနိုင်အတွက် သောကတွေဟာ ဆုံးနိုင်လေမှာ မဟုတ်ဘူး အစော..." ရှမ်းပြည်ဘက်ကို သွားရောက်လည်ပတ်စေသကဲ့သို့ ခရီးစဉ်သလျှောက်လှပတဲ့ ရှုခင်းတွေကို သေချာစွာရေးဖွဲ့တည်ကုံးထားတာ ဖြစ်ပြီး ဆရာ့ရဲ့ မတူခြားနားစွာရေးသားပြောင်မြှောက်လှတဲ့ အရေးသားတွေကြောင့်ပဲ ဆုံးအောင်ဖတ်ပြီး ချစ်လျက်နဲ့ပင် လွမ်းနေရပါလေတကား...
Feenhafthanni23 reviewsFollowFollowDecember 6, 2022'ကျေနပ်ဖွယ်မရှိတဲ့ အတိတ်ကို ပိုင်ဆိုင်နေရသူတွေအတွက်တော့ အနာဂတ်ကို ရောက်လာစေချင်ကြမှာပဲ၊ ဒါပေမယ့် လှပသာယာတဲ့ ပစ္စုပ္ပန်ကို ခံစားနေရတဲ့ လူတစ်ယောက်အနေနဲ့တော့ မရေရာတဲ့ အနာဂတ်ဆိုတာကို ကြောက်လန့်မိပါတယ် အစော..'
Thida264 reviews35 followersFollowFollowMay 14, 2017I like the writing style but the ending is too predictable. The title itself is a dead giveaway of course.myanmar owned
May Yunn Lae Oo42 reviewsFollowFollowOctober 11, 2026ML and FL deserved to be together but had to separate for stupid reasons I would say.Beautifully written with unbearable angst.