Caesar Min101 reviews55 followersFollowFollowOctober 6, 2022စာရေးဆရာ၏ ဘဝကိုယ်တွေ့ဖြစ်ရပ်များထဲမှ မှတ်မှတ်ထင်ထင်ရှိသည်များကို ဇတ်လမ်းအတိုလေးများအဖြစ်ရေးဖွဲ့ထားခြင်းများဖြစ်သည်။ အရေးအသားမှာ ပုံမှန်ဖြစ်သော်လည်း ဖြစ်ရပ်များကို ပယ်ပယ်နယ်နယ် နိုက်နိုက်ချွတ်ချွတ် ရေးသားပြီး၊ အဆိုးအကောင်းအကုန်ရေးထားသည့်သဘောရှိ၏။ ဂျပန်ခေတ်ဝန်းကျင်ခန့်က လူနေမှုဘဝများကို သိရှိနိုင်မည်ဖြစ်ပြီး ဖတ်နေရင်းအသိတခုရလာသည်မှာ ကျနော်တို့မြန်မာနိုင်ငံမှာ အရင်ခေတ်ကလည်းဆိုးခဲ့၊ ယခုခေတ်လည်းဆိုးနေဆဲဖြစ်သည်ဆိုသည်ကိုဖြစ်၏။ ဘဝရယ်လို့ရလာလျှင် သည်လိုပဲ ကြုံရာကျရာနေရာတွင် အခြေအနေကတောင်းဆိုလာလျှင် လူတွေသည် လုပ်လိုက်ကြသည်ချည်းသာဖြစ်သည်ကို သံဝေဂရနိုင်လေသည်။ ဤစာအုပ်၏ထူးခြားချက်မှာ စာရေးသူ၏ "အဆုံးစွန်သောရိုးသားမှု" (level of honesty) ဖြစ်မည်ထင်သည်။
Kyaw Swar3 reviewsFollowFollowJanuary 26, 2022ဟာသ မဟုတ်တဲ့ သော်တာဆွေရဲ့ အင်မတန် ကောင်းမွန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။