Jump to ratings and reviews
Rate this book

ပျူတွေဘယ်ပျောက်သွားသလဲ

Rate this book

216 pages, Paperback

Published July 1, 2006

Loading...
Loading...

About the author

ဒေါက်တာသန်းထွန်းကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာတွင် အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ ကုန်းဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းတွင် ပါဝင်သော မောင်လူကြီး ဆိုသူသည် ဒေါက်တာသန်းထွန်း၏မိခင် ဒေါ်သင်၏ အဘိုးဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် မွေးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အတွင်းရေးမှုးအဖြစ် စတင်ပါဝင်ခဲ့သည်။ ဖက်ဆစ် ဂျပန် တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ်တွင် ငါးသိုင်းချောင်း မြို့နယ်တွင် ဖွဲ့စည်းခဲ့သော ဖဆပလ၏ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ(၁၉၄၁ -၁၉၄၇) တွင်ပါဝင်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ တိုကျိုတက္ကသိုလ် အရှေတောင်အာရှ ပညာဌာနသို့ ထွက်ခွာခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည်။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနှင့် အာရှဘာသာစကားနှင့် ယဉ်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နှင့် အိုဆာကာ တက္ကသိုလ်တို့တွင် သုတေသနပြုသူနှင့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခဲ့သည်။ ထို့နောက် ဒေါက်တာသန်းထွန်းသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ မြောက်အီလီနွိုင်းတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုတက္ကသိုလ်မှ စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရသည်။ စာမျက်နှာ ၇၆၀၀ ရှိသော ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်များကို ပြုစုရေးသားထုတ်ဝေခဲ့သည့်အပြင် ရှေးခေတ်မြန်မာ့သမိုင်းနှင့် ဆိုင်သော အခြားစာပေများကို ရေးသားပြုစုခဲ့သည်။ သို့သော် အများစုမှာ မြန်မာဆင်ဆာအဖွဲ့၏ တင်းကျပ်မှုကြောင့် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါ။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် လန်ဒန်တက္ကသိုလ်မှချီးမြှင့်သော စာပေ ပါရဂူဘွဲ့ ကိုလက်ခံရရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရှေ့မှောက်တွင်ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူသည်။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်၌ ပြန်လည်ရောက် ရှိပြီး ၁၉၉၁တွင် မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓာန် ပြုစုရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ်လည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ မြန်မာ့သမိုင်းကော်မရှင်၏အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်း ပညာဌာန အစရှိသည့် ဌာနများတွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် ပညာရေးဆိုင်ရာ အမြင့်မားဆုံးဆု တစ်ခုဖြစ်သော ဖူကူအိုကာအာရှယဉ်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခဲ့ရသည်။

“သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောက်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။”

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
2 (66%)
4 stars
0 (0%)
3 stars
1 (33%)
2 stars
0 (0%)
1 star
0 (0%)
No one has reviewed this book yet.