What do you think?

မအိမ်ကံ
583 pages, Paperback
First published August 1, 2010
About the author
ခင်ခင်ထူး
19 books61 followers၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။
၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။
၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။
စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

Ratings & Reviews
Friends & Following
Create a free account to discover what your friends think of this book!
Community Reviews
Displaying 1 - 16 of 16 reviews
January 7, 2021
Wow...the last 50 pages blew me away. And I gave 4 stars only because of those last 50 pages.
Otherwise, I was just gonna give 3.7 or 8 stars. (not much difference, but still..)
While I appreciate the author's efforts for this book, it was quite slow for me. I got a bit bored from time to time while reading this. (but then again, this kind of book is meant for slow and thorough read, savouring every words. So, the blame's totally on me.)
But I did get a chance to travel to this little village in upper Myanmar in colonial times with its rich tradition and everything thanks to this little(not little, HUGH) book.

October 19, 2020
Finished! အရမ်းကြိုက်ပါတယ် ပထမဦးဆုံးအကြိမ် မပျင်းမရိရဘဲ ထိုင်ရာမထနီးပါး (အတန်းထဲမှာမို့ ထလိုက်ရတယ်) ဖတ်မိတဲ့ မြန်မာ novel ပါ
တောဓလေ့ တောရိုးရာတွေ ချစ်စရာကောင်းအောင် ဖတ်ရတယ် သူများတွေတော့ မသိဘူး ကိုယ်ကတော့ စာထဲမှာ တောထမင်းဝိုင်းတို့ ဗမာမုန့်လေးတွေတို့ ကောင်းကောင်း describe ထားတော့ ဖတ်ရင်းနဲ့ ဗိုက်တွေတောင်ဆာတယ် 😂 (Asoiaf ဖတ်တုန်းကလိုပဲ Lol 😂 Tyrion ရဲ့ feast ကို မှန်းပြီစားသလို မုန့်တွေတောင် ထစားရသေးတယ် 😂)
ပြီးတော့ အားလုံးပြောကြတဲ့ ဇာတ်လမ်း အလှည့်အပြောင်း! ကိုယ်ဟာ အဲ့ဒီ chapter ရဲ့ နောက်ဆုံးစာကြောင်းလေးတွေရောက်တော့ ပြုံးတောင်ပြုံးမိတယ်
မအိမ်ကံ ဘာကိုဆုံးဖြတ်လိုက်ပြီဆိုတာ လုံးဝခန့်မှန်းမိလိုက်ပြီလေ
Author ကတော့ ပရိသတ်ကို ရင်ထဲဆို့နင့် တဲ့ ခံစားချက်မျိုး ကျန်ခဲ့စေချင်တယ်လို့ ထင်တယ်
အရေးအသားကောင်းတာကြောင့် ဝမ်းနည်းမိသလိုလည်း ခံစားရပါတယ်
but အစွဲအလမ်းကြီးတဲ့ မိန်းမတစ်ယောက် ဒီလို conflict မျိုးမှာ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကောင်းကောင်းကြီး သိနေလို့လား မသိဘူး ကိုယ်ရင်ထဲဆို့နင့်တာမျိုး မဖြစ်ဘူး
ကိုယ်ပြုံးမိတယ် နားလည်မိတယ် ဘယ်သူတွေဘာပြောပြော ကိုယ့်အတွက်တော့ မအိမ်ကံနိုင်တယ်

July 18, 2017
I felt really suffocated while reading this book. But however, this is definitely a masterpiece. I learned more about our cultures and traditions. I got to know the beliefs which were so strong (But out-of-date now). Khin Khin Htoo is one of my favourite female authors. I really admire her. I believe she had to work very hard to write this book.
