Jump to ratings and reviews
Rate this book

မယ့်သည်းအိမ်

Rate this book

239 pages, Hardcover

Published March 1, 2014

3 people want to read

About the author

ခင်နှင်းယု

12 books5 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (33%)
4 stars
2 (66%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
April 2, 2024
ဒီစာအုပ်ထဲမှာ ဆရာမကြီး ခင်နှင်းယုက သူရေးခဲ့ဖူးတဲ့ ဝတ္ထုတွေအကြောင်းကို ဘာလို့ရေးဖြစ်တာ၊ သူ့ဇာတ်ကောင်တွေကို ဘယ်လိုဖန်တီးခဲ့တာလို့ ရေးထားတာအပြင် ရုပ်ရှင်ရိုက်ဖြစ်တဲ့ ဇာတ်တွေအကြောင်းလညမး ရှင်းပြထားတယ်။ ပြီးတော့ တချို့ဇာတ်တွေကို စာဖတ်သူတွေ၊ ရုပ်ရှင်ကြည့်သူတွေက ဘယ်လို feedback တွေ ပြန်ပေးထားတာတွေကို ပါဖော်ပြထားတယ်။

ဒီထဲမှာ ‘မွှေး’၊ ‘သခွတ်ပန်း’၊ ‘ပန်းပန်လျက်ပါ’ ကို ရုပ်ရှင်အဖြစ် ကြည့်ဖူးတယ်။ ‘နဂါးငွေ့တန်း’ (ရုပ်ရှင်ရိုက်တော့ ‘ညပန်းချီ’ ဆိုပြီး နာမည်ပြောင်းထားတယ်)၊ ‘စိမ်းသင့်မှစိမ်း’၊ ‘မိုးကျော်သူ’ ကိုတော့ မကြည့်ဖူးဘူး။

ဒီစာအုပ်ထဲမှာ ကြိုက်တာက ဆရာမကြီးက သူ့ဇာတ်ကောင်တွေကို ဘယ်သူ့ကိုအခြေပြုပြီး ဖန်တီးထားတာဆိုတာကို ရေးထားတယ်။ ပြီးတော့ သူအခြေပြုဖန်တီးလိုက်တဲ့ ဇာတ်ကောင်က ဘာဆက်ဖြစ်တယ်ဆိုတာကိုပါ ဆက်ပြောပြတာကို ကြိုက်တယ်။ သူ့ဝတ္ထုတွေထဲမှာ ‘မျှော်လင့်လို့ မဆုံးနိုင်တယ်’ က ကိုကြာယုံတို့လို့ ဘုရားကျွန်တွေအပေါ် အတော်သက်ရောက်ခဲ့တယ်။

ဆရာမကြီးက အတော်လက်ရဲ၊ ဇာတ်ရဲနိုင်တယ် ပြောရမယ်။ သူ့ဇာတ်ကောင်တွေကို သတ်ပြစ်လိုက်ဖို့ ဝန်မလေးဘူးနော်။ 🫤 သူဖြတ်သန်းလာခဲ့၊ ကျင်လည်ရာခဲ့တဲ့ နေရာတွေ၊ ဌာနတွေအပေါ် အခြေခံပြီး ရေးထားတာ။ တစ်ခုမကြိုက်တာက သူလည်း အလွှာတစ်ခုမှာ ကြီးပြင်းလာခဲ့ရတော့ သူ့ဇာတ်ကောင်တချို့က ယုတ္တိမတန်ဘူး ဖြစ်နေတယ်။

ပုံမှန်လည်း ဒီလိုမျိုးစာပေမျိုးကို ကြိုက်တတ်တော့ ဒီစာအုပ်ကို ကြိုက်ပါတယ်။

“စာရေးသည် ဆိုသည်မှာ သိပ္ပံပညာကဲ့သို့ ဖော်မြူလာနှင့် ပုံသေကားကျ ရှိသည်မဟုတ်။ သင်္ချာပညာကဲ့သို့ ၄ နှင့် ၅ ပေါင်းလျှင် ၉ ဖြစ်သည်ဟု အဖြေထွက်၍လည်း မရ။ ပြဌာန်းထားသောနည်းတော့ ရှိကောင်းရှိမည်။ ထိုပြဌာန်းထားသော နည်းအတိုင်း လိုက်ရေး၍ကော စာရေးဆရာဖြစ်မလား မပြောနိုင်ပါ။” (စာရေးသူ၏ အမှာ)

#မယ့်သည်းအိမ် #ခင်နှင်းယု #ဝတ္ထုစာပေရှင်းလင်းချက် #မြန်မာစာအုပ် #readingwiththinn📚 #bookblogging #AuspiciousApril #burmesebookreview #20BooksbyBurmeseWomen
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.