Jump to ratings and reviews
Rate this book

ကောလိပ်ကျောင်းသား

Rate this book
A very perfect description of the stories of Rangoon college students before Independence of Burma.

588 pages, ebook

Published January 1, 1935

3 people are currently reading
14 people want to read

About the author

ဇဝန

9 books5 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
7 (63%)
4 stars
2 (18%)
3 stars
2 (18%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for May         .
26 reviews
April 22, 2025
ကျွန်မဒီစာအုပ်စဖတ်တော့အလယ်တန်းကျောင်းသူဘဝ။ နွေရာသီတွေဆိုကျွန်မ နယ်ဘက်ကအဖွားအိမ်ကိုပြန်တယ်။ ဘာလို့အဖွားရဲ့အိမ်လည်းဆို အဖိုးမပိုင်တဲ့အိမ်မို့လို့ပါ။ အဖိုးပိုင်တာဆိုလို့ သူ့အကျင်္ီအသစ်တွေနဲ့ စာအုပ်တွေထည့်ထားတဲ့ ဗီရိုအနက်တစ်လုံးပဲရှိတယ်။ ဒီစာအုပ်ကိုစတွေ့တော့ ကျွန်မအဖိုးစာအုပ်စင်ထဲက စာအုပ်တွေကြားထဲမှာ ခန့်ခန့်ညားညားကြီးရှိနေတာ။
ကိုသိန်းဖေရဲ့ ဥပဓိ၊ မအေးစိန်ရဲ့သွင်ပြင် နဲ့ အခြားကောလိပ်ကျောင်းသား/သူတွေရဲ့ စရိုက်၊ ဟန်ပန်တွေကို ပေါ်ပေါ်လွင်လွင်သရုပ်ဖော်ထားတယ်။ ခေတ်မီအရေးအသားတွေ၊ ခေတ်ကာလဗန်းစကား၊ သီချင်းတွေကို နိုင်နိုင်ထည့်သုံးထားတာ မြင်ရနိုင်တယ်။ တက္ကသိုလ်ကျောင်းသားဘဝ သမီးရည်းစားအရှုပ်အထွေးတွေအပြင်၊ တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးကြတဲ့မိဘတွေရဲ့ သဘောသဘာဝကိုမြင်နိုင်တယ်။
တို့ကျောင်းသား၊ ကောလိပ်ဂျပိုး စတဲ့ ဇဝနဝတ္ထုတွေ၊ နေဝင်းမြင့်စာစုတွေ၊ ရွှေဥဒေါင်းစာအုပ်တွေ၊ စစ်ကိုင်းဦးဘိုးသင်းစာအုပ်တွေ အကုန်လုံးက ငယ်ဘဝရဲ့အဖော်တွေဖြစ်ခဲ့တယ်။
အချိန်ကာလတွေတိုက်စား။
မှတ်မှတ်ရရ ၂၀၂၃ ခုနှစ်မှာ၊ မြောက်ပြင်ဘက်က ကျွန်မအသိတစ်ယောက်က ရန်ကုန်မသွားခင် စာအုပ်လေးတွေအပ်သွားခဲ့ချင်လို့ဆိုတာနဲ့ ဟုတ်ပြီလာခဲ့ ဆိုတာနဲ့ ရောက်ချလာတာ ဒီ "ကောလိပ်ဂျပိုး" စာအုပ်ကြီးဖြစ်နေတယ်။ ဖတ်ပြီးသားကြီးပေမယ့် အပ်တဲ့မောင်မင်းကြီးသားစိတ်ချမ်းသာအောင်ယူထားလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၂၃ ခုနှစ်မှာ (၃) ကြိမ်တိတိ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။
ဆရာဇဝနလက်ရာတွေလွမ်းပါတယ်။
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.