Jump to ratings and reviews
Rate this book

အညိုမှသည် ကြက်သွေးနီသို့

Rate this book

Paperback

1 person is currently reading
7 people want to read

About the author

မသီတာ (စမ်းချောင်း) သည် မြန်မာအမျိုးသမီး စာရေးဆရာ၊ အယ်ဒီတာတစ်ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး၊ ပဲန်မြန်မာ ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၁၉၈၄ တွင် ဝတ္ထုတိုများကို မဂ္ဂဇင်းအသီးသီးတွင် စတင်ရေးသားခဲ့သည်။ ၁၉၉၀ တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၉၃ တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

စာပေ ဖြတ်သန်းမှု
၁၉၈၄-၈၅ ခုနှစ်ကတည်းက စတင်ပြီး မဂ္ဂဇင်းဝတ္ထုတိုများ ရေးသားခဲ့ရာ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့် ဝတ္ထုတိုမှာ ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ သဘင်မဂ္ဂဇင်းပါ "ဗာဒံရိပ်" အမည်ရှိ ဝတ္ထုတိုဖြစ်ပါသည်။ ၁၉၉ဝ ခုနှစ်ထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ကလောင်ငယ်ကဏ္ဍနှင့် အယ်ဒီတာတာဝန်များကို အမည်မခံဘဲ ထမ်းဆောင်ခဲ့သလို လေးနက် ကလောင်နာမည်နှင့် ခေတ်ပြိုင်ဝတ္ထုတို၊ စာတမ်းစာရေးဆရာများနှင့် တွေ့ဆုံခြင်းကဏ္ဍကို တာဝန်ယူခဲ့သည်။

၁၉၉၂ ခုနှစ်မှ စတင်ကာ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံတွင် စေတနာဆရာဝန်အဖြစ် ဆောင်ရွက်ရင်း ၁၉၉၃ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရသည်။ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော အရောင်စစ်နေကြာသည် ပုံနှိပ်ဆဲအခြေအနေတွင် ရပ်နားခဲ့ရသည်။

၁၉၉၅-၉၆ ခုနှစ် အကျဉ်းကျနေစဉ်ကာလများအတွင်း Reebok Human Rights award, Barbara Goldsmith Freedom to Write PEN award, Honor award from AAAS(American Association of Arts and Science) ဆုများ ချီးမြှင့်ခံခဲ့ရသည်။

၁၉၉၉ ခုနှစ်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့ပြီး အရောင်စစ်နေကြာ လုံးချင်းဝတ္ထုရှည်၊ ချိုရှရှပျားရည်နွံအပါအဝင် မဂ္ဂဇင်းဝတ္ထုတိုများစာအုပ်၊ ရောင်စဉ်များရဲ့ အဇ္ဈတ္တနှင့် ရသနယ်ခြား အတွင်းရေးအမည်ရှိ ဝတ္ထုတိုနှင့်ရသစာရေးဆရာများအင်တာဗျူးစာအုပ်များကို ထုတ်ဝေခဲ့သည်။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ခွဲစိတ်ဆောင်တွင် ၂ဝဝ၈ ခုနှစ် ဇူလိုင်လအထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၄ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ကျန်းမာရေးစံနစ်များစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှာ ဘွဲ့အခမ်းအနားအတွက် လန်ဒန်ကို သွားရောက်ရာကစတင်၍ နိုင်ငံခြားခရီးများ ဆက်တိုက်သွားရောက်ခဲ့သည်။ ယင်းတို့အနက် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါတက္ကသိုလ်၏ နိုင်ငံတကာစာအရေးအသားစီမံချက်လည်း ပါဝင်သည်။

၂ဝဝ၅ နှစ်ကုန်မှ စတင်ကာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း(Teen Magazine)၊ အယ်ဒီတာတစ်ဦးအဖြစ် တာဝန်ယူလာခဲ့ကာ ကလောင်နာမည်အမျိုးမျိုးနှင့် လူငယ်များအတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

၂ဝဝ၈ ခုနှစ်နှစ်ဆန်းတွင် အင်္ဂလန်နိုင်ငံ၊ ယောက်ခ်တက္ကသိုလ်၊ ပဋိပက္ခများ ဖြေရှင်းရေးနှင့် စီမံခန့်ခွဲမှုသင်တန်း တက်ရောက်ခဲ့သလို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဘရောင်းတက္ကသိုလ်တွင် ဌာနေစာရေးဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၉ ဧပြီ ဘရောင်း တက္ကသိုလ်၌ "မြန်မာစာပေပွဲတော်" ကို ဦးဆောင်ကျင်းပခဲ့ပြီး စာပေရေးရာများအပြင် ဝိပဿနာတရားအားထုတ်မှု အကြောင်းကိုပါ ဟောပြောပို့ချပေးခဲ့သည်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်၌ စာပေသုတေသန ဆောင်ရွက်နိုင်ရန် Radcliffe Fellowship ရက်ဒ်ကလစ်ဖဲလိုးရှစ် ချီးမြှင့်ခံခဲ့ရသည်။ ယင်းကာလအတွင်း ဟားဗတ်တက္ကသိုလ်တွင်သာမက အခြားမြို့များမှ တက္ကသိုလ်များနဲ့ အလယ်အမေရိကနိုင်ငံဖြစ်သည့် ဟွန်းဒူးရပ်စ်နိုင်ငံသို့ပါ သွားရောက်ပြီး ဝိပဿနာတရားအားထုတ်မှု အကြောင်း ဟောပြောပို့ချ သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးဖြတ်သန်းမှုများနှင့် ထောင်တွင်းဖြတ်သန်းမှုများကို ဝိပဿနာတရားအားထုတ်မှုအတွေ့အကြုံများဖြင့် ရက်ယှယ်ရေးသားထားသော ဖြတ်သန်းမှုမှတ်တမ်း (Memoir) စာအုပ်ဖြစ်သည့် "စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်" ကို ထုတ်ဝေခဲ့ရာ တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်အဖြစ် စံချိန်တင်ခဲ့သည်။ အဆိုပါ စာအုပ်ဖြင့်ပင် စာပေချစ်သူများက ပေးအပ်သော လင်္ကာစာပေဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၁၀ ခုနှစ်တွင် နော်ဝေနိုင်ငံ၊ စာရေးဆရာသမဂ္ဂက ချီးမြှင့်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆု၊ ၂၀၁၆ ခုနှစ်တွင် ဗားကလပ်ဟာဗယ်စာကြည့်တိုက်ဖောင်ဒေးရှင်းက ချီးမြှင့်သော Disturbing the Peace Award တို့ကို ထပ်မံချီးမြှင့်ခြင်းခံခဲ့ရပါသည်။

ဆရာမ မသီတာ (စမ်းချောင်း) သည် သတင်းသမားတစ်ဦးအဖြစ်လည်း မြန်မာအင်ဒီပဲဒန့်ဂျာနယ်၊ ပဲ့တင်သံဂျာနယ်တို့တွင် အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ အစရှိသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ ရွှေအမြုတေမဂ္ဂဇင်းတွင် ရွှေအသစ်ကဏ္ဍကို တာဝန်ယူဖတ်ရှု၍လည်းကောင်း၊ ရွှေအမြုတေ မဂ္ဂဇင်း အမှုဆောင်အယ်ဒီတာအဖြစ်လည်းကောင်း၊ အင်ဖိုဒိုင်ဂျက်စ် ဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရင်း စာပေများ ဆက်လက်ရေးသားဖန်တီးလျက်ရှိပါသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
No one has reviewed this book yet.

Can't find what you're looking for?

Get help and learn more about the design.