Jump to ratings and reviews
Rate this book

မြစိမ်းပြာ ကမာရွတ်

Rate this book

589 pages, Paperback

First published January 1, 1993

Loading...
Loading...

About the author

မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ အမှတ် ၄ ပထမထပ်၊ အခန်း ၅ တက္ကသိုလ်ဆရာများ ရိပ်သာသစ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ပညာရေး

အင်းဝမြို့ ကျုံးထိပ်ရပ် အစိုးရမူလတန်းကျောင်းတွင် ပညာစတင် သင်ယူခဲ့ပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ မှ ၈၅ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

စာပေခရီး

၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ဆုများ

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံး ဆုချီးမြှင့်သည့် The Man Asia Literary Prize စာပေဆု ပထမဆင့် ဆန်ကာတင် ရွေးချယ်စာရင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာရာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်စသော အာရှနိုင်ငံများမှ စာရေးဆရာ ၂၃ ဦးအနက် မြန်မာစာရေးဆရာမ နုနုရည်အင်းဝ လည်းပါဝင်ခဲ့သည်။

စာပေလက်ရာများ

၁။ ကာလာရောင်စုံ အမြန် (၁၉၉၀)
၂။ ကြောင်ညိုပါးရယ် စားတတ်လှတယ်နှင့် အခြားဝတ္ထုတိုများ
၃။ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ (၁၉၈၈)
၄။ တချို့အဆင်းလှ၊ တချို့အဆင်းမလှ (၁၉၈၆)
၅။ ဒိုးကြေးနှင့် အခြားဝတ္ထုတိုများ (၁၉၉၁)
၆။ ၂၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမတယောက် (၁၉၉၀)
၇။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ (၁၉၉၄)
၈။ ဖိုးရွှေလ မဂ္ဂဇင်း ဝတ္ထုရှည်များ (၁၉၉၃)
၉။ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့ (၁၉၈၆)
၁၀။ မရဲတရဲ ဘာဝယ်မလဲရှင်
မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း လူကြမ်းတရာ (၁၉၉၂)
၁၁။ မြစိမ်းပြာ ကမာရွတ် (ပ၊ ဒု၊ တ) (၁၉၉၃)
၁၂။ လဝန်းစက်ဝိုင်း ထက်ပိုင်းဖြတ်ကြွေ (၁၉၉၁)
၁၃။ လက်ရွေးစင် မြန်မာဝတ္ထုတိုများ ပေါင်းချုပ် (၁၉၉၆)
၁၄။ သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား နေတော့ ချုံကြား (၂၀၀၀)
၁၅။ အနီလား အဝါလား အစိမ်းလား (၁၉၈၉)
၁၆။ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား (၁၉၈၈)
၁၇။ အိပ်နေရင်ည နိုးနေရင်နေ့ (၁၉၉ဝ)
၁၈။ အို ကိုဖိုးမြနှင့် မစ္စတာ စမစ် မင်္ဂလာပါရှင် (၂၀၀၁)

ကိုးကား။ ။
နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာရွှေတောင် စာအုပ်တိုက်

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
18 (43%)
4 stars
17 (41%)
3 stars
4 (9%)
2 stars
1 (2%)
1 star
1 (2%)
Displaying 1 - 6 of 6 reviews
2 reviews
September 9, 2019
This book won National Literary Award in 1993. Early 90s were the dawn of apartment-living lifestyle in Burma. This book portrays everyday lives of five families who live in a Hong Kong-style apartment located in fictional 'Mya Sein Pyar street' of actual Kamaryut township. This is the best portrayal of middle class Yangonites in the 90s (still mostly relevant though). My favorite Burmese novel of all time. First time I read this book was around 2007. Nu Nu Yi (Innwa) became my favorite novelist after reading this book. I read in again in 2019. I didn't notice the narrative style or prose style while reading for the first time as I was pretty young back then. When I read it for the second time, I loved it even more for the way it was structured and the way her prose is so smooth to read. Likes of Nu Nu Yi (Innwa) and her mentor, Mg Tha Ra, are unconventional novelists, in my opinion. Their narrative style is void of corny cliche, overly melodramatic, overly masculine or feminine (and lame) characters or dialogues. When you read their writings, you won't read about heroes, cheesy dialogues, or how the wind is the blown or how the leaves move. Environmental description is minimal. It's just pure and realistic lives of ordinary people with their interesting and unique stories. This book, 'Mya Sein Pyar Kamaryut', will always be one of the best examples for Realism genre of Burmese literature.
Profile Image for Khin  Myo Thant Maw.
14 reviews26 followers
November 23, 2019
ဆရာမရဲ့ အ​ရေးအသားကောင်းချင်က ကမာရွတ် မြစိမ်းပြာလမ်းက ၃ထပ်တိုက်ရဲ့ အခန်း ၅ ခန်းမှာ နေတဲ့ မိသားစု ၅ စုအကြောင်းကို ဖတ်ရင်းနဲ့ ကိုယ်တိုင် အဲတိုက်မှာနေပြီး ကြုံတွေ့နေရသလိုကို ခံစားရတယ်
Profile Image for May.
25 reviews
January 19, 2022
Finished reading just before my brother's passing.. I should have noticed the sign and warned you..

Nicely presented the lives of the people from Yangon.
Profile Image for Ye Pyae.
49 reviews2 followers
August 2, 2021
I could only say 'What a great piece of novel'. If the combination of simple events could even turn out to be beautiful, it is this novel. Since I also live in the apartment, which has more or less the same condition as those in the book, I really understand the characters inside the novel. Growing up in the dictator regime and people missing their rights and the worst of it is that they don't even realized that they are missing their own rights. Yes, that's exactly what happened to me and many others from my country Myanmar. The author smartly concocted such events and organized in a masterful way. It's impossible not to enjoy the book from the beginning to the end !
Profile Image for Thin San.
93 reviews58 followers
March 23, 2023
မြစိမ်းပြာကမာရွတ်လမ်းသွယ်၊ သုံးထပ်တိုက် မှာ နေထိုင်တဲ့ တိုက်ခန်းနေ အိမ်နီးချင်းတွေရဲ့ အကြောင်းကို ဖတ်ရတာ ရသအစုံအလင်ခံစားရပါတယ်။ သူ့ဘဝနဲ့သူ အဆင်ပြေနေတယ် ထင်ရပေမယ့် တကယ်တမ်း တစ်ဦးချင်းစီမှာ ရှိနေတဲ့ အခက်အခဲတွေအကြောင်းရယ်၊ ရန်ကုန်မြို့ရဲ့ တိုက်ခန်းနေထိုင်သူတို့ရဲ့ အခက်အခဲတွေရယ်၊ ပြီးတော့ မိသားစု ချစ်ခြင်းမေတ္တာ အကြောင်းပေါ့။ မြစိမ်းပြာက တိုက်ခန်းမှာ ကိုယ်တိုင် နေထိုင်နေရသလို ဘဝအဖုံဖုံအကြောင်း လေ့လာရတယ်။ ကိုဖိုးအောင်ရဲ့ ဟာသဉာဏ်ကို သဘောကျမိတယ်။ ခက်ခဲနေတဲ့အချိန်မှာတောင် ကိုယ်ကိုယ်တိုင်ရော သူတပါးကိုပါ ပျော်အောင်လုပ်ပေးနိုင်တဲ့ လူတစ်ယောက်ပဲ။ လတ်လတ် နဲ့ ဦး ရဲ့ ချစ်ခြင်း နဲ့ အတူ ဖိုးဘတင်ရဲ့ အညာလွမ်းချင်းကိုလည်း ခံစားရတယ်။ ဆန်နီဆိုတဲ့ ဇာတ်ကောင်လေးကိုလည်း လွမ်းမိအောင် ပုံဖော်ပေးနိုင်ခဲ့တယ်။ အခေါင်းထဲ ဝင်အိပ်တတ်တဲ့ ဖိုးဘတင် ရဲ့ ခမည်းခမက် က အစ ကြောင်တွေတရုံးရုံး နဲ့ အပျိုကြီးတူဝရီး အဆုံး ဇာတ်ကောင်တစ်ဦးချင်းစီကို ရသအပြည့်ခံစားရတဲ့ ဝတ္ထုရှည်တစ်အုပ်ဖြစ်ပါတယ်။
Profile Image for Htet Aung.
59 reviews3 followers
June 18, 2025
၁၉၉၂ခုနှစ်မှာ ရေးသားခဲ့ပြီး
၁၉၉၃ ခုနှစ်က အမျိုးသားစာပေ ဝတ္ထုရှည်ဆုရခဲ့တဲ့ ဆရာမ နုနုရည်အင်းဝ ရဲ့ စာအုပ်လေးပါ။

ရန်ကုန်မြို့ရဲ့ လူနေမှုပုံစံ အကြောင်းကို “ခို”အိမ်ရှည် မြောမြောလေးတွေလို့ တင်စားရေးသားထားပြီး
နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့ မြို့ပြနေသာမန်ပြည်သူတွေအကြောင်း

တိုက်ခန်းလေးတွေမှာနေကြရတဲ့ လူတန်းစားပေါင်းစုံရဲ့ အမျိုးမျိုးသော ဘဝ အဖုံဖုံကို စုံစီနဖာ ရှုထောင့် ပေါင်းစုံက ရေးပြထားတဲ့ စာအုပ်ပါ။

ရှေးဘဝပေးကုသိုလ်ကံကြောင့် စကားမပြောတတ် နားမကြားပေမယ့်
လူတွေက အမြဲတမ်း မငြိုငြင်ဘဲနဲ့ ကူညီပေးတတ်တဲ့ အန်တီမေရီ ရဲ့ ချစ်လှစွာသော သားလေး
ဆန်နီ(ဘွိုင်) လေးတို့ရဲ့ အကြောင်းအရာတွေကို
စိတ်ဝင်စားဖွယ်ဖတ်ရမှာဖြစ်ပါတယ်
Displaying 1 - 6 of 6 reviews