Jump to ratings and reviews
Rate this book

ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်

Rate this book

238 pages, Paperback

Published January 1, 2008

Loading...
Loading...

About the author

ခင်ခင်ထူး

19 books61 followers
၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
22 (45%)
4 stars
12 (25%)
3 stars
9 (18%)
2 stars
3 (6%)
1 star
2 (4%)
Displaying 1 - 6 of 6 reviews
Profile Image for Thin San.
93 reviews58 followers
October 5, 2022
ဒီစာအုပ်လေးကို မဖတ်ခင်ကတည်းက အဆုံးသတ်ဟာ ရင်နှင့်စရာကောင်းတယ်ဆိုတာကို Review တွေအရကြိုပြီးသိပြီးသားပါ။ ဒါပေမယ့်လည်း ဖတ်ဖြစ်အောင်ဖတ်မိသွားတယ်။ အဆုံးသတ်ကို သိနေပေမယ့် ဆရာမ ခင်ခင်ထူးရဲ့ ဇာတ်လမ်းအတိုင်း စီးမြောသွားရတာပါပဲ။ ကျေးလက်ဓလေ့အပြင် ပွဲတော်ဓလေ့တွေကိုလည်း ကိုယ်တိုင်သွားနေရသလို ခံစားရစေတယ်။ အမေပြောပြောပြခဲ့ဖူးတဲ့ ပွဲတော်တွေအကြောင်းကိုလည်း သတိရစေမိတယ်။ ခင်နှောင်းပျော်ရင် ကိုယ်ပါပျော်၊ ခင်နှောင်းရင်ဖိုရင် ကိုယ်ပါလိုက်ဖို၊ ရင်နင့်ရပြီဆိုတော့လည်း စာအုပ်ကြီးကိုင် ငူငူကြီး ကျန်နေရတော့တာပဲ။ သိနေပြီးသား အဆုံးသတ်ကို ထပ်ဖတ်ရပြန်တော့လည်း ရက်စက်လိုက်တာ ဆရာမ ရယ်လို့ စိတ်ထဲ တွေးမိပြန်တယ်။ ဆရာမ ခင်ခင်ထူးရဲ့ စာအုပ်တွေမှာ ကိုယ်အကြိုက်ဆုံးက ဇာတ်ကောင်တွေရဲ့ စကားပြောပုံကိုပဲ။ တကယ်ကို အပြင်မှာ ကိုယ်နဲ့ပြောနေရသလို သရုပ်ပေါ်ပြီး ပွင့်လင်းပြီး ရိုးသားတဲ့ ဓလေ့ကို မြင်ယောင်မိစေတယ်။ အထူးသဖြင့် ဒီစာအုပ်မှာ ဆရာမက ပွဲတော်ကို စာဖတ်သူတွေ မျက်လုံးထဲ မြင်ယောင်လာအောင် ပုံဖော်ရေးပြထားတာ တကယ်ကို ကျေနပ်မိပါတယ်။
Profile Image for May.
25 reviews
March 8, 2022
Interesting to learn the Nat culture and believes
Profile Image for Daisy.
10 reviews2 followers
April 8, 2023
Such a beautiful melodrama love story but yet overwhelming with lots of burmese ethnic group " A- Nyar" 's tradition.
Profile Image for Htet Aung.
59 reviews3 followers
June 14, 2025
ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဝှမ်းကြားမှာရှိတယ့် ကျွန်းဆယ့်နှစ်ရာအကြောင်း
နတ်ကိုးကွယ်မှူအကြောင်း
ရွာဓလေ့
ရွာထုံးစံ
ရွာသူ/သားတို့ရဲ့ ယုံကြည်မှု/ကိုးကွယ်မှု
ပခမ်းကိုကြီးကျော် ပွဲတော်

ဆရာမကြီးရဲ့ အရေးအသားကောင်းမှုကိုတော့ အထူးတလည် မချီးကျူးတော့ပါဘူး တနိုင်ငံလုံးသိပီးသားပါနော့
နတ်ပွဲအကြောင်း ဗဟုသုတတွေကလည်း တန်ဖိုးမဖြတ်နိုင်ပါဘဲ 😍

ဆင်းရဲပင်မယ့် ချစ်သူတစ်မျက်နှာ တစ်ရွာထင်ပီး ရိုးသားကြိုးစားသော တရွာသား
ထန်းတောရွာက "ကိုကျီးညို" နဲ့
ငွေကြေးတောင့်တင်းပီး ရိုးသား ပိပြားသူ ကွမ်းထောင်ကိုင်အမျိုးသမီးလေး ခင်နှောင်း

နတ်ပွဲရောက်တော့ ရိုးရာကိုးကွယ်သူတို့ရဲ့ ထုံးစံအတိုင်းပန်းဆက်ရမယ် ပြန်ပန်းယူရမယ် ကြက်လောင်းရမယ်

ကိုကြီးကျော်ပွဲတော် ဆင်နွှဲကြပုံတွေကို ရင်ခုံ လှိုက်မောဖွယ်ဖော်ပြထားလို့
ဖတ်နေရင်းကိုယ်တိုင် လှည်းပေါ်ရောက်ပီး
နတ်ဆိုင်းသံဘိန်းကြမ်းကြားမှာ
ပွဲတော်ထဲက လူအုပ်ထဲ တိုးကာဝေ့ကာ
ကိုကြီးကျော်ဆီကို နန်းထိနန်းရောက် သွားပြီး
နတ်ပန်း နှင့် ကြက်လောင်းငွေကို လက်ထိ လက်ရောက်ဆပ် လိုက်မိတယ် ✨

Displaying 1 - 6 of 6 reviews