Ye Lin Kyaw16 reviews7 followersFollowFollowMarch 9, 2019ဂဏနိုင်ငံတွေရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးဟာ ဒီနေ့ခေတ် ဒီမိုကရေစီ နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေ အခြေခံဥပဒေတွေ လွှတ်တော်တွေနဲ့ ထပ်တူညီမှာတော့ မဟုတ်ပါဘူး။ သမိုင်းနောက်ခံနဲ့ ဝတ္ထုဆိုတော့ ဇာတ်ကောင်တွေ ပြောတဲ့စကားဟာ သမိုင်းထဲကလူတွေ တကယ်တမ်း ပြောစကားတော့ ဟုတ်ချင်မှဟုတ်မယ်။ နိုင်ငံရေးဆိုတာက အဖန်တလဲလဲလည်နေတယ် ဒေဝဒတ်နဲ့ အဇာတသတ်ဘုရင်တို့ ပြောကြတဲ့စကားမျိုးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အခုအချိန်အထိ ကြားဖူးနေသလို ဝဿကာရ အမတ်ကြီးတို့ ဓမ္မေသရ အမတ်ကြီးတို့လို လူတွေလည်း ကိုယ့်ဝန်းကျင်မှာ ရှာကြည်ရင် မြင်လို့ရပါသေးတယ်။ Animal Farm တို့ 1984 တို့ထက်စာရင် ဝေသာလီက ကိုယ်တို့တတွေနဲ့ ယဉ်ကျေးမှုချင်း ပိုနီးတဲ့အတွက် ခံစားချက်တွေ ပိုနီးစပ်နိုင်တဲ့အတွက် ဖတ်ထိုက်ပါတယ်။