ယခုစာစုမှာ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် “အမတြာဆင်း” (Amartya Sen) ၏ အက်ဆေးများ ဖြစ်သည်။
မူရင်းစာရေးသူ “ဆင်း” မှာ ဘောဂဗေဒပညာရှင် ဖြစ်သည်နှင့်အညီ သူ့အက်ဆေးတွေမှာ စူးရှထက်မြက်သော သရုပ်ခွဲချဉ်းကပ်ချက်များ ဖြစ်နေသည်။ “ဆင်း” မှာ ဘောဂဗေဒပညာရှင်သက်သက်မျှ မဟုတ်။ ထင်ရှားသော ဒဿနပညာရှင်လည်း ဖြစ်သည်။ သို့နှင့်အမျှ သူ့အက်ဆေးတွင် လေးနက်သော အတွေးများသည် စူးဝင်နေသည်။ သို့နှင့်တိုင် “ဆင်း” ၏ အက်ဆေးတွေမှာ ပျင်းစရာကြီးတွေမဟုတ်။ ရသအက်ဆေး တစ်ပုဒ်၏ အလှအပကိုလည်း ပီပီသသ တွေ့နေရသည်။ သို့အတွက် “ဆင်း” ၏ အက်ဆေးများနှင့် မြန်မာစာဖတ်ပရိသတ်ကို မိတ်ဆက်ဖို့ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ သူ၏ အက်ဆေးပေါင်းချုပ်စာအုပ် "The Argumentative Indian'မှ ထုတ်နှုတ်၍ အချို့ တိုက်ရိုက် အချို့ အနှစ်ချုပ်၊ အချို့ ဆီလျော်သလို ဘာသာပြန်၊ စသဖြင့် တင်ဆက်လိုက်ပါသည်။ (နောက်ဆုံး အက်ဆေးနှစ်ပုဒ်ကမူ လန်ဒန်ထုတ် "The Economist' မဂ္ဂဇင်းတွင် “ဆင်း” ရေးခဲ့သော အက်ဆေးဖြစ်သည်။ နောက်တစ်ပုဒ်မှာ အမတြာဆင်း ရေးသော မန်မိုဟန်ဆင်းအကြောင်း ဖြစ်သည်)