Kino3 reviewsFollowFollowJanuary 10, 2026မိဘတွေဆီကနေ ကလေးတွေက trauma တွေ ရတာက စာအုပ်ထဲမှာရော အပြင်လောကမှာရော အဖြစ်များကြတယ်။ Happy Ending လေးမို့ ဖတ်မိတံ့အခါတိုင်း ရင်ထဲ သက်သာရာရပါတယ်။ ဒါလေးကိုတော့ အမှတ်ရနေမိမယ် ထင်တယ်၊ “လောကကြီးက ထင်သလောက်လဲ မဆိုးပါဘူး” ဆရာမြင့်နွယ်။This entire review has been hidden because of spoilers.
Htet Aung59 reviews3 followersFollowFollowJune 18, 2025စာအုပ်အမည် : နှင်းငွေတထောင့် မိုးတမှောင့်_တက္ကသိုလ်ဘုန်းနိုင်'နှင်းငွေတထောင့်မိုးတမှောင့်' ဟာ စိတ်ပညာကို အခြေခံပြီး ရေးထားတဲ့ အချစ်ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ဆရာကလေ သူ့ထုံးစံအတိုင်း ဘဝဒဿနတွေကို အတွေးနုနုရွရွ လှလှလေးတွေနဲ့ သဘာဝကျကျလေး ဖန်တီးထားတာ...တက္ကသိုလ်ဘုန်းနိုင်က ...တက္ကသိုလ်ဘုန်းနိုင်ပါပဲ ။ဆရာ့ရဲ့ ကဗျာဆန်တဲ့ စကားလုံးအနုအလှလေးတွေကို အရမ်းကြွေခဲ့ရသူပါ🤭🫣ကိုမြင့်နွယ်၊ စင်သီယာနဲ့ မွန်မွန်...စင်သီယာ နဲ့ ကိုနေအောင်တို့ရဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးမှာ trauma တွေနဲ့ ဒုက္ခရောက်ခဲ့ရသူ သမီးလေး ...စိတ်ကြောင့်ကြေပီး ဒုက္ခိတဖြစ်သွားရသူလေး မွန်မွန်..."နတ်သျှင်နောင်ဆိုတဲ့ ကဗျာဆရာကြီးက စပ်ဖူးတယ်၊ တုခန့်ဘက်ပြိုင်၊ စံသာတိုင်သား၊ ခြောက်ဆိုင်မြင့်ခန်း၊ လှတဝှန်းဝယ်၊ တောင်စွန်းညာဖျား၊ ထွတ်တင်ထားနှင့်၊ နှစ်ပါးနှိုင်းရှည့်၊ နှုန်းလာလှည့်လည်း၊ ဖြိုးပြည့်လလျှံ၊ ကြယ်နှယ်ရံလိမ့်...တဲ့”"ယူ့ကဗျာတွေကို စင်သီယာ နားမလည်ဘူး”"ကိုယ်ရှင်းပြပါ့မယ်၊ နတ်သျှင်နောင်ကဆိုတယ်၊ တလောကလုံးမှာ သူ့ချစ်သူဟာ အလှဆုံးပါတဲ့၊တခြားဘယ်သူကမှ မမှီပါဘူးတဲ့၊ လူချင်းမပြောနဲ့နတ်ပြည်ခြောက်ထပ်က နတ်မိဖုရားတွေ လာပြိုင်တာတောင်မှ လမင်းကြီးကိုလာပြိုင်တဲ့ကြယ်လေးတွေသာ ဖြစ်သွားမယ်တဲ့""အဲ့ဒါနဲ့ဘာဆိုင်လို့လဲ""ဆိုင်တယ်လေ ကိုယ်ကလည်း လမင်းကြီးကိုမြင်ဖူးတော့ ကြယ်လေးတွေကို လှတယ်လို့ မပြောတော့ဘူး"...." ဤကတ်ဖုံးလေးသည်အသုံးဝင်နေပါသေးသည်၊ အသည်းမှာ ဒဏ်ရာလေးနှင့်ဖြစ်သော်လည်း ကိုယ့်ဘဝလမ်းကို လျှောက်နိုင်သော လူငယ်သည် အင်း သည်လောကမှာ အသုံးဝင်ပါသေး၏"… ကိုယ့်ဘဝမှာလေ လောကတွေကြုံပီး စိတ်ထိခိုက်ရလွန်းလို့ ဘယ်ဘက်လက် လက်ချောင်းလေးတွေသွေးမလျှောက်တော့ဘဲထုံးပီး လေဖျက်သလို လှုပ်မရဖြစ်သွားခဲ့ဖူးတယ် ...ညတွင်းချင်းကြီး ဖြစ်သွားတာဆိုတော့ အရမ်းရှော့ဖြစ်သွားတာ...ဘယ်ဆေးခန်းသွားပြီး ဘာလိုလုပ်ရမလဲ ဘယ်တွေများဆက်ဖြစ်ဦးမလဲ ဆိုပြီး တစ်ပူပေါ်တစ်ပူထပ်ဆင့် ဖြစ်ခဲ့ဖူးတဲ့ အဲ့အချိန်မှာဘဝရဲ့ အဖြေရှာရင်း ဒီစာအုပ်လေးကို ဖတ်မိတာဘဲ ... Thank u, Universe😘ဒီမှာဟိုမေးဒီမေး ဟိုပြဒီပြ မြန်မာပြည်က ဆေးပြန်မှာ အဲ့လိုတွေ ဖြစ်နေချိန်မှာ ...ဒီစာအုပ်လေးက right medication ဖြစ်ခဲ့တာ ...စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာ စိတ်ကိုကုမှ -ဖြေမှ -လျှော့မှ - Healing လုပ်မှ- released & let it go လုပ်မှ ပျောက်ကင်းချမ်းသာရာ ရမယ် ဆိုတဲ့ message & ဖြေဆေးလေးကို ရခဲ့လို့ ဆရာကြီးကို သိပ်ကျေးဇူးတင်တရ် 😘#Suu80#suu80thbirthday#booksbooksbooks#reading#HtetHtetAung#တက္ကသိုလ်ဘုန်းနိုင် #နှင်းငွေတထောင့်မိုးတမှောင့်