Thinn158 reviews12 followersFollowFollowDecember 12, 2023ကျေးတစ်ရာ ရသစာစုများ _ ခင်ခင်ထူး အန်တီခင်ခင်ထူးရဲ့ စာအုပ်က ထုံးစံအတိုင်းပေါ့ အညာအကြောင်းကို စုံနေအောင်ရေးထားတယ်။ ပြီးတော့ ဒီထဲမှာတော့ သူစာပေဟောပြောပွဲသွားတုန်းက တချို့ခရီးစဉ်တွေအကြောင်းပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးတယ်ထင်တယ်။ သေချာတော့ မမှတ်မိဘူး။ ဒါပေမဲ့သူသွားခဲ့တဲ့ ဈေးတွေအကြောင်းကို ဖတ်မိမှ ကိုယ်လည်း မြို့တမြို့ရောက်ရင် ဈေးတွေလိုက်ပတ်ကြည့်တတ်တာကို သတိရတယ်။ သူ့စာအုပ်ဖတ်ဖူးလို့ လိုက်ကြည့်ဖြစ်တာလား မသိဘူးလို့ ပြန်တွေးမိလို့လေ။ ဒီထဲမှာ အပင်တွေအကြောင်း၊ စာအုပ်တွေအကြောင်းလည်းပါတယ်။ သူ့လိုမျိုးကိုယ်လည်း ဘယ်သူ့အတွက်ဘာညာဆိုပြီး ရည်စူးပြီးအပင်တွေစိုက်ခဲ့ဖူးတယ်။ စာဖတ်ပြီး မသိစိတ်ကလိုက်လုပ်ဖြစ်နေတာတွေထင်တယ်။ အန်တီခင်ခင်ထူးစာအုပ်ဖတ်နေတုန်းက သဘောမကျတာတစ်ခုက ဘာလို့ကောင်းတာတွေပဲရေးထားတာလဲလို့ တွေးမိတယ်။ မကောင်းတာတွေရော မရေးသင့်ဘူးလားလို့ ပထမဦးဆုံး သူ့စာတွေကို မေးခွန်းထုတ်မိတာပဲ။ ကိုယ့်ဟာကိုယ်နေမကောင်းနေတော့ ဘဝကအကုန်လုံးအကောင်းမှ မဟုတ်တာလို့ တွေးနေမိတာလည်းပါမယ်ထင်တယ်။အန်တီခင်ခင်ထူးစာအုပ်ကတော့ သူ့ရေးဟန်အတိုင်းချစ်ခြင်းမေတ္တာတွေ၊ အညာအကြောင်းတွေကို လွှမ်းနေအောင်ရေးထားတာပါပဲ။ “ကျွန်မတို့အဘမှာ ကျေးတစ်ရာ ပုဆိုးတစ်ထည်ရှိသည်။ တော်ရုံ ပွဲလမ်းမင်္ဂလာကိစ္စမရှိဘဲ ကျေးတစ်ရာပုဆိုးကို ဝတ်လေ့မရှိ။ အဘ လူပျိုဘဝကတည်းက ဝတ်သည့်ပုဆိုးထင်ပါရဲ့။ ကျေးတစ်ရာပုဆိုးကို အဘ အင်မတန်မြတ်နိုးသည်။ အဘ အရွယ်ရသည်အထိ အဘဝတ်တာ ကျွန်မတို့ မီလိုက်သေးသည်။ ဝတ်ပြီးသည်နှင့် ခေါက်ရိုးမပျက် ပြန်ခေါက်ပြီး ပရုပ်လုံးနှင့် ထားလေ့ရှိသည့် ပုဆိုးပင်။ အဘ ကျေးတစ်ရာပုဆိုး ဝတ်ပြီဆိုလျှင် အင်မတန် ကျက်သရေရှိသည်။”#ကျေးတစ်ရာရသစာစုများ #ခင်ခင်ထူး #20BOOKSBYBURMESEWOMEN