ငြိမ်းရဲ့ ဘဝကို ကျွန်မ ထပ်တူထပ်မျှခံစားလို့ရတယ်။ သူ့ဘဝက အပြင်လူတစ်ယောက်လိုမျိုး သူ့ရှေ့မှာဖြစ်ပျက်နေရတဲ့ အရာမှန်သမျှကို မျက်ဝါးထင်ထင် မြင်နေရပေမယ့် နှုတ်နဲ့ထုတ်မပြောပဲ အရာအားလုံးကို ရင်ထဲမှာ သိမ်းထားတယ်။ ဇာတ်ကို ကိုယ်တိုင်မကလည်းပဲ သူ့မှာလည်း ခံစားချက်ရှိတဲ့ လူတစ်ဦးပြီပြီ မွန်းကြပ်နေခဲ့တယ်။ တစ်ကယ်တော့ ငြိမ်းကို အစ်ကိုလတ်နဲ့ ဆုံဆည်း စေချင်တာရယ် (မဖြစ်နိုင်မှန်းလည်း သိပါတယ်)။ နောက်ဆုံးတော့ ငြိမ်းရဲ့ ဘဝလေး အေးချမ်းသွားပါတယ်။
⭐⭐⭐⭐