Jump to ratings and reviews
Rate this book

နေပွင့်ပန်း၏ အပြာရောင် စာမျက်နှာသစ်

Rate this book

122 pages, Paperback

First published January 1, 1986

1 person want to read

About the author

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
0 (0%)
3 stars
1 (33%)
2 stars
1 (33%)
1 star
1 (33%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
January 3, 2024
ဒီစာအုပ်ကတော့ ကြိုက်သလိုလို၊ မကြိုက်သလိုလိုပဲ။ “နွယ်ဦးမွန်” ကို portrait လုပ်ထားတာတော့ကြိုက်တယ်။ ဘဝကိုအတတ်နိုင်ဆုံးရုန်းကန်သွားမယ်ဆိုတာကို ရေးထားတာလေးကို ကြိုက်တယ်။ မကြိုက်တာက ယောက်ျားဇာတ်ကောင်တွေပဲ။ ‘လင်းဇော်’ က ပျော့လွန်းတယ်။ ‘မင်းမောင်’ ကတော့ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကတော့ လုပ်မှ ဖြစ်မယ်ဆိုတာကို သေချာသိတဲ့သူ။

‘ကျော်သက်’ ကိုလည်းမကြိုက်ဘူး။ မိန်းမတွေကို ဈေးတွက်သလို တွက်ပြီးယူလို့။ ပြီးတော့ ‘နွယ်ဦးမွန်’ နဲ့ တွေ့တော့မှ ရုတ်တရက်ကြီး အသိတရားတွေဝင်ပြီး သံဝေဂတွေရ ခိုင်းတာကြီးကို မကြိုက်ဘူး။ 🥴

နောက်တစ်ခုမကြိုက်တာက စာအုပ်ထဲမှာ ခဏ၊ ခဏပဲ ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြု (ဆာ့ဗ်) လုပ်ခိုင်းတယ်။ စာအုပ်ရဲ့ hidden message က ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြုဖို့များ ပြောချင်တာလား မသိဘူးလို့တောင် တွေးမိတယ်။

ဇာတ်သိမ်းလည်းမကြိုက်ဘူး။ ကောင်လေး ၃ ယောက်နဲ့ ကောင်မလေး ၁ ယောက် ကားအတူတူစီးလာလို့ ကောင်မလေးက ကောင်လေး ၃ ယောက်ထဲက တစ်ယောက်နဲ့ မဖြစ်မနေ ‘ငြိ’ သွားစရာ လိုမှ မလိုတာကြီးကို 😑

စာအုပ်ဖတ်ပြီး ‘နွယ်ဦးမွန်မို့ ချစ်ထွတ်တင်သည်’ စာသားကို လိုက်ရှာမိသေးတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးထားတဲ့ ‘ကမ္ဘာကုန်ကျယ်သ၍ဝယ်’ ထဲက စာသားပါ။

“လောကကြီးကို ကယ်တင်ဖို့ဆိုတဲ့စကားလုံးက ရင့်သီးလွန်းပါတယ်လို့၊ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် အလုပ်ကျွေးပြုဖို့၊ ဆာ့ဗ်လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အလျင်ဖြည့်ဆည်းဖို့ လိုတယ်လို့။ လူငယ်ကြိုက်စကားလုံးနဲ့ ပြောရရင် မိမိကိုယ်ကို လက်နက်တပ်ဆင်ဖို့ လိုတယ်လို့လေ။”

#နေပွင့်ပန်း၏အပြာရောင်စာမျက်နှာသစ် #စမ်းစမ်းနွဲ့_သာယာဝတီ #readingwiththinn📚 #20BOOKSBYBURMESEWOMEN
This entire review has been hidden because of spoilers.
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.