January 5, 2025
မအိမ်ကံ စာအုပ် Review
မြန်မာသက္ကရာဇ် ၁၂၉၆ ခုတပေါင်းလ
ကျုပ်တို့ အိမ်ရဲ့ ကံပဲပေါ့ဗျာ...ဟုတ် သယ် သမီးက အိမ်ရဲ့ကံကလေးပဲ .. သမီးနာမည်ကို “မအိမ်ကံ”လို့ကျုပ်ပေးလိုက်ပြီဗျာ”
“တောဓလေ့၊ တောအလှ၊ မြန်မာ့ယဉ်ကျေးမှုတွေက လှလိုက်တာ၊ ကြည်နူးရပါပီ။ စာဖတ်သူပရိတ်သတ်အချို့ ဥပမာ ရွာသူရွာသားအချို့အတွက် စာမဖတ်တတ်လေတော့ စာဖတ်ရဖို့မလွယ်။ ကျူပ်မိဘတွေလိုပေါ့ တောမှာမွေးတောမှာကြီးပေမယ့်၊ ငယ်ဘ၀တောအလှတွေကို ခံစားဖို့အချိန်မရခဲ့ဘူး။ ဒီစာတွေမြင်ရင် လွမ်းမောနေမှာသေချာတယ်။ မေမေတို့ဖေဖေတို့ကို ဖတ်ပြချင်လိုက်တာဗျာ။”
**ဗိုင်းငင်**
ဗိုင်းတောင့်မှချည်ဖြစ် အောင်ဆွဲငင်သည်။
စကားတစ်ခွန်းကို ဖြစ်ကတတ်ဆန်း မပြောဘဲ တွေးတွေး ဆဆ နှိုင်းနှိုင်းချိန်ချိန် ဆိုတတ်သည်။
မအိမ်ကံက မျက်နှာချေ မလိမ်းဘဲ ဆံပင်ကလေး ကပိုကရိုနှင့် သနပ်ခါးပါးကွက်ကလေး ကွက်ထားသည်။ ရွာရက် ချည်ထည်ကလေးပဲ ဝတ်ထားသည်။ မလှအုံ အလှပြင်ပေးတော့ မအိမ်ကံက
“မအိမ်ကံ ဗမာ ထည်တွေပဲ ဝတ်တော့မယ်” ဆိုလေ၏။
“ဒီစာကြောင်းဖတ်ရတော့ မြန်မာမိန်းခလေး၊ မြန်မာအမျိုးသမီးလေးကို ပိုချစ်ခင်မြတ်နိုး တန်ဖိုးထားမိလာတယ်”
အင်္ဂလိပ်ဆိုသာ တိုင်းတစ်ပါးသားတွေပဲကွ ... လက်နက်ဆိုလို့ အပ်တိုတစ်ချောင်း ကိုင်ရင်တောင် သူပုန်သတ်မှတ်ချင်သာကွာ .. သေနတ်ကြီးတစ်လက် ဆုချသာဆိုတော့ ယုံကြည်လွန်းလို့ပေါ့ကွ.. သည်သေနတ်နဲ့ သူတို့ကို ရန်မလုပ်ဘူးလို့ ယုံကြည်လို့ ပေါ့.. သူကျမှ ဘာလို့ရသာတုံးဆိုတော့ အင်္ဂလိပ်က သူ့ကို သဘောကျလို့ပေါ့
မအိမ်ကံ အရွယ်ရောက်လာပုံကို ရာသီတွေအပြောင်းအလဲနဲ့မသိမသာလေး ပန့်ပိုးကူညီတာတွေ့ရတယ်။
တမာကလည်း “မြေဇာ မြေဇာ ယားလှသယ် ဟိုဘက်တိုးပါကွယ်”၊ မြေဇာကလည်း “တမာ တမာ ခါးလှ သယ် ဟိုဘက်တိုးပါကွယ်” ဟိုတိုးသည်တွန်း လုပ်ကြရင်း နားပေါက်ကျယ်သွားတတ်သည်ဟု အယူရှိကြသည်။
မနေ့တစ်နေ့ကပဲသူမကိုကလေးတစ်ယောက်လိုသဘောထားခဲ့ကြသည်။အခုတော့အပျိုလိုနေရပြန်ပြီ။သေချာတာကတော့ သည်တစ်ခါ လရောင်က အပျိုတစ်ယောက်၏ လရောင်ဆိုသည်ပင်။
“ကလေးဘ၀မှအပျိုဘ၀သို့ အဆင့်ဆင့်ကူးပြောင်းလာပုံ”
“ရေတစ်အိုး မိုးတစ်ပေါက် တောင်သူလယ်သမား စကားပုံ
