Home
My Books
Browse ▾
Recommendations
Choice Awards
Genres
Giveaways
New Releases
Lists
Explore
News & Interviews
Loading...
Community ▾
Groups
Quotes
Ask the Author
People
Sign in
Join
Jump to ratings and reviews
Want to Read
Buy on Amazon
Rate this book
သူဖတ်သောစာ၊ သူရေးသောစာ
မြင့်သန်း
5.00
2 ratings
0 reviews
Want to Read
Buy on Amazon
Rate this book
စာရေးသူ၏ စာပေဝေဖန်ရေးဆောင်းပါးများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ မောင်စွမ်းရည်၏ မန္တလေးမြို့၏ နံနက်ခင်း၊ အောင်ဝေး၏ ယာမာဂူချီခင်ဆွေရီ၊ မောင်သွေးသစ်၏ အရှေ့အနောက်တောင်မြောက်ဝဲယာ၊ မာန်မြင့်၏ မြန်မာပြည်တွင်လုပ်သည် အစရှိသည့် ကဗျာ၊ ဝတ္ထုများ ဝေဖန်ချက်၊ ထိုနောက် ဂျူး၊ ဇော်ဇော်အောင်အပါအဝင် နာမည်ကျော်ကလောင်ရှင်များ၏ စာပေများကို ဝေဖန်သုံးသပ်ချက်များကို ဖတ်ရှုကြရမည်ဖြစ်သည်။
Paperback
Book details & editions
Loading...
Loading...
About the author
မြင့်သန်း
47 books
11 followers
Follow
Follow
မြင့်သန်းကို ၁၉၄၉ ခု၊ ဇွန်လ ၂၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။ မိဘများမှာ ဦးတင်နှင့် ဒေါ်အေးကျင်တို့ ဖြစ်ကြသည်။ ငယ်စဉ်မှ (၁၉၆၄) ခုနှစ်အထိ စိန်ဂျွန်း ယောက်ျားလေးများကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဒက္ခိဏာရုံတိုက်သစ် စာချဘုန်းကြီး ဦးပဏ္ဍိ၊ အောင်မင်္ဂလာကျောင်း စာချဦးအဂ္ဂ၊ ကျောက်မြောင်းကျောင်းတိုက် ဦးတေဇဓမ္မနှင့် ဒဂုန်ဦးဘသန်း (သျှင်သန်းမေ) တို့မှာ မြင့်သန်း၏ ငယ်ဆရာ၊ မြန်မာစာနှင့် ဆန်းသင်ဆရာများ ဖြစ်ကြသည်။ ဘွဲ့လွန်ပညာရပ်များကို ရန်ကုန်တက္ကသိုလ်၊ ဆစ်ဒနီတက္ကသိုလ်နှင့် ဆစ်ဒနီအနောက်ဘက် တက္ကသိုလ်များတွင် လေ့လာဆည်းပူးခဲ့သည်။
“လွတ်လပ်ခြင်း အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်း” နှင့် “မြန်မာပြည်သို့ လာရောက်ခဲ့သော ကိုလိုနီအရာရှိတို့၏ အရေးအသားအား ပြန်လည်လေ့လာချက်” ကျမ်းများ ရေးသားခဲ့သည်။ သူ၏ ဝတ္ထုတိုများနှင့် မြန်မာစာပေ အရေးအသားများမှ သူ နှစ်ခြိုက်ခဲ့သူတို့၏ အရေးအသားများအပေါ် ပြန်လည်လေ့လာချက်များကို ‘သူ ရေး၍ သူ ကြိုက်သော ဝတ္ထုတိုများ’ ၊ ‘သူ ဖတ်သောစာ သူ ရေးသောစာ’ ၊ ‘ရောရောယောင်ယောင် မောင်ဘမောင်’ ၊ ရွာ၏ အခြား တစ်ဖက်ရှိ ချောင်းမှရေ နောက်ကျိရသည့်အကြောင်း (၂၀၀၅) ၊ လှေကားထစ်တွေနှင့် အခြားဝတ္ထုတိုများ (၂၀၁၂) ၊ စသည် စသည်ဖြင့် …:[စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေးအသားများ (၂၀၁၂) နှင့် ...
ဘာသာပြန်များအဖြစ် ‘ကာ(ဖ)ကာ၏ စာ’ (၂၀၀၁)၊ ကာ(ဖ)ကာ၏ အရေးအသားများ [‘သမာဓိ၌ တည်ခြင်း’ နှင့် ‘ပြောင်းလဲခြင်း’] (၂၀၀၂)၊ လွင့်မျောနေသာ ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး (၂၀၀၂)၊ ဘေးမှနေ၍ အားပေးခြင်း [လူစယွန်၏ ဝတ္ထုတိုများ - ၁] (၂၀၀၄)၊ သူ ဖတ်၍ သူ ကြိုက်သော အရေးအသားများ (၂၀၀၅)၊ ပန်းရောင်လမ်းထောင့်မှ လူ (၂၀၀၅)၊ အလ်ဘတ်ကမူး၏ ဝတ္ထုတိုများ (၂၀၀၆)၊ ဆင်ခြင်ခြင်း၏ အပသို့ ရောက်သွားသော လူတို့၏ အကြောင်းများ (၂၀၀၇)၊ ရေးရေးသာ မြင်ရသော တောင်ကုန်းကလေးများ (၂၀၀၈)၊ တို့များအချစ်အကြောင်း ပြောကြတဲ့အခါ တို့များ ပြောကြတာတွေက … (၂၀၁၀)၊ ဆွန်ဇ၏ စစ်ပညာ (၂၀၁၂)၊ ဖရန့်(ဇ)ကာ(ဖ)ကာ၏ ပြောင်းလဲခြင်းနှင့် အခြားဝတ္ထုတိုများ (၂၀၁၂) တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
မြန်မာမော်ဒန်ကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် အားထုတ်နေသည်။ “ဗမာဟု ပုံဖော်ခံရသော မြန်မာများအကြောင်း” လေ့လာချက် ကျမ်းတစ်စောင်ကို သုတေနပြု၍ အင်္ဂလိပ်ဘာသာနှင့် ရေးသားပြုစုလျက် ရှိသည်။ ယခုအခါ မိခင်ကြီး ဒေါ်အေးကျင်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းရည်၊ ကြောင်ကလေး ‘တိုင်လာ’ တို့နှင့်အတူ ဆစ်ဒနီမြို့ အနောက်ဘက် တောင်ရိုးပေါ်တွင် နေထိုင်လျက်ရှိသည်။
ရည်ညွှန်း ။ ။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ရာပြည့်စာအုပ်တိုက်ထုတ် ဂျိမ်းဂျွိုက်(စ)၏ ‘ဒဗ္ဗလင်မြို့ကလူများ’ စာအုပ်ပါ ‘မြင့်သန်း၏ အတ္ထုပ္ပတ္တိအကျဉ်း’ မှ ပြန်လည်ဖော်ပြသည်။
Ratings
&
Reviews
What do
you
think?
Rate this book
Write a Review
Friends
&
Following
Create a free account
to discover what your friends think of this book!
Community Reviews
5.00
2 ratings
0 reviews
5 stars
2 (100%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
Search review text
Filters
No one has reviewed this book yet.
Join the discussion
Add
a quote
Start
a discussion
Ask
a question