Jump to ratings and reviews
Rate this book

စာပေလေ့လာမှု အယူအဆများ: နိုင်ငံရေး၊ သမိုင်း၊ ယဥ်ကျေးမှုနှင့် စာပေ

Rate this book
ဒီစာအုပ်ဟာ ၂ဝဝ၆ ခုနှစ် မတ်လကနေ ၂ဝ၁၂ ခုနှစ်အထိ ခြောက်နှစ်တာကာလ စံပယ်ဖြူမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ (The Political) အရေးအသားတွေဖြစ်တယ်။ စာအုပ်မှာ စာပေသီအိုရီအမြင်အမျိုးမျိုးကို အခြေခံရေးသားထားတယ်။ စာပေလေ့လာမှုနဲ့ စာပေသီအိုရီဆိုတာ စာပေ၊ ဝတ္ထု ကဗျာအပေါ်ကို ရသတန်ဖိုးစံတွေနဲ့ ဆုံးဖြတ်စီရင်ချက်ချတဲ့ခေတ်မဟုတ်တော့ဘဲ တခြားသော ပညာရပ်နယ်ပယ်၊ အတွေးအခေါ်အယူအဆတွေနဲ့ပါ ဆက်စပ်ဖြစ်ထွန်းလာတယ်ဆိုတာကို တွေ့ရမယ်။ ဒီလိုပဲ စာပေအယူအဆတစ်ခုခြင်းဆီကို ဖတ်ရှုတဲ့အခါမှာ အယူအဆတစ်ခုဟာ နယ်ပယ်အမျိုးမျိုးနဲ့ ဆက်စပ်သွားနိုင်တယ်ဆိုတာကို တွေ့ရမယ်။ ဥပမာ-ရည်ရွယ်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဗျာတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ်ရဲ့ စာရေးဆရာရည်ရွယ်ချက်နောက်ကို လိုက်ဖို့ရာ ခက်ခဲတယ်ဆိုတဲ့ ခေတ်ပြိုင်အမြင်အပြင်၊ အရေးအသားတစ်ခုရဲ့ ရည်ရွယ်ချက်နောက်ကို လိုက်ဖို့ရာ အခက်အခဲရှိလာပြီဆိုရင် ဥပဒေအရေးအသားနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ အရေးအသားတွေရဲ့ ရည်ရွယ်ရင်းကို လိုက်ဖို့ရာပါ ခက်ခဲလာပြီဆိုတာကို တွေ့ရပါမယ်။ ရည်ရွယ်ချက်ဆိုတဲ့အရာကို စာပေအပေါ်သာလျှင် အခြေခံတွေးတောထားတာ မျိုးမဟုတ်ဘဲ သူ့ရဲ့အကျိုးသက်ရောက်မှုရှိတဲ့ နယ်ပယ်တွေအထိပါ လိုက်ပါတွေးတောထားတယ်။ ဒါကြောင့် စာအုပ်ပါ အယူအဆတွေကို ဖတ်ရှုလေ့လာတဲ့အခါမှာ အယူအဆတစ်ခုဟာ စာပေးဆိုင်ရာ အတွက်သာလျှင် ဖော်ပြနေတာမျိုးမဟုတ်ဘဲ။ တခြားသောပညာရပ်နယ်ပယ်တွေနဲ့ပါ ဆက်စပ်ဖော်ပြနေတယ်ဆိုတာကိုတော့ ဖွင့်ပေးထားရမှာဖြစ်တယ်။ ပြီးရင်အယူအဆတွေဟာ ပညာရပ်နယ်ပယ်အများစုနဲ့ ဘယ်လိုချိတ်ဆက်အလုပ်လုပ်သွားနိုင်သလဲနဲ့ ချိတ်ဆက်အလုပ် လုပ်သွားပုံတွေကို ဂရုတစိုက်ရှာဖွေရမယ်။

Myanmar Knowledge Society ၏ facebook page မှ ကူးယူဖော်ပြပါသည်။

Paperback

First published October 1, 2014

2 people are currently reading
5 people want to read

About the author

မင်းခက်ရဲ

20 books15 followers
မင်းခက်ရဲသည် ဒဿန၊ စာပေသီအိုရီ၊ စာပေဝေဖန်ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်စာပေများရေးသားထုတ်ဝေသော စာရေးဆရာတစ်ဦးဖြစ်သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
No one has reviewed this book yet.

Can't find what you're looking for?

Get help and learn more about the design.