Jump to ratings and reviews
Rate this book

တပြည်သူ မရွှေထား

Rate this book

339 pages, Paperback

First published January 1, 1971

Loading...
Loading...

About the author

ရန်ကုန်တိုင်း သန်လျင်မြို့၌ အဖ ဦးထွန်းဖေ၊ အမိ ဒေါ်ကြင်မေ တို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ ကြသပတေး နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ ငယ်မည် မောင်ဖေသိန်း၊ လက်ရှိ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်သည်။

မက်သဒစ် ကျောင်းများ (သန်လျင်၊ တွံတေး၊ သုံးခွ)၊ အစိုးရ အထက်တန်း ကျောင်းများ (ပြည်၊ ပေါင်းတည်)၊ ဗုဒ္ဓ ဘာသာ စာပေကို ကိုးတောင်တွဲကျောင်း (ထုံးဘို)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄၈)၊ ရန်ကုန် တက္ကသိုလ် (၁၉၄၈)၊ စိတ်ပညာ ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ (၁၉၅၅)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာ ဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ (၁၉၅၉ - ၆၁) တို့ကို ဆည်းပူး အောင်မြင် ခဲ့သည်။

မန္တလေး ယူနီဗာစီတီ ကောလိပ် စိတ်ပညာ ဌာနမှူး (၁၉၅၅)၊ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး (၁၉၆၂ - ရ၂)၊ ပုသိမ် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၂ - ရ၇)၊ မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (၁၉၈၆ - ၈၈)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈အရေးအခင်း၌ စစ်မှန်သောဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

မြန်မာ ပညာရေး လေ့လာရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၇၇) နှင့် တရုတ် (၁၉၈၃) သို့ လည်းကောင်း၊ မြန် ပညာရေး အထူး လေ့လာရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ဂျပန် (၁၉၈၁) သို့ လည်းကောင်း၊ အာဆီယံ - ကိုရီးယား ယဉ်ကျေးမှု ခေါင်းဆောင် ဖလှယ်ရေး အစီအစဉ် တွေ့ဆုံ ပွဲများတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ၌ ကိုးရီးယား သမ္မတ နိုင်ငံသို့ သွားရောက် ခဲ့ပြီး စာတမ်းများ ပြုစု ဖတ်ကြား ခဲ့သည်။

စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည် (novel) အချို့မှာ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လ ပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
29 (46%)
4 stars
16 (25%)
3 stars
13 (20%)
2 stars
0 (0%)
1 star
5 (7%)
Displaying 1 - 14 of 14 reviews
Profile Image for Thida.
264 reviews35 followers
Read
July 9, 2022
I wanted to give this book at least three stars but the rape part bothered me a lot. There are other issues, but I won't mention them since I don't want to be attacked by the author's fans.
This entire review has been hidden because of spoilers.
Profile Image for Aye Aye.
54 reviews1 follower
March 26, 2018
ထားနဲ့မြတ်ဆွေ ...အဆုံးထိဖတ်ချင်အောင်ခေါ်သွားတယ်
Profile Image for myo thu.
3 reviews
September 25, 2020
တပြည်သူ မရွှေထား စာအုပ်က အဂ်လိပ်အထွက် ဂျပန်အဝင် ခေတ်ကို နောက်ခံထားပြီး ရေးထားတာ တော်တော်လေးဖတ်လို့ကောင်းတယ်။
တက်ကသိုလ် ဘုန်းနိုင်ရဲ့ အကောင်းဆုံးထဲက အကောင်းဆုံး တစ်ခုပါပဲ။
5 reviews
May 29, 2026
I just finished this and yeah it broke me. My favorite book ever. I really love this book. I pity everyone omg. Myat Sway is a good man. He's loyal, kind and everything but he's wrong for what he did that night. He shouldn't have done that. I pity Htar. I really love her character. Her beauty, her mindset, the way she dresses, the way she talks and everything about her. Myat Sway really loves her. I know. I really adore those sweet moments that happened between Htar and him. He became a lawyer just because she wanted him to be. I can't believe why their child murdered someone. That frickin child needs to have his parents' mindset. All because of that child. I can't even imagine Myat Sway's life after all of these... Thanks to the author for making it much more sad than it already was. I was already crying when Htar left him and the author made it even worse. I'll reread it every year. I love everything about this book like y'know this book is really beautiful. The places, the storyline and the things happened in war. I wonder what every character might be doing now... I hope Myat Sway gets better and heals himself. But I don't think it would ever happen. He sent his own son to the prison without even knowing. The one and only girl he loves in the whole world died in front of his eyes. I'm kinda sad that Myat Sway didn't even get the chance to hear Htar saying 'I love you back' but all I know is she would never say that even if she's alive.
This entire review has been hidden because of spoilers.
Profile Image for Htet Aung.
8 reviews1 follower
March 3, 2020
Character တွေကို ကြိုက်ပါတယ်။
Profile Image for Daisy.
10 reviews2 followers
Read
March 5, 2022
This is my favourite book of Sayar that i have ever read of his collection.
1 review
Want to Read
June 8, 2023
so good
This entire review has been hidden because of spoilers.
20 reviews
Read
April 23, 2025
ထားက
ငိုရစ်ဟုဆိုခဲ့သည့်အတိုင်း
ငိုဖြစ်အောင်ကျွန်တော်ငိုခဲ့ပါသည်။
ဩော်....
ထားရယ်....။
မငိုလို့ကောဖြစ်မတဲ့လား
ကိုယ်ကချစ်မိပြီကိုး...
This entire review has been hidden because of spoilers.
Profile Image for Htet Aung.
59 reviews3 followers
June 19, 2025