စာအုပ်နောက်ခံသမိုင်းခုနှစ်မပါပေမယ့် အင်္ဂလိပ် ကိုလိုနီခေတ်ဆိုတာဖော်ပြထားတယ်
ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံ ရာသီဥတုမှန်တယ်၊ မိုးလေဝသမှန်တယ်ဆိုတာ စိုက်ခင်း၊ လယ်ယာ အလုပ်လုပ်ပုံကိုကြည့်ပြီး သိရတယ်”
“အလှူမင်္ဂလာနဲ့ပတ်သက်ပြီး ကျုပ်မိဘတွေပြည့်စုံတယ်
သား သုံး ယောက်မွေးထားတယ် သုံး ယောက်လုံးကို တစ်ပြိုင်ထဲရှင်ပြု သင်္ကန်းစီးပေး၊ သားရဟန်း သုံး ပါးလုံးကို ဖူးမျှော်လိုက်ရတယ်။”
ထောင့်ကိုးရာနှစ်ဆယ့်တစ်ခုနှစ်က အင်္ဂလိပ်က ဗမာပြည်ကို ပေးခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ပဲ... အင်္ဂလိပ်ဘုရင်ခံနဲ့ တိုင်းပြည်ကိုယ်စားလှယ်တွေ ပူးတွဲအုပ်ချုပ်တယ်လို့ ဆိုလိုတာပါပဲ
ဝိုင်အမ်ဘီအေတွင် လူကြီးလူငယ် ဂိုဏ်းနှစ်ဂိုဏ်းကွဲကြပုံ၊ လူငယ်ဂိုဏ်းမှ ဂျီစီဘီအေ နိုင်ငံရေးအသင်းစုံ ဖြစ်လာပြန်ကာ၊ ဂျီစီဘီအေမှ နှစ်သင်း ကွဲရပြန်ပုံတွေကို ပြောပြခြင်းဖြစ်သည်။
ရွာတွေမလဲ ဗုဒ္ဓဘာသာတွေဆိုတော့ မရှိသဲ့ကြားက လှူရသာ မရှိကြရှာဘူး …. ဆွမ်းကလေး လောင်းဖို့ နို့ဆွမ်းမှ မချက်နိုင် မဖြစ်ရလေအောင် ရှိသာနဲ့ ထလုပ်ကြရသယ်
၁၂၉၉နှင့် ၁၃၀၀ ပြည့်နှစ်များသည် အင်္ဂလိပ် ခရစ်နှစ်နှင့်ဆိုလျှင် ၁၉၃၈ ခုနှစ်ကျရောက်ပေရာ
တောသူတောင်သားတွေဆိုတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတာ ထား။ လက်လှုပ်တာတောင် ပါးစပ်မလှုပ်ရတာတွေများလှသည်။
အရီးကြာညွှန့်က စည်းဖော်နည်း၊ ကမ်းခတ်နည်းတွေမှာ ကျွမ်းကျင်သည်။
“စည်းကမ်းကောင်းသယ်ဆိုတာ သဟာကိုခေါ်သာပေါ့ အေ့...။
“စည်းကမ်းဆိုတဲ့အဓိပ္ပါယ်က ရက်ကန်းစဉ် အင်္ကျီလုပ်ရာမှလာသည်။”
ရွာတွေမှာ လှူမည်တန်းမည်ဆိုလျှင် မြင်းခြံမြို့က ပွဲရုံ ဆက်ကို အာမခံစေကာ အလှူအတွက် လိုအပ်သမျှပစ္စည်းတွေ အကြွေးယူနိုင်သည်။ အလှူတစ်လှူစာ လိုချင်သလောက်ယူရုံ သာ။ အလှူပြီးလျှင်ဆပ်။ မကျေတော့လည်း စာရင်းမှတ်ပြီး သီးနှံပေါ်တော့ တိုက်ဈေးနှင့်ဆပ်ကြရသည်။
“မရှိတောင် အကြွေးနဲ့လှူတဲ့လူမျိုး”
မိန်းကလေး ဆိုတာ အနီးမွှေးရသလို အဝေးလည်း ကြိုင်ရပါ၏။
“အရမ်းကောင်းတဲ့မြန်မာစာပေ အရေးအသားပါပေ”
