What do you think?

တန်ခူးလေနှင့်လျောတော့သည်
187 pages, Paperback
About the author
တက္ကသိုလ်ဘုန်းနိုင်
29 books92 followersရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။
မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။
မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။
မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။
စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။
နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

Ratings & Reviews
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
Displaying 1 - 2 of 2 reviews
August 31, 2026
ဒီ ဝထ္တု ကိုလဲ reviews အနည်နဲ့သိပ်မတွေ့ရတတ်ပါဘူး ဆိုတော့ကား
အစ ကို သကြင်္န် အခါဝယ် ပိတောက်တွေ ရဲ့လှပ မှုက နေတဆင့် ပထမ ထားနဲ့ ဒုတိယ ထားတို့ကိုနှိုင်းယှဉ် ကြည့်လို့ရနိုင်အောင် ပုံဖော် ရေးစပ်ထားပါတယ်။ ဖတ်နေရင်းနဲ့ မျက်စိ အနည်းငယ်လည်သွားပေမဲ့ လဲ တဖြည်းဖြည်း ရှင်းလင်းလာပေမဲ့
“ပိတောက်ဟာ တစ်နှစ်အတွက် တစ်ခါပဲပွင့်ပါတယ်ထား။ ပွင့် ပြီဆိုရင်လည်း ပင်လုံးကျွတ် ဝင်းထိန်မြဲပါပဲလေ၊ ကျွန်တော်မြင် ထားတဲ့ အချစ်စစ်အချစ်မှန် ဆိုတာဟာလည်း တစ်သက်တာမှာ တစ်ခါပဲ ပေါ်ပေါက်လိမ့်မယ်ထင်တယ်။ တစ်သက်မှာ တစ်ခါသာပွင့်မယ့် ကျွန်တော့်ပိတောက်ကတော့ ထားရဲ့ ပိတောက်နဲ့များ ကွာနေ မလားတော့ မသိဘူး...”
နုနယ်လွန်းလှတဲ့ မိန်းမသား တစ်ဉီး ရဲ နှလုံးသားကို မှ ရင်ခွင်နှစ်ခု ကို တစ်လှည့်စီ ကြရောက်ရာမှာတော့ ဖြင့် အဘယ်ကြောင့် ထိုနှလုံးသားက လောက ကို အံတု ခုခံနိုင်ပ့မည်နည်း။ "ထား" ရဲ့လုပ်ရပ် က လက်ခံချင်စရာကောင်းအောင် ဖြစ်လေပေမဲ့
ထား တစ်ယောက်ကိုမှ အရူးတစ်ယောက်ပမာ စွဲလမ်း သွားရှာတဲ့ ခင်မောင်အေး ရဲ့ လုပ်ချင်ရာကိုသာ ဇွတ်လုပ် တတ်တဲ့ လုပ်ရပ်တွေကိုပဲ အပစ်တင်ရလေမလား မပြောတတ်။
ပထမ "ထား" ရဲ့စွန့်ခွာသွားမှုကို ခံရရှာ တဲ့ မြင့်ခိုင် ရဲ့ဇာတ်က တော့ ဒုတိယ "ထား" ရဲ့
"ပစ်ခွာ ထားသမို့ ထားလို့မခေါ်ချင်။ သစ္စာထားတဲ့ထားမို့ထားလို့ခေါ်ချင်"အသက်ကိုပုံထား။ ယုံစားသူမို့၊ အရာရာ မငြိုငြင်၊ မျက်ထားချိုလွင်၊ သက်ထားမောင်ရဲ့ သခင်” ဆိုတဲ့အတိုင်းပဲ ဖြစ်လေ မလား ဆိုတာကတော့ အခုပဲ ဖတ်ကြည့်လိုက်ပါတော့ လား...
#တက္ကသိုလ်ဘုန်းနိုင်
#တန်ခူးလေနှင့်လျော့တော့သည်

April 9, 2023
ပစ်ခွာထားသမို့ 'ထား'လို့ မခေါ်ချင်
သစ္စာထားတဲ့ ထား မို့ 'ထား'လို့ခေါ်ချင်
😘🥹
သစ္စာထားတဲ့ ထား မို့ 'ထား'လို့ခေါ်ချင်
😘🥹
Displaying 1 - 2 of 2 reviews