Jump to ratings and reviews
Rate this book

စည်းကုံးကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ

Rate this book

292 pages, Paperback

Published December 1, 2015

1 person is currently reading
6 people want to read

About the author

ခင်ခင်ထူး

19 books60 followers
၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါး ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃၌ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (16%)
4 stars
3 (50%)
3 stars
2 (33%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
January 7, 2024
ဟိုတလောက အန်တီခင်ခင်ထူးစာအုပ်ဖတ်တာ သိပ်မကြိုက်လို့ မကျေပွဲ အနေနဲ့ နောက်တစ်အုပ်ထပ်ဖတ်တာ 😅 ဒီတစ်အုပ်တော့ ကြိုက်ပါတယ်။

‘ရေချမ်းအိုး’၊ ‘ဘယားအိတ်’၊ ‘ရွှေတောင်ပို့.’ က ဆောင်းပါးသဘောပဲ။ သူ့လက်တွေ့ဘဝမှာ ကြုံရဆုံရတဲ့လူတွေရဲ့ ဇာတ်ကြောင်းကို ရေးထားတာ။ ‘ရေချမ်းအိုး’ ထဲက ဒေါက်တာလားဗုဒ္ဓဟူး ကို သူနဲ့လိုက်ပြီး ကိုယ့်မှာ ချစ်ကြောက်ရိုသေရတယ်။ ဖွေးကလေးကတော့ ဒေါက်တာလားကြာသပတေးမလုပ်ဖြစ်ပါဘူး။ ‘ဘယားအိတ်’ ထဲမှာတော့ ပိုက်ဆံရှိပြီး လူလည်ကျတတ်တဲ့ လူ့သဘောကို တစွန်းတစထည့်ရေးထားတယ်။

‘ကုမ္ဘဏ်ကြီး’ ထဲမှာ လှေ (အထူးသဖြင့် ပြိုင်လှေ) တွေအကြောင်းကို ခရေစေ့တွင်းကျကို ရေးထားတာ။ အခုတော့ လှေလှော်ပြိုင်ပွဲတွေမရှိတော့ပါဘူးရယ်။ ‘မျောက်သိုး’ ဖတ်တုန်းက ရီးဆန်ကြော်ကို သနားလည်းသနားရ၊ သူ့မျောက်ကိုလည်း ရိုက်ချင်တာ အူကိုယားလို့ရယ် 😄 ‘မဂေါက်စံ သရက်’ က ဖတ်ဖူးတယ်။

‘မဂေါက်စံသရက်ပင်’၊ ‘တိုက်နှဲ’၊ ‘ဂျီးဂေါင်မရဲ့ အရက်အိုး’ တွေက ဖတ်တုန်းကတော့ ရီစရာအခန်းလည်းပါပါ့။ ဒါပေမဲ့ ဇာတ်သိမ်းကျတော့ နင့်ခနဲ နေအောင် ခံစားပြီး ကျန်ခဲ့ရတယ်။

“ဝတ္ထုများကို ကျွန်မပြန်ဖတ်ဖြစ်သည့်အခါမှာတော့ စိတ်ကူးဖြင့် ဖွဲ့ယူသော ဝတ္ထုရှည်များမဟုတ်ဘဲ ကျွန်မနှင့် ပူးချည် ခွါချည်၊ ဝေးချည်နီးချည်၊ တိုင်ချည်ဖောက်ချည်ရှိကြသော ဘဝတွေထဲက ဇာတ်ရုပ်တွေကို ဖွဲ့မိတာများသလို ခံစားရသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မအဖို့ရာ ချစ်သော မနောနှင့် ရေးခဲ့သည်ချည်းပါလေလို့ တစ်ဖက်က ကျေနပ်မိတာလည်း အမှန်ပါ။ (အမှာစာ)”

#စည်းကုံးကြိုး #မဂ္ဂဇင်းဝတ္ထုရှည်များ #ခင်ခင်ထူး #readingwiththinn📚#20BOOKSBYBURMESEWOMEN #burmesebookreview
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.