ဆရာ့စာအုပ်တွေထဲက ၁အုပ်ထဲ ရွေးရမယ်ဆို
ထက်ရွေးချယ်မယ့် စာအုပ်က ဒီစာအုပ်ပါဘဲ
တစ်ယောက်ဘဲ ချစ်တယ်. တသက်လုံးချစ်တယ်. ဘဝမှာလုပ်စရာရှိတာတွေ ကြိုးစားစရာရှိတာတွေ လုပ်သင့်တဲ့အလုပ်နေ လုပ်နေရင်း ဒီအချစ်ကိုဘဲ ရင်မှာပိုက်ထားတယ် မပြောင်းလဲဘူး ဆုံရမယ်ဆိုရင်လဲ ဆုံဆည်းချင်တာပေါ့ . မဆုံနိုင် ပြိုင်မျဉ်းဖြစ်နေတော့ကော ဒီတိုင်းတိုင်းလေးဘဲ ဆက်ချစ်နေဆဲဘဲပေါ့…🥺
I was like ‘R u serious? Is there any guys like him out there in this real world?’ …😖
but I never give up that Hope 🤓
ခင်မောင်တိုးသီချင်းလေးနားထောင်
ဒီစာအုပ်ဖတ်ပီး တပတ်လောက် မျက်ရည်လေး တစမ်းစမ်းနဲ့ ကြေကွဲနေခဲ့ဘူးတယ် ကိုယ်ကဘဲ EMPATH ဖြစ်နေလို့လား ... စာရေးသူကဘဲ အရမ်းတော်လို့လား ... မသိတော့ပါဝူး 🤭

၁၉၄၀-၆၀ ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ခေတ် နောက်ခံအချစ်ဇာတ်လမ်းလေးပါ ...
တက္ကသိုလ် ဘုန်းနိုင် ရဲ့ ထုံးစံအတိုင်း အချစ်ကို နုနုရွရွလေး ဂီတတွေ ကဗျာတွေ စာတွေ နဲ့ ဖော်ညွန်းပြီး သိပ်ချစ်တက်တဲ့ကာရိုက်တာကို ဖော်ညွှန်းထားတာလေး 😘 မထင်ထားတဲ့ ဇာတ်သိမ်းက ဒီလူကို သိပ်ရှော့ရစေတယ် 💔💔💔
#တက္ကသိုလ် ဘုန်းနိုင်
#booksbooksbooks
#reading
#HtetHtetAung
#တပြည်သူမရွှေထား
Profile Image for Han Htoo.
1 review
April 3, 2018
ဆွဲဆောင်မှုကောင်းကောင်းနဲ့ ညို့ယူတယ်။
စာမျက်နှာတစ်ရွက်ပြီး တစ်ရွက်က ပိုပြီး စိတ်ဝင်စားစေတယ်။
ဗြန်းစားကြီး ပြီးသွားခဲ့တဲ့ အဆုံးသတ်လေးကလွဲရင် အကုန်ကောင်းပါ၏။