Jump to ratings and reviews
Rate this book

လူတို့ကိုးကွယ်ရာ ဘာသာကြီးများ [နောက်ခံသမိုင်း နှင့် အဆင့်မြင့် ဒဿနများ]

Rate this book
Man's Religions

668 pages, Paperback

First published January 1, 1949

Loading...
Loading...

About the author

ဆန်းလွင်

2 books2 followers
ငယ်စဉ်ဘဝ

ဒဿနစာပေများ ရေးသားတင်ပြခြင်း၌ ထင်ရှားခဲ့သော စာရေးဆရာဆန်းလွင်သည် ကလေးအရွယ်က မိဘအုပ်ထိန်းမှုအောက်တွင် မိဘများ၏ ဓလေ့ထုံးစံ အတိုင်းနေထိုင်ခဲ့သော်လည်း အရွယ်ရောက်လာသောအခါ တစ်မျိုးတစ်ဖုံ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် စာပေများကို စတင်ရေးသားခဲ့ပြီး ငယ်စဉ်ကပင် စာရေးဆရာဖြစ်လိုသည့် ဆန္ဒရှိခဲ့သည်။ အသက်(၁၇)နှစ်အရွယ် (၁၉၅၅) ခုနှစ်တွင် (၁၀)တန်းအောင်ခဲ့သည်။ (၁ဝ)တန်းအောင်ပြီးသောအခါ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (ကုန်သွယ်ရေး-၁)ရုံးတွင် အောက်တန်းစာရေး၊ အထက်တန်းစာရေးအလုပ်များ လုပ်ခဲ့သည်။ ငယ်စဉ်က မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့ပေ။ အသက် (၁၈) နှစ်အရွယ်တွင် မိဘများ၏ဘာသာအပြင် အခြားဘာသာအယူဝါဒများကိုလည်း လေ့လာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဝတ္ထုများရေးသားကာ စာပေနယ်သို့ ရောက်ရှိခဲ့။ အသက် (၂၀)အရွယ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာ ပြီးနောက် အခြားအယူဝါဒများကို စွန့်ပယ်ခဲ့သည်။ သက်ကြီးတက္ကသိုလ် တက်၍ ဘဝကို ရုန်းကန်ခဲ့သည်။ စာရေးဆရာ ဖြစ်ချင်သည့် ဦးဆန်းလွင်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် မြန်မာစာ မြတ်နိုးစိတ်ဖြင့် စာပေကို လေ့လာလိုက်စားခဲ့သည်။ တက္ကသိုလ်မြန်မာစာအသင်းဖွဲ့သောအခါ အမှုဆောင်အဖြစ် ဝင်ရောက်ဆောင်ရွက်ကာ အသင်းမှ ကျင်းပသော စကားရည်လုပွဲများ၌ ပါဝင်ယှဉ်ပြိုင်ပြီး ဆုများ ရရှိခဲ့သည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးရုံး၌ လက်ထောက်လူဝင်မှုကြီးကြပ်ရေးအရာရှိ၊ တရားစွဲအရာရှိအဖြစ် အမှုထမ်းခဲ့သည်။
အစောပိုင်း စာအုပ်များ

စာပေလောကသို့ ထိုအချိန်မှ စ၍ ဝင်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ‘အသည်းလမ်းမှာ လျှောက်လာပါ’၊ ‘ဒေါက်တာ မော်လီမိုး’၊ ‘သစ္စာနယ်လွန်သူရယ်’၊ ‘မုန်းသံသရာချေ’ စသည့် ကာလပေါ် ဝတ္ထုများ ထုတ်ခဲ့သည်။ ဝတ္ထုထုများ လှိုင်⁠လှိုင်ထွက်နေသကဲ့သို့ တစ်ဖက်မှလည်း သူသည် လူဝင်မှုကြီးကြပ်ရေး အရာရှိအဖြစ်လည်းကောင်း၊ အလွတ်ပညာသင် ကျောင်းဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုတွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာ (ရွှေတံဆိပ်) ရကာ မဟာဝိဇ္ဇာတန်းကို ဆက်လက်သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနတွင် နည်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ‘သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်’ နှင့် ‘ရွှေဥဒေါင်းသို့ ပြန်ကြားချက်’ ဟူသော စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။
နည်းပြဆရာ

ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေရာမှ မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းရသည်။ ထိုအခါ ကချင်ပြည်နယ် နေရာအနှံ့ လှည့်လည်လျောက်သွားရင်း အတွေ့အကြုံများကို ၁၉၆၅ - ၆၆ တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၇ ခုနှစ် မြစ်ကြီးနားကောလိပ်မှ ရန်ကုန် ဝိဇ္ဖာသိပ္ပံတက္ကသိုလ် ပြန်လည်ရွှေ့ပြောင်း၍ ၁၉၇၁ ခု တွင် ဒေါက်တာခင်မောင်ဝင်းနှင့် တွဲဖက်၍ ‘အခြေခံ ယုတ္တိဗေဒကျမ်း’ ကို ပြုစုခဲ့သည်။ ၁၉၇၂ ခုတွင် ကထိကရာထူးဖြင့် ပညာလောကမှ အငြိမ်းစားယူခဲ့သည်။ ၁၉၆၈ ခုတွင် အေးစာပေတိုက်မှ ထုတ်ဝေသော ‘ဖဲသမား’ ဝတ္ထု (ဘာသာပြန်) ဖြင့် အမျိုးသားစာပေ (စတုတ္ထဆု) ရရှိခဲ့သည်။
ရုပ်ရှင်လောက

၁၉၆၈ ခုတွင် ရုပ်ရှင်လောကသို့ ဇာတ်ညွှန်းရေးဆရာ အဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ဒါရိုက်တာနန္ဒမင်းခေါင် အမည်ဖြင့် ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ ထို့နောက် ဆန်းလွင် ရုပ်ရှင်သရုပ်ဆောင်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၂ တွင် ရုပ်ရှင်အနုပညာနှင့် ‘ရုပ်ရှင်အတတ်ပညာအခြေခံများ’ စာအုပ်ကို ရေးသားထုတ်ဝေသည်။ မျက်နှာငယ်ရမှာက မောင့်ချစ်ဦး၊ လောကကိုအလှဆင်မယ်၊ ဝံပုလွေနှင့် လှယမင်း၊ ငါ့ညီ ငါ့မြေငါ့အမေ၊ လကွယ်မိုးနှောင်၊ မနော်ဟရီအလှ စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားများ၌ အနုပညာတစ်နေရာမှ ဦးဆောင်လှုပ်ရှားခဲ့။ ထို့နောက် ဆန်းလွင်သရုပ်ဆောင်သင်တန်း ကို ဖွင့်လှစ်၍သရုပ်ဆောင်သစ်များ မွေးထုတ် ပေးခဲ့။
ဘာသာတရားတွေ့ရှိခြင်း

အသက် (၃၂) နှစ်အရွယ်တွင် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက သူ့အား ကမ္ဘာအေးကုန်းမြေရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်သို့ လွှတ်၍ ဗုဒ္ဓ၏ ကိုယ်ကျင့်တရားပညာ (Buddhist Ethics) ကို သုတေသန ပြုရန် လမ်းညွှန်ခဲ့သည်။ ထိုမှ စ၍ သူသည် ဗုဒ္ဓဘာသာ အယူဝါဒကို စနစ်တကျ လေ့လာလိုက်စားခဲ့သည်။ ထိုစဉ်တွင်ပင် သူ၏ ဆရာမ ရီနာဆာကားအိမ်တွင် ကျေးဇူးရှင် တောင်ပုလုဆရာတော်ကြီးကို ဖူးခွင့်ရသည်။ သိလိုသော ပြဿနာပုစ္ဆာများအား ဆရာတော်ကြီးကို မေးခွင့်ရသည်။ ဆရာတော်ကြီးက တိုက်ရိုက်မဖြေဘဲ ပဋိပုစ္ဆာဗျာကရဏနည်းဖြင့် မေးခွန်းမေး၍ ပြန်ဖြေသည်။ ၁၉၇၃ ခုနှစ်တွင် ဘာသာရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကို တစ်သက်တာကာလပတ်လုံး ဆည်းကပ်သွားရန်ဆုံးဖြတ် ကာ ဗုဒ္ဓဘာသာဝင်အဖြစ် ခိုင်ခိုင်မာမာခံယူခဲ့သည်။

စာရေးဆရာ ဆန်းလွင် ပြုစုခဲ့သော စာအုပ်များအနက် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့် ဒဿန၊ ဘုံစဉ် ဒဿန၊ သေခြင်းဒဿန၊ ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ၊ ထေရဝါဒ အုတ်မြစ်အဖွင့်၊ ဝိပဿနာရှုနည်း လက်စွဲကျမ်း၊ ယောဂီလက်စွဲကျမ်း တို့ ဖြစ်သည်။ ဦးဆန်းလွင်သည် အ

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
8 (25%)
4 stars
11 (34%)
3 stars
8 (25%)
2 stars
3 (9%)
1 star
2 (6%)
Displaying 1 - 4 of 4 reviews
1 review
August 26, 2018
good
This entire review has been hidden because of spoilers.
Displaying 1 - 4 of 4 reviews