What do you think?

ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်
The biography of a well-known doctor in Burma, Narga Thein Hlaing. The doctor was graduated from Yangon Medical College and while he was working in Mandalay hospital, a miracle happened and his life started to change. He was sent to Khamti town in Narga mountains, Chin state, which was the total outskirt of Burma. This book portrayed all the experiences, hardships, joy, friendship and memories he made with honest and pure Narga people on the mountains.
560 pages, Paperback
Published January 1, 2017
Ratings & Reviews
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
Displaying 1 - 13 of 13 reviews
June 27, 2023
I'm not much a great fan of Burmese fictional biography.I think some events and facts in the book were being potrayed exaggeratedly and these had been conduited a way to personality cult or worshipping.I admire Dr Thein Hlaing for not being an excellent surgeon but for a lone survivor among corrupted bureaucrats in his contemporary.I've read the book while it was gaining popularity around 2018 but never got a chance to finish it.But Nyi Pu Lay's unexpected passed away urged me to try it again.Anyway it aslo includes in the list of "a book must read if you are a doctor in Myanmar".I want to suggest you to read along with "Surgery on Conscious Patients: Ambulatory Surgery in the Bumese Naga Lands. Spoken by Dr Naga Thein Hlaing, written by Gregory Kleiman, edited: Heiko Rudolph" from research gate which is more like a documentary.
In loving memory to both of you
In loving memory to both of you
April 28, 2023
ဒီစာအုပ်ကလေ လူတော်တော်များများပြောထားလို့ ဖတ်ဖြစ်တဲ့စာအုပ်ပါ။ လူပြောများတဲ့စာအုပ်ဆို ဖတ်ရတာ ခပ်လန့်လန့်ရယ်။
စာအုပ်ကို စဖတ်ဖြစ်တဲ့နေ့က ည ၂ နာရီထိုးတယ်။ ဖတ်ကောင်းကောင်းနဲ့ဖတ်တာ။ ဘာဖြစ်သွားမှာလဲ ဆိုတဲ့သိချင်စိတ်နဲ့ပေါ့။ ဦးညီပုလေးကလည်း စာရေးတကယ်ကောင်းတယ်။ စာဖတ်နေရတာနဲ့မတူဘဲ သူ့ဇာတ်ကောင် (ဒေါက်တာသိန်းလှိုင်) နဲ့ လိုက်ပြေးနေရသလို ကို ခံစားရအောင် ရေးနိုင်တယ်။
စာဖတ်နေရင်းနဲ့ ‘ဟယ် ဒီဆရာဝန်က ကြမ်းလိုက်တာ၊ ရမ်းလိုက်တာ’ လို့ တွေးမိတဲ့အပိုင်းတွေရှိတယ်။ ကိုယ်ကတော့ သူဒီလိုကြမ်းနိုင်၊ ရမ်းနိုင်တာက သူ့မိဘချမ်းသာလို့ဆိုတာလည်း တွေးမိတယ်။ သူတို့က ဘိုးစဉ်ဘောင်ဆက်ချမ်းသာပုံပါပဲ။ အဲ့ဒီခေတ်မှာ နိုင်ငံခြားကိုခရီးတွေသွားနိုင်တာ၊ ရန်ကုန်မှာ သားတွေကျောင်းတက်ဖို့ စိတ်ကြိုက်အိမ်လိုက်ဝယ်ပေးတာ၊ ဒေါက်တာသိန်းလှိုင် ဆေးကျောင်းတက်ဖို့ ကြိုက်တဲ့ကားကို ရွေးဝယ်ပေးနိုင်တယ် ဆိုတဲ့အပိုင်းတွေ ဖတ်ရတော့ ဒေါက်တာသိန်းလှိုင်မိဘများလက်ထက်က တော်ရုံမဟုတ်ဘူး တော်တော့်ကိုချမ်းသာတယ်လို့ ခံစားရတယ်။
ဆရာဒေါက်တာသိန်းလှိုင်ကိုယ်တိုင်လည်း ဆရာဦးဖေကြင်ကို ‘စားစရာမရှိလို့ ဆရာဝန်လုပ်နေတာမဟုတ်ဘူးနော်၊ ဒီလောက,က ထွက်သွားရင်လည်း ရှင်သန်နိုင်တယ်၊ အချိန်မရွေး ထွက်ပစ်လို့ရတယ်’ လို့ ပြန်ခံပြောဖူးတယ်။ စင်္ကာပူမှာ သူငယ်ချင်းနောက်တယောက်နဲ့ တညထဲ သုံးတာ ဒေါ်လာ ၇ ထောင်တောင် ကုန်ခဲ့တယ်ဆိုတာရောပဲ။ ခန္တီးမှာ တာဝန်ကျတော့လည်း ရတဲ့လစာ ၅၇၅ ကျပ်မှာ ငွေ ၅၀၀ ကိုစော်ဘွားကြီး စောမြတ်သိန်းဆီအပ်ထားပြီး ကုန်သွယ်ရေးဆန်ဝယ်ခိုင်းတယ်။ ပြီးတော့ လူနာတွေကို ပြန်ပေးတယ်။ ဒါဟာအရမ်းကို မွန်မြတ်တဲ့ကိစ္စပါ။ ကိုယ်ပြောချင်တာက သူ့မှာ နောက်ကနေထောက်ပံ့ပေးမယ့် မိဘရယ်၊ မိန်းမရယ်ရှိတော့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကြမ်းနိုင်၊ ရမ်းနိုင်တယ်။ ကောင်းသော ကြမ်းခြင်း၊ ရမ်းခြင်းတွေပါ။
ဆရာက ချမ်းသာရုံတွင်မကဘူး နိုင်ငံရေးလောကမှာလည်း အချိတ်အဆက်ရှိတယ်။ သူရန်ကုန်မှာ သပိတ်ခေါင်းဆောင်ပြီးမှောက်တော့ ဝန်ကြီးချုပ်ဦးနုဆီကို ကားမောင်းပြီးသွားတွေ့တယ်လို့ရေးထားတယ်။ ပြီးတော့ သူ့မိခင်နဲ့ဦးနုက ခင်မင်ရင်းနှီးကြောင်းရော ရေးထားတယ်။ သူ့ဦးလေးတစ်ယောက်ကလည်း ဗိုလ်မှူးကြီး (ဗိုလ်မှူးကြီး သောင်းကြည်) အဆင့်ရှိတဲ့လူ။
ပိုက်ဆံကလည်းရှိ၊ အဆက်အသွယ်တွေကလည်းကောင်း၊ နောက်လှည့်ကြည့်စရာလည်းမလို၊ လူကလည်းလူတော်၊ စိတ်ကောင်းစိတ်မှန်ရှိသူဆိုတော့ ဆရာဟာ ဗျူရိုကရက်ကို ဒူးနဲ့တိုက်ရမှာ စိတ်ဖြောင့်ဖြောင့်နဲ့ တိုက်နိုင်ခဲ့ပုံပေါ်ပါတယ်။
နာဂတောင်တန်းတလျှောက် ဆေးကျောပိုးအိတ်လွယ်ပြီး ဆေးလိုက်ကုပေးတာဖတ်ရတော့လည်း အားကျရတယ်။ ၆ နှစ်တာကာလအတွင်း ဆရာဟာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြည်သူအပေါ်ကို အစွမ်းကုန်အလင်းပေးခဲ့တဲ့လူဆိုတာတော့ ယုံမှားဖွယ်မရှိပါဘူး။ နာဂတွေက နတ်ဆေးဆရာလို့ တင်စားခေါ်ခံရတဲ့ဆရာက နာဂတွေပြောတဲ့ဘာသာစကားကို ပြောတတ်ရင် နာဂတွေကြား ပိုပြီးစီးမျောနေနိုင်လိမ့်မယ်လို့ ထင်မိတယ်။
ဆရာက သူ့အမှားတချို့နဲ့သူစကားလွန်သွားတာတချို့ကိုပါ မချွင်းမချန်ပြောသွားတယ်။ တော်ရုံလူဆို ကိုယ့်အမှားကို လူသိရှင်ကြား ဝန်ခံတာမဟုတ်ဘူးရယ်။ 😅 ဆရာဟာ သူ့တယ်တယ်ကြောင့်၊ ပြီးတော့ သူ့ဇနီးအုန်းအုန်းကြောင့် သူလုပ်ချင်တာတွေကို စိတ်ဖြောင့်ဖြောင့်နဲ့လုပ်ခွင့်ရတယ်လို့ ပြောပြရင် ပိုပြီးလူသားဆန်မယ်လို့ ထင်တယ်။
ခြုံပြောရရင်တော့ နတ်ဖြစ်ဖို့က ဆေးကုတတ်ရုံနဲ့မပြီးဘူး။ စိတ်စေတနာကောင်းရှိသလို၊ နောက်ကနေဖြည့်ဆည်းပေးနိုင်မဲ့ နောက်ခံကောင်းတွေလည်း လိုပါတယ်။
“လူဆိုတာ တော်မှ တတ်တာ မဟုတ်ဘူး။ ကြိုးစားရင်လည်း တတ်တာပါပဲ။ ကျွန်တော့် လုပ်ဆောင်နေမှုတွေကို တချို့လူတွေက အကောင်းမမြင်ကြဘူး။ ဒီကောင် အရူးပါ။ ငပေါပဲ။ ကွယ်ရာမှာ ဒီလိုသွားပုပ်လေလွင့် ပြောတာတွေ ပြန်ကြားရတယ်။ ဘယ်မှုလိမ့်မလဲ။ အေး … တစ်နေ့တော့မင်းတို့ပြောပြောနေတဲ့ ငပေါ၊ အရူး၊ အူကြောင်ကြောင်အကြောင်း သိလာစေရမယ်။ ဒီလိုစိတ်မျိုးနဲ့ ကြိုးစားခဲ့တယ်။”

This entire review has been hidden because of spoilers.
May 8, 2018
Beautifully written. love the book! လက်ကမချဘဲ တထိုင်တည်းဖတ်ဖြစ်ခဲ့တဲ့ စာအုပ်။ သုတရော ရသပါ အပြည့်အဝ ရတဲ့ စာအုပ်မို့ ဆရာညီပုလေးကို သိပ်ကို လေးစားရပါတယ်။
July 2, 2018
ဒီစာအုပ်ရေးတဲ့စာရေးဆရာက shark အချိုရည်ဘူးတိုက်လွှတ်လိုက်တယ် ဒီနေ့
သောက်ရတာအမြတ်ပဲ B-)
သောက်ရတာအမြတ်ပဲ B-)
July 14, 2020
ဆရာညီပုလေးရဲ့ ပြောင်မြောက်သော အရေးအသားတို့ဖြင့် လက်ထဲကမချတမ်း ဖတ်အောင် ရေးသားထားသော ဆရာဒေါက်တာသိန်းလှိုင်၏ ဝတ္ထုအတ္ထုပတ္တိဖြစ်သည်။
November 22, 2025
ဒီစာအုပ်ကို ကြိုက်တာထက်တောင်ပိုပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒီစာအုပ်ကို မိတ်ဆွေတစ်ယောက်က ဖတ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းလာပြောပြတယ်။ အဲ့ဒီတုန်းကတော့ စာအုပ်နာမည်ကို Book Review Page တွေမှာခဏခဏ တွေ့ဖူးတော့ မျက်မှန်းတန်းနေမိပေမယ့် ဖတ်ဖို့ အစီစဉ်မရှိခဲ့ဘူး။ အခုဒီစာအုပ်ကို ဖတ်ပြီးသွားတော့ လုံးဝနောင်တမရဘူး။ စောစောဖတ်ဖြစ်ရင် ပိုလို့တောင်ကောင်းလိမ့်မယ်လို့ မှတ်ချက်ချမိခဲ့တယ်။
ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ ဒါကဖြစ်ရပ်မှန်တစ်ခု ဆိုတဲ့အသိကို ပြန်ပြန်သွင်းရတယ်။ ဆရာကြီး နာဂသိန်းလှိုင်ကိုလည်း တစ်ကယ်လေးစားမိတယ်။ အဓိကတော့ ဆရာ့ရဲ့ ရပ်တည်ချက်၊ ရဲရင့်မှု၊ ကိုယ်ကြိုးစွန့် အနစ်နာခံမှုကိုတော့ ဒီတစ်သက် ကျွန်မကိုယ်တိုင် လိုက်မှီလိမ့်မယ်လို့ မထင်။ တိုင်းတစ်ပါးမှာ မိသားစုလိုက် ပြောင်းရွှေ့ပြီး နေထိုင်လို့ရပေမယ့် သူမလုပ်ခဲ့ဘူး။ တစ်ကယ့် ပညာတတ်ကောင်း ပီသပါပေတယ်။ ဖတ်ရင်းငိုခဲ့ရတဲ့အပိုင်းလည်းရှိပါတယ်။ ဆရာညီပုလေး စာရေးသားတဲ့ပုံစံကလည်း ဖတ်လို့ ဖြူးနေရော။ ဒီနှစ်အတွင်း ဖတ်ခဲ့တဲ့ စာအုပ်မှန်သမျှထဲမှာ ဒီစာအုပ်ကတော့ ကျွန်မအတွက် အကောင်းတကာ့အကောင်းဆုံးပါ❤️။

November 27, 2020
-One of Ethnic Race's Culture, Customs, Religion
-Socialistic System, Power and Authority
-Love, mutual respect, mutual understanding and Strong Attachment with indigenous people
-Professional and dedication in his career
-Adaptability and Flexibility in new society
- Capable of Accountability and Responsibility
-Courage and Bravery upon rightness
-Situation in the Second World War
-Medical knowledge especially surgery
Overall Writing style is simple, genuine and humurous not to be boring for such kind of thick book.
Some literary devices like simile, metaphor, Onomatopoeia, and proverbs that also make writing style cheerful.
It is really worth reading and will give u new insights.

February 9, 2018
one of my favourite biographies.
May 27, 2018
ဒေါက်တာ့ကိုအရမ်းလေးစားပါတယ် ဆရာညီပုလေးအရေးအဖွဲ့ထိမိတယ်
August 13, 2018
Favorite read for Biographies.
Read
January 24, 2021အရမ်းကောင်းတဲ့စာအုပ်လေးဗျာ၊စိတ်တွင်းမှာ ကိန်းဝပ်နေတဲ့ ခံစားချက်တွေကို ရှေ့ကလူဆီကူးပေးတာများ ဂျက်ပင်
နဲ့ ကူးနေသလားပဲ။
နဲ့ ကူးနေသလားပဲ။
This entire review has been hidden because of spoilers.
May 25, 2022
totally worth reading..
felt like i was actually with Naga people and experiencing those moments along with the protagonist..

Want to Read
October 12, 2023it's good