Thin San93 reviews57 followersFollowFollowMay 8, 2022ဆရာမ စံပယ်ဖြူနုရဲ့ အလွမ်းဆိုင် နဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ပြီးရင် ဖတ်ဖြစ်တဲ့ တတိယမြောက် စာအုပ်ပါ။ ခရီးထွက်ရတာ ကြိုက်တဲ့ ကျွန်မ အဖို့ ကချင်ပြည်နယ်ဆိုတာ အမြဲတမ်း Wishlist ထဲ ရှိနေတဲ့ နေရာတစ်ခုပါ။ စစ်ဆိုတာကလည်း ၂၀၂၁ တော်လှန်ရေး ကာလ မရောက်ခင်ကဆို သတင်းသဲ့သဲ့ သာ ကျွန်မနဲ့ မဆိုင်တဲ့ အရာလိုပါပဲ။ ဒီစာအုပ်ကို ဖတ်ပြီးတော့ ကျွန်မ မျက်ရည်ကျရတဲ့အထိ စစ်ဘေးရှောင်တိုင်းရင်းသားတွေအပေါ် စာနာမိပါတယ်။ စာနာတယ်ဆိုတဲ့ စကားလုံးထက် အားနာရှက်ရွံ့မိတယ်လို့ပြောရင် ပိုမှန်လေမလား။ စစ်ဒဏ်ကြောင့် မိသားစုဘဝများစွာ ပြိုကွဲခဲ့ရတယ်။ ဒီထဲက ဇာတ်လမ်းတွေထက်တောင် ပိုဆိုးနိုင်တဲ့ ဘဝတွေ ရှိနေဦးမှာပဲ။ စစ်ကြီးငြိမ်းပါဆိုတော့ လို့ ဆုတောင်းရုံပြင် ဘာများထပ်လုပ်နိုင်မလဲလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။ ကိုယ်နဲ့မဆိုင်သလို မနေနိုင်တော့တဲ့အထိ တစ်ခုခု အကူအညီဖြစ်အောင် ကျွန်မ ရှေ့ဆက်လုပ်မယ့် အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်ထားပါတယ်။ ၂၀၂၁ အာဏာသိမ်းကတည်းက အခုချ်န်ထိ တိုင်းရင်းသားတွေအပေါ် အားနာစိတ် တောင်းပန်ချင်တဲ့စိတ်အပြင် ပြန်လည်ထူထောင်ရေးတွေမှာပါဝင်ဖို့လည်း စိတ်အားထက်သန်နေပါတယ်။ အခုလည်း တော်လှန်ရေးမှာ တတ်နိုင်သလောက် ကူညီရင်း ရှေ့ဆက်နေမြဲပေါ့။ ဒီစာအုပ်ကတော့ ကျွန်မအတွက် မိသားစု မေတ္တာကို ရင်ထဲ လှိုက်နွေးနေစေအောင် ခံစားရစေတယ်။ ကြေကွဲရစေတယ်။ တစ်နေ့နေ့ ကျွန်မ ကချင်ပြည်နယ် သွားဖြစ်ရင် ဒီစာအုပ်လေးကို အမှတ်ရနေမိပါပဲ။
Serena Shwe38 reviews9 followersFollowFollowApril 4, 2019မြောက်ဖျားက အလွမ်းရာသီ စာအုပ်ဟာ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ပထမဆုံး ဝတ္ထုရှည်ဖြစ်တယ်လို့ ဦးဝင်းငြိမ်းက အမှာစာမှာ ရေးထားပါတယ်။ ဖအေတူ မအေကွဲ ညီမတစ်ယောက်အပေါ်မှာ တစ်သက်လုံးချစ်ခင်ဟန်မပြတဲ့ အစ်မတစ်ယောက်ရဲ့ အတွင်းစိတ် (၂) မျိုးအားပြိုင်မှုနှစ်မျိုးနဲ့ ဇာတ်လမ်းကို ကျောရိုးပြုထားတယ်။ တစ်သက်လုံးရှိတယ်လို့ မသတ်မှတ်ခဲ့တဲ့ ညီမလေးကို စစ်ပြေးဒုက္ခသည်စခန်းမှာ လိုက်ရှာရတဲ့ အစ်မတစ်ယောက်ရဲ့ ခရီးလမ်းအကြောင်းကို နောက်ခံထားပြီး ပြည်တွင်းစစ်ကြောင့် ထိခိုက်ရတဲ့ ဘဝတွေအကြောင်းကိုပါ ရေးခြယ်ပြသသွားတယ်။ ပျော်ရွှင်ရတယ်၊ ရယ်မောရတယ်၊ နာကျင်ရတယ်။ စစ်ဆိုတာနဲ့ အလှမ်းအဝေးကြီးမှာ ရှိနေတဲ့လူတစ်ယောက်အတွက် ဗဟုသုတအပြင် စာနာစိတ်တွေပါ တစ်ပုံကြီးရတယ်။ ငြိမ်ငြိမ်းချမ်းချမ်းနေရာမှာရောက်နေရာတဲ့ ဘဝကို ကျေးဇူးတင်တတ်လာတယ်။ အချစ်ဝတ္ထုမဟုတ်သော်ငြား အချစ်အကြောင်းကိုလည်း အနည်းငယ်လေး ဖတ်ကောင်းရုံ ထည့်ထားတတ်တဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ လက်ရာကို အရမ်းကြိုက်မိတယ်။
Aung Naing42 reviews1 followerFollowFollowDecember 6, 2022ပထမဆုံး ဖတ်မိတဲ့ ဆရာမ စံပယ်ဖြူနု ရဲ့ လက်ရာ စာကောင်းတပုဒ်ပါ။ မြန်မာပြည်မြောက်ဖျား ကချင်ဒေသမှာ ပြည်တွင်း စစ်ကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေ နေရသူ ကချင်တိုင်းရင်းသားတွေရဲ့ အကြောင်းကို နောက်ခံထားပြီး ဇာတ်လမ်းဖွဲ့ထားတာပါ။ ဆရာမရဲ့ အရေးအသားကြောင့် ဒီစာအုပ်ဟာ လက်ကမချပဲ ဆက်တိုက်ဖတ်ဖြစ်မိသွားတဲ့ စာအုပ်ကောင်းတအုပ်ပါ။ ကချင်ပြည်နယ်က မိုင်ဂျာယန် စတဲ့ ဒေသတွေရဲ့ အကြောင်းကိုလည်း တစေ့တစောင်း ဖတ်မှတ်သိရှိ ရတာကလည်း အမြတ်ပါ။
Nay2 reviewsFollowFollowFebruary 7, 2017ဖတ်မိတဲ့ စံပယ်ဖြူနု ရေးတဲ့စာအုပ်တွေမှာ ဒီစာအုပ် အဘောအကျဆုံးပဲ။ ဖတ်ရတာ စာသိပ်မချောသေးဘူး လိုသေးတယ်လို ့ ခံစားရတာကလွဲရင် အကုန်သဘောကျတယ်။
Aye Aye54 reviews1 followerFollowFollowOctober 4, 2018ဖတ်ရတာရင်မောတယ်စာရေးသူကကွက်ကွက်ကွင်းကွင်းပေါ်လာအောင်ကိုရေးထားတယ်အေးချမ်းပါစေမြန်မာပြည်ကချင်ပြည်နယ်မရောက်ဖူးပါဒါပေမဲ့ရှမ်းပြည်ရယ် တောင်တန်းပြာရယ် လွမ်းတယ်ကွယ်