Thinn158 reviews12 followersFollowFollowFebruary 16, 2023ပါဂျောင်ကရောမကျွန်’ ဖတ်ပြီး စိတ်ညစ်လို့ ရယ်စရာဖတ်မယ်ဆိုပြီး စာအုပ်စင်မှာရှာတော့ ဒီစာအုပ်ကြီးကို တွေ့တာပဲ။ စာအုပ်ကထူတော့ ငပျင်းလုပ်ပြီး အိပ်ယာပေါ်လဲပြီး ဖတ်လို့မရဘူး 😬 စာအုပ်ကထူပေမဲ့ စဖတ်ကတည်းက ရယ်စရာပေါင်းချုပ်ဆိုတဲ့အတိုင်း ရယ်ရတာ။ တခါတခါ ရယ်ရလွန်းလို့မော ယူရတဲ့အထိပဲ။ ဇာတ်လမ်းက ရပ်ကွက် ၂ ခု (ဍ ရပ်ကွက်နဲ့ ဌ ရပ်ကွက်) ဘောလုံးပွဲကန်ရာက စတဲ့ ဇာတ်လမ်း။ ဇာတ်သိမ်းတော့လည်း ဘောလုံးကန်တာနဲ့ပဲ သိမ်းသွားတယ်။ ဆရာမင်းလူက ဘောလုံးပွဲတော့ အတော်ကြိုက်ပုံပေါ်တယ်။ ဒီစာအုပ်ထဲမှာ ဘောလုံးပွဲအကြောင်းချည်းပဲ ၄ ပုဒ်ပါတယ်။ ဇာတ်ကောင်တွေများပေမဲ့ ဇာတ်ကောင်တိုင်းရဲ့ စရိုက်ကိုမျက်စိထဲ ထင်းနေအောင်ရေးထားတာကို ဖတ်ရတာအရမ်းအားရပဲ။ ဇာတ်ကောင်တိုင်းမှာ အားနည်းချက်တွေ အမှားတွေရှိပေမဲ့ ဍ ရပ်ကွက်က ဇာတ်ကောင်တော်တော်များများက သူများအပေါ်မကောင်းမကြံဘူး။ မပွေးကတော့ အပေါင်ခံစားတဲ့လူဆိုတော့ အမြဲကွက်ကျော်ကြည့်တယ်။ ဒါတောင် ဓာတ်ခဲရဲ့ ကတုံးပေါ်ထိပ်ကွက် လုပ်ခံလိုက်ရသေးတယ်။ ဓာတ်ခဲက သူများကို စချင်၊ နောက်ချင်ပေမဲ့ ကောင်းကွက်လေးတွေတော့ ရှိသေးသားပဲဆိုတာတွေ့ရတယ်။ ဌ ရပ်ကွက်က ကိုစာကလေးကိုတော့ နည်းနည်းအမြင်ကပ်တယ်။စာအုပ်ထဲမှာ အမှတ်ရဆုံးအရယ်ရဆုံးအပိုင်းက လှထုံက ဖိုးနီကိုသွားပြီး ဒွေးကို သတ်လိုက်တာ နင်မလားဆိုတဲ့ အပိုင်းပဲ။ 😂😂😂 တရွာလုံး အတိိတ်ကောက်ပြီး ၂ လုံး၊ ၃ လုံးထိုးတာလည်း ရယ်ရတယ်။ ဆရာတော် အကယ်ကောင်းပေလို့သာပေါ့။ စာပေဟောပြောပွဲအပိုင်းလည်း ရယ်ရတယ်။ အဲ့အပိုင်းမှာ ဆရာမင်းလူက ဆရာချစ်ဦးညိုရယ်၊ ဆရာနီကိုရဲရယ်၊ ဆရာကြီးအီကြာကွေးရယ်၊ ဆရာမောင်သစ်ဆင်းရယ်ကို ‘စ’ ထားသေးတယ်။ ဍ ရပ်ကွက်က လူတွေက တကယ့်ကို ဇော်တကာ့ဇော်တွေပါပဲ။ သူတို့ ရပ်ကွက်ကိုပြောင်းလာတဲ့ ဒေါက်တာ တုတ်ခိုင်တို့၊ ဦးကျော်မိုးတို့လည်း သူတို့နဲ့ရောပြီး ပျော်ရ၊ ငိုရ၊ ဓာတ်ကြမ်းတိုက်ရနဲ့။ အရမ်းကြိုက်တဲ့ စာအုပ်ထဲမှာပါတယ်။ ဒီစာအုပ်က ‘ဓာတ်ခဲ’ ဆိုပြီး ရုပ်ရှင်ပြန်ရိုက်ထားတာ ရှိတယ်။ ဇာတ်ကားနာမည်က ‘ဓာတ်ခဲ’ ထင်တာပဲ။ လှထုံအဖြစ် ဆုပန်ထွာသရုပ်ဆောင်တာပဲ မှတ်မိတယ်။ ‘အချစ်ဆိုတာကလည်း အရက်လိုတစ်ယောက်တခွက် မျှဝေသောက်လို့ ရတာမျိုး မဟုတ်ဘဲကိုး’
Aungkhantpaing1 reviewFollowFollowCurrently ReadingNovember 18, 2020This is the best comic book for me!This entire review has been hidden because of spoilers.