(၁၉၂၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း ရေးဖွဲ့ခဲ့သမျှကဗျာများ စုစည်းထားသည်။)
ဆရာကြီးရဲ့ ၆၇ နှစ်တာအတွင်း ရေးထားတဲ့ကဗျာတွေကို စုစည်းထားတာဆိုတော့ ရသ အစုံရပါတယ်။ လူတွေအကြောင်း၊ ပတ်ဝန်းကျင်အကြောင်း၊ ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်အကြောင်းမျိုးစုံပေါ့။
စာအုပ်မှာ ‘စစ်ကြိုခေတ်ကဗျာများ’၊ ‘သပြေညိုကဗျာများ’၊ ‘ပျဉ်းမငုတ်တိုကဗျာများ’၊ ‘အထွေထွေကဗျာများအပိုင်း(၁)’၊ ‘ကလေးကဗျာများ’၊ ‘ငှက်ကဗျာများ’၊ ‘အထွေထွေကဗျာများအပိုင်း(၂)’ ဆိုပြီး အပိုင်းတွေခွဲထားတယ်။ ကဗျာအပုဒ်ရေ ၃၁၂ ပုဒ်ပါတယ်။
‘ကလေးကဗျာများ’ က ကိုယ်ငယ်ငယ်က အိမ်ကလူတွေ၊ ကျောင်းက ဆရာမတွေ ရွတ်ပြတာကို ကြားဖူးနေကျ ကဗျာတွေဆိုတော့ ပြန်ဖတ်တော့ good old memory တွေ ပြန်ရတယ်။ ‘စစ်ကြိုခေတ်ကဗျာများ’ ထဲမှာ မောင်ထွေးဖို့ နဲ့ မောင်ခွေးဖို့လက်ဆောင် ကဗျာတွေကလည်း ငယ်ငယ်က ကြားဖူးနေကြ ကဗျာတွေ။ ‘သပြေညိုကဗျာများ’ ထဲက “လယ်စောင့်တဲလေး” နဲ့ “ကြာဆစ်ကြိုး” က အော်အော်ပြီး ရွတ်ခဲ့ရတဲ့ ကဗျာတွေထဲမှာ ပါတယ် 😄 “ဖိုးမောင် လာပြီ” နဲ့ “သူ့မှာတမ်း” ကတော့ ဖတ်တိုင်း နာနာကျဉ်ကျဉ်ခံစားရတုန်းပါပဲ။
‘ငှက်ကဗျာများ’ ဖတ်တော့ ဆရာကြီးက ငှက်တွေကို အတော် စိတ်ဝင်စားခဲ့ပုံပေါ်တယ်။ မျိုးစိတ်မတူတဲ့ ငှက်တွေရဲ့ အလေ့အထမျိုးစုံကို ရေးထားတာ။ ပြီးတော့ ငှက်အမျိုးအစားတွေကို အင်္ဂလိပ်လိုပါ ဖော်ပြပေးထားတယ်။
ဆရာကြီးက မြန်မာနိုင်ငံထဲကအကြောင်းတွေတက်မကဘူး ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို “ဟီရိုရှီးမား တစ်သန်းအား” နဲ့ “နှစ်ဆယ့်တစ်ရာစု ရောက်တော့မည်” ထဲမှာ ရေးထားတယ်။
“ဆွမ်းချက်ထစို့ လူလေးရယ်
နာရီကြည့်ပါ့ကွယ်။
ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့လိုပါဘူး။
သပြေသင်းတဲ့ သင်္ကြန်ချိန်
ကြည့်ပါ့ပြက္ခဒိန်။
ဝင်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့လိုပါဘူး။” (လူကလေးရဲ့ အမှတ်အသား _ ၁၉၅၆)
#ကဗျာပေါင်းချုပ် #မင်းသုဝဏ် #၁၉၂၇_၁၉၉၄ #readingwiththinn📚