Jump to ratings and reviews

နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်

266 pages, Paperback

First published January 1, 1973

Loading...
Loading...

About the author

ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။

မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။

မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။

စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

Ratings & Reviews

What do you think?

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
17 (41%)
4 stars
10 (24%)
3 stars
8 (19%)
2 stars
6 (14%)
1 star
0 (0%)
Displaying 1 - 3 of 3 reviews
Profile Image for Thinn.
158 reviews13 followers
April 5, 2024
ဒီဝတ္ထုရဲ့ခေါင်းစဉ်ကို ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) ရေးထားတဲ့ ‘နေပွင့်ပန်း၏အပြာရောင်စာမျက်နှာသစ်’ မှာ တွေ့ဖူးတယ်။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးထားတဲ့ ‘ကမ္ဘာကုန်ကျယ်သ၍ဝယ်’ ထဲက သီချင်းစာသားလို့ပဲ ထင်ထားတာ။ ဆရာကြီးရဲ့ ဒီစာအုပ်ကို အခုမှ တွေ့ပြီး ဖတ်ဖြစ်သွားတာ။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်’ က ကိုယ့်ရဲ့ ဆယ်ကျော်သက်အရွယ်မှာ အလွှမ်းမိုးဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ခဲ့ဖူးတယ်။ အဲ့စာအုပ်ကို ဖတ်တိုင်း ငိုရတာ။

ဆရာ့ရဲ့ ဒီစာအုပ်ကိုတော့ မကြိုက်ဘူး။ ဒီစာအုပ်က အရမ်းပညာပေးဆန်တယ်။ ကေသွယ်တို့လို ရပ်ကျိုးရွာကျိုးပြုတတ်အောင်၊ စောညိုတို့လို တိုင်းပြည်အတွက် အသက်ကိုပဓာနမထားပဲ ရက်ရက်ရောရောပေးချင်အောင်၊ ကိုကျော်စွာတို့လို တိုင်းပြည်က မထွက်ခွါစေချင်အောင် ဆိုတဲ့ သဘောတွေအများကြီး ထည့်ရေးထားတယ်။ ဝတ္ထုနဲ့မတူဘဲ ပညာပေးဇာတ်လမ်းတွဲ ကြည့်နေရသလိုပဲ။ 🫠 ဇာတ်က အရမ်းရှင်းနေပြီး ဘာမှ စဉ်းစားစရာမလိုသလို၊ ထိထိခိုက်ခိုက် ခံစားရတာလည်း ပါမနေဘူး။ အဲ့တော့ မကြိုက်ဘူး။

“ဪ …. ချစ်လျှင် ပျော်သတဲ့။ ဟုတ်ပေမည်။ မပျော်ရသည့် အချစ်ဆိုလျှင်လည်း ဘာလုပ်ရမည်နည်း။ မပျော်ရသည့် အချစ်ဟူသည်ကော ဤလောကမှာ ရှိပါသလော။ ချစ်ခင်နှစ်သက်သူနှင့် ကွေကွင်းရတော့ ဒုက္ခဟု ဘုရားဟော ရှိလေသည်။ သည်သဘောကို ပြောင်းပြန် ပြန်တွေးလိုက်တော့ ချစ်ခင်နှစ်သက်သူနှင့် ပေါင်းဖော်ရခြင်းသည် သုခ ပေါ့။ အနည်းဆုံး ပုထုဇဉ်၏ သုခပေါ့။”

#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည် #တက္ကသိုလ်ဘုန်းနိုင် #လုံးချင်းဝတ္ထု #မြန်မာစာအုပ် #readwithme #readingwiththinn📚
17 reviews
September 24, 2026
ဒီ ဝထ္တု ထဲမှာ တွေ့ရတာက ရဲဘော် ‌စောညို ရဲ့ ပြည်သူတွေအပေါ်ထား တဲ့ စိတ်စေတနာ ရယ် ရန်သူအပေါ်ကို ဘယ်လိုဘယ်ချိန်မှာမျိုးမှာမှ အရှုံမပေးပဲ အသက်သာအသေခံမဲ့ နိုင်ငံပေါ်ထားတဲ့ သေစ္စာ ရှိတဲ့ ရဲဘော်တစ်ဉီးပမာရေးသားထားတာကိုတွေ့ရပါတယ်။ ဝထ္တု အဆုံးမှာလဲ နှလုံးသား ရှိတဲ့ ရဲဘော် တစ်ဉီးကို ရည်ညွှန်း ထားကြောင်း ထည့်ရေးသားထားပါတယ်။

ကိုကျော်စွာ လိုမျိုး အချစ်အတွက် မိန်းမ တစ်ဉီးကြောင့် နိုင်ငံကနေတောင်အပြီးထွက်သွား ဖို့ စဉ်းစားခဲ့တဲ့ အတွေးအခေါ်လို့ မျိုး ကို အပြီးမထွက်သွားစေလိုသော အချက်နဲ့ အမိနိုင်ငံကို ချစ်မြတ်နိုးစေလိုသော ရည်ရွယ်ချက်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါက လဲ နိုင်ငံရဲ့အလှအပကို မြတ်နိုးစေလိုတဲ့ သဘောမျိုးလို့ တွေးမိပါတယ်။

အချစ်ဇာတ်လမ်းလေး နဲ့ ဖတ်ရှုဖွယ်ကောင်းအောင် ရေးသား ဖွဲ့နွဲ့ထားတာဖြစ်ပြီး အဓိကဇာတ်ကောင် " ကေသွယ်" ရဲ့ အချစ်စစ် အချစ်မှန် က မြို့သားလူချမ်းသာ ကိုကျော်စွာ ကနေ စတင်လာကာ, အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ခဲ့ တဲ့ ရဲဘော်စောညို တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖတ်ရှုခံစားရမှာဖြစ်ပါတယ်...

"မိန်းမတစ်ယောက်ကိုချစ်တာကြောင့်ဒီမြေမှာ နေရတယ်ဆိုရင် ရာဇဝင်ရိုင်းလိမ့်မယ်။ မိန်းမတစ်ယောက်ရဲ့ အလှဟာ တစ်ခဏပါ။ ဒီမြေရဲ့ အလှကသာ ထာဝရပါ။ ထာဝရမြေရဲ့ အလှကိုတောင် မချစ်နိုင်သူ တစ်ယောက်ရဲ့ ရင်ခွင်မှာ တစ်ခဏအလှသာပိုင်တဲ့ ကေသွယ့် ကိုယ်ကို ပုံမအပ် နိုင်ဘူး။"
Displaying 1 - 3 of 3 reviews