Linn4 reviews3 followersFollowFollowJanuary 26, 2017စာရေးဆရာက သူ့ရဲ့ သေဆုံးသွားတဲ့ ဇနီးဖြစ်သူကို သတိရစိတ်နဲ့ ဇနီးဖြစ်သူရဲ့အကြောင်း သူတို့ တွေ့ဆုံခဲ့ပုံ၊ ချစ်သူဖြစ် လက်ထပ်ပြီး သားသမီးများပွားစီးရာမှ ဇနီးသေဆုံးတဲ့အချိန် အထိ အချိန်ကာလ အဖြစ်အပျက်လေးတွေကို ရိုးရိုးရှင်းရှင်း နည်းနည်း ဒန် ဒန် နဲ့ သူက တစ်ယောက်ယောက်ကို ပြန်ပြောပြနေသလိုမျိုး အေးအေးဆေးဆေး ရေးထားတာဖြစ်ပါတယ်။ ကြားဖြတ် သူဖြတ်သန်းရတဲ့ ကဗျာဆရာ၊ ဝတ္ထုတိုရေးဆရာတွေရဲ့ ခက်ခဲကြမ်းတမ်းမှုတွေလည်းပါသလို စာပေမိတ်ဆွေတွေအကြောင်းလည်းပါပါတယ်။ ICON မဂ္ဂဇင်းမှာ ၁၄ လ တိုင် အခန်းဆက်ဝတ္ထုရှည်အဖြစ်ပါခဲ့တဲ့ စာကို စာအုပ်ပြန်ထုတ်ဝေထားခြင်းဖြစ်ပါတယ်။ စာရေးသူဟာ သူ့ဇနီးနာမည် မဝင်းမေ နဲ့လည်း စာအုပ်ရေးထားတာရှိပါသေးတယ်။ ဒီစာအုပ်ဟာလည်း အဓိက မဝင်းမေ အကြောင်းပါပဲ။2017