အိမ်ကလေး သတိထားမှပေါ့။ တစ်ကျောင်းပြိုတော့ နှစ်ကျောင်းဆောက်ရုံပေါ့ကွယ်။ သွား...သွား အိမ်ထဲမှာ နားချေ။ ကျေးဥလာစမ်း။ လာတွဲခေါ်သွားစမ်း
“ခေတ်ပညာတတ် စဉ်းစားဉာဏ်ကြီးပြီး အမြော်အမြင်လည်းရှိ အားပေးနှစ်သိမ့်ပုံက သူမတူ လက်ခံနိုင်လာအောင်ပြောနိုင်။”
မီးတွေက တစ်ရွာလုံးကို ကူးစက် လောင်ကျွမ်းနေသည်။ မီးပင်လယ်ကြီးလို တပြင်တပြန့်ကြီး လောင်နေခြင်း ဖြစ်၍ ရွာသူရွာသားတွေက ဆောက်တည်ရာ မရကြဘဲ မီးဘေးလွတ်ရာ ပြေးနေကြလေ၏။ မအိမ်ကံလည်း သမီး နှစ်ယောက်ကို လက်ဆွဲရင်း ပြေးနေရသည်။ ဇောင်ချမ်းကုန်း၊ ဇောင်ချမ်းကုန်း။ အော်သံတွေက ငရဲပွက်နေကြပါ၏။ မအိမ်ကံ အာရုံထဲမှာ ရှုပ်ထွေးနေသည်။
“ရှေးမြန်မာတွေ မီးလောင်ရင် အော်သံ လော်သံတွေဆူညံ့လာတာ အက်ရှင်ဝင်ဖို့ သိပ်စိတ်ကူးမတွေ့ရ မှတ်သားစရာ။”
“ဖတ်ဖူးသမျှလုံးချင်း ၀တ္တူထဲမှာ အရှည်ဆုံးနဲ့ စိတ်ဝင်စားမှုအများဆုံး ဖတ်ခဲ့တဲ့စာအုပ်တစ်ဖြစ်တယ်။
စိတ်ဝင်စားစရာ မြန်မာ့ရှေးမှု ဓလေ့တွေနဲ့ လွမ်းမောဖွယ် အဖြစ်အပျက်များ။
မအိမ်ကံ မြန်မာအမျိုးသမီးကောင်းတစ်ယောက်ပေမယ့် ဥပါဒါန်ကြောင့် ဇာတ်သိမ်းမလှခဲ့။
ဒါလည်း မှတ်သားစရာ သံဝေဂရစရာပေ။
ဇာတ်ကောင်းအားလုံး အပြစ်တင်စရာမရှိအောင် ပြည့်စုံတယ်၊ ပြုသမျှတွေမှာ တွေးစရာနဲ့ မှတ်သားစရာပဲ ကျန်တယ်။
တောဓလေ့တွေ လှပသလောက်၊ အသိဉာဏ်တိမ်ကြတာမြင်တော့ စိတ်မကောင်းဘူး။
မြန်မာ့တော့ဓလေ့ အသုံးအနှုန်းလေးတွေများ မှတ်သားစရာတွေအများကြီးပါတယ်။
အချုပ်အနေနဲ့ စာရေးသူအမှာပဲ ပြုသုံးရမယ် “မြန်မာ့အမျိုးသမီးကောင်းတွေဖြစ်ကြပါစေတဲ့” တော်တော်ကောင်းတယ်ဗျာ။ ဒီခေတ်ကာလအနေနဲ့ပြန်နှိုင်းယှဉ်ရင် တော်တော်ကြီးကို ကွဲလွှဲလာတာများနေပြီးဆိုတာ သိထားရင်း၊ ကိုယ်တွေမြန်မာ့ဓလေ့ ဒီလိုရှိခဲ့လေတယ်ဆိုတာတော့ မမေ့သင့်ပါ။”
Review Date - Jan6/2024

October 31, 2025
တကယ်အရမ်းကောင်းသော ဝတ္ထုတစ်အုပ်လို့ပြောရမယ်။ မဖြစ်နိုင်တာကို တပ်မက်မှုများလေလေ ကိုယ်ဘဲ ပူလောင် လောင်မြိုက်နိုင်တယ်ဆိုတာကို မြင်တွေ့ရပါတယ်။ အစွဲလမ်းကြီးခြင်းဟာ နေရာတိုင်းမကောင်းဘူးဆိုတာလည်းသိမြင်ရပါတယ်။ အရာအားလုံး ပြည့်စုံနေပေမယ့် မဖြစ်နိုင်တဲ့ အရာတစ်ခုကို စွဲလမ်းမိပြီး မလိုလားအပ်တဲ့ ပျက်စီးခြင်းတွေ ဖြစ်လာတာကို ဖတ်ခြင်းဖြင့်လည်း ရောင့်ရဲခြင်းက အမှန်လိုအပ်ကြောင်း သိလိုက်ရပါတယ်။
April 30, 2026
ဆရာမ ခင်ခင်ထူး စာအုပ်ထဲမှာ ပထမဆုံးဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်။ မအိမ်ကံရဲ့ ဘဝကို အတူတူသွားနေရသလိုခံစားချက်မျိုး ရစေတဲ့ စာအုပ်တစ်အုပ်။ ဒီစာအုပ်ကနေ တဆင့် ကျေးလက်တောရွာတွေအကြောင်း မြန်မာ ဓလေ့တွေအကြောင်းသိလိုက်ရသလို မအိမ်ကံရဲ့ တစ်ဘဝလုံးကို တူတူသွားလိုက်ရတဲ့ ခံစားချက်မျိူးရလို့ အရမ်းကိုသဘောကျရတဲ့ စာအုပ်တစ်အုပ်ပါ။
January 24, 2020
ချစ်စရာ မြန်မာ့ဓလေ့လေးတွေ တွေ့ရတယ်။ ဖတ်ရတာဆွဲဆောင်မှုရှိတယ်။ ကောင်းပါတယ်ဆိုတဲ့သူတွေ တစ်ခါတစ်ခါ လောကဓံက တစ်သက်လုံးမလှန်နိုင်အောင်လုပ်သွားတဲ့အခါ လိုချင်မှုတစ်ခုဟာ လွတ်ချမရအောင် စွဲလမ်းလာတဲ့အခါ ဘဝတစ်ခုကို ပျက်စီးစေနိုင်ပါတယ်။
March 13, 2021
ဖတ်မရဘူး😔😔
March 8, 2022
To re-read
May 5, 2022
Favourite
May 8, 2022
A very heartbreaking story! Truly a masterpiece!
June 14, 2022
SOOOOOOO GOOOODDDDD!!!!:)))))
May 29, 2025
I like that
September 3, 2017
It is about a woman who had her life in anyway she wanted except for a few things. In the end, those things ended haunting her for the rest of her life. This is the way life is. Most people are so dissatisfied with a few mishaps in their lives that they lost track of all the good things they had.
Of course, as usual, her book has a thorough display of rural landscape. It has a great description of Myingyan area during colonial period and the traditions many villages held.

September 22, 2017
ဖတ်ရင်း အဲလောက်အစွဲကြီးရလားမအိမ်ကံရဲ့ ဖြစ်နေမဲ့စာအုပ်
November 27, 2017
What a twist plot... kept skeptical to myself for the end. But love the way you express our traditions and I Want to know more.