Blue Five17 reviewsFollowFollowSeptember 22, 2026ဤမြေမှသည်" ဝထ္တု က အချစ် တစ်ခုတည်းမဟုတ်ပဲ ရပ်ကွက်လူနေမှုဘဝ တွေနဲ့ ပညာတတ် တို့ရဲ့ ထုံးစံအတိုင်း အချစ် ကိုနှလုံးသားနဲ့ မဟုတ်ပဲ ဉာဏ် နဲ့တွေးတော စဉ်းစားကာ ပေါင်းဖက်သင့်မဖက်သင့်နဲ့ အဘက်ဘက်က စဉ်းစား ချင့်ချိန် နိုင်ကြသော အတွေးအခေါ်တွေနဲ့ အတူ ဇာတ်လမ်းတစ်ပုဒ် မျှ ဖြစ်အောင် ဖန်တီးရေးသားဖွဲ့နွဲ့ထားတဲ့ စာအုပ်တစ်အုပ် ပဲဖြစ်မယ်ထင်ပါရဲ့... ဆရာဘုန်းနိုင် ရဲ့ "ထား" ဆိုတဲ့ ဇာတ်ကောင် အမည်လေး ပါလာတာနဲ့ ဘယ်တော့မှ "ထား" နဲ့ မညားနိုင်မှန်းကို သိအောင်များ ရေးထားသလား မှတ်ယူရမလိုပါပဲ... ဒီထဲက "ထား" ကလဲ အချစ်ကို အချစ်လို့ ပဲ မှတ်ယူထားပြီး အချစ်အတွက် ဆို သူနှစ်ကိုယ်တဲအိုပျက်ထဲလဲ လိုက်နိုင်လိမ့်မယ်လို့ ကိုယ်ကိုယ်ကိုယ် ထင်ထားသူ မမထား ဖြစ်လေပေမဲ့ ထို မမထား ရဲ့ ဘဝ ရွှေနန်းထက် ကနေ အောက်ကိုပြုတ်မကြလေ အောင် ထိန်းထားနိုင်ခဲ့ တဲ့ ကို မြင့်ခိုင် ကို ပဲ အပြစ်တင်ရလေမလား မပြောတတ်..နှစ်ဉီးသား ချစ်လျက် နဲ့ ဘဝ အခြေနေမပေးတာကြောင့် နှလုံးသားထက် အခြေအနေ ကို အဓိကထားကာ ခွဲခွာခဲ့ရပေမဲ့ မမျော်လင့်ပဲ ပြန်တွေ့ ခဲ့ မိကြရာ ထို အချစ်က ရေရှည်အတွက် အမြဲတမ်း ထား ရဲ့စိတ်ထဲကို စွဲမြဲနေမလား...အိမ်နီးနားချင်းဖြစ်တဲ့ မမြခင် ရဲ့ မမျော်လင့်ပဲ သံယောဇင် တွယ်မိရာမှ ထိုသံယောဇင် ကကော ထားရဲ့အချစ် ထက် ပိုနက်နဲလေမလား...တောလယ်မြိုင်ချာဝင်္ကပါသို့ညက်ပြာနွဲ့ချေမလိုက်လေနှင့်။သားရေနုနယ်ရွယ်လည်းပျိုမျစ်ပန်းပွင့်သစ်သို့မညစ်မညူနန်းသူဖွယ်ရာနံ့သာပျံ့မွှေးကိုယ်နှင့်ဝေးလျက်ပြူကြေးတင်လေပကြိုက်လေနှင